PABX System TDA-100D တယ်လီဖုန်းမိတ်ဆက်
Panasonic System Asia Pacitic နှင့် TT Engineering Co.,Ltd တို့ ပူးပေါင်း၍ Panasonic အမှတ်တံဆိပ် PABX System TDA-100D ပစ္စည်းသစ် မိတ်ဆက်ပွဲကို ၂ဝ.၆.၂ဝ၁၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Chatrium Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ TT Engineering Co.,Ltd အနေဖြင့် Communication လုပ်ငန်းဖြစ်သော PABX System နှင့် အခြားသောလုံခြုံရေးစနစ် Security System များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယခုအခါ ဂျပန်နိုင်ငံ Panasonic ကုမ္ပဏီ၏ Authorized Sale Distributor အနေဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယခု မိတ်ဆက်သော TDA-100D သည် လိုင်းပေါင်း ၁၆ဝ ကျော်တပ်ဆင်အသုံးပြုနိုင်ကြောင်း။ KX-TDA 100D Cabined တွင် လိုင်းခွဲ ၂၄ လိုင်းပါ လိုင်းခွဲကတ်အသုံးပြုနိုင်ပြီး Message နှင့် Caller ID အဖြစ်ပါ အသုံးပြုနိုင်သည်။ အထူးသဖြင့် Power Supply Unit နှင့် Digital လိုင်း လေး လိုင်းပါ အသုံးပြုနိုင်သော ကြောင့် Digital လိုင်းကတ် သီးသန့်အသုံးပြု ရန်မလို သဖြင့် ကုန်ကျစရိတ်ကို သက်သာစေကြောင်း Hotel လုပ်ငန်းနှင့်သက်ဆိုင်သော Hotel System မျိုးစုံကို လည်း အသုံးပြုနိုင်ကြောင်း ထို့ကြောင့် KX-TDA 100D တယ်လီဖုန်း သည် ခေတ်မီသော နည်းစနစ် မျိုးစုံပါဝင်သဖြင့် Hotel လုပ်ငန်းရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံလုပ်ငန်း ရှင်များအတွက် အထူးသင့်လျော်သော ဆက်သွယ်ရေးသုံးပစ္စည်းဖြစ်ကြောင်းသိရသည်။
လူထက်