ပျဉ်းမနားမြို့ ရောင်ခြည်ဦးပရဟိတလုပ်ငန်းများအဖွဲ့မှ ကုသိုလ်ဖြစ် တိုင်းရင်းဆေးကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်
ပျဉ်းမနားမြို့ ဗဟိုမစိုးရိမ်ရပ်၊ ရွှေချီ ၄ လမ်းရှိ မစိုးရိမ်စာသင်တိုက်ဝင်း၌ ဖွင့်လှစ်လျက်ရှိသော ရောင်ခြည်ဦး ပရဟိတလုပ်ငန်း များ ဖော်ဆောင်ရေး ကွန်ရက်အဖွဲ့က ဇွန်လ ၁၇ ရက်နေ့ တနင်္ဂနွေနေ့၌ နေပြည်တော် လမ်းဝေးမြို့ အမှတ် ၂ ရပ်ကွက် ရှိ နှစ်ကျိပ်ရှစ်ဆူကျောင်းတိုက်တွင် ကုသိုလ်ဖြစ် (နယ်လှည့်)တိုင်းရင်းဆေးကုခန်းဖွင့်လှစ်၍ လူနာ ၅ဝ ကျော်ကို အခမဲ့ဆေးကုသ
ပေးခဲ့ကြောင်း၊ ¤င်းဆေးကုသရေးအဖွဲ့သည် ဆေးခန်းထိုင်ကုသခြင်း၊ နယ်လှည့် ကုသခြင်းများကိုပြုလုပ်ပြီး နှစ်လကျော်ကာလတွင် လူပေါင်း ၃ဝဝ ကျော်ကို ဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း အဖွဲ့၏ တာဝန်ခံ သမားတော် ဦးဝင်းဖေ ထံမှသိရသည်။ အဆိုပါအဖွဲ့သည် သုတရောင်ခြည် စာဖတ်ခန်းနှင့် မေတ္တာရောင်ခြည် အခမဲ့ဆေးခန်းကို ရုံးခန်းတည်ရှိရာ မစိုးရိမ်ဘုန်းတော်ကြီးကျောင်းတွင် တနင်္ဂနွေ၊ တနင်္လာနေ့များမှအပ နေ့စဉ် ဖွင့်လှစ်ထားရှိပြီး မေတ္တာရောင်ခြည်တိုင်းရင်းဆေးခန်းကို အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း နေပြည်တော် လယ်ဝေးမြို့ အမှတ် ၂ ရပ်ကွက်၊ နှစ်ကျိပ်ရှစ်ဆူ ကျောင်းတွင် ဆေးခန်း ဖွင့်လှစ်၍ ကုသိုလ်ပြုကုသလျက်ရှိရာ အလှူရှင်များ အနေနှင့် ဖုန်း-ဝ၆၇-၂၄၂၆ဝ၊ ဝ၉-၄၉၂၄၃၈၆၂ သို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင် ပါကြောင်း တာဝန်ခံဦးဇဗ္ဗူဟိန်းမှ ပြောကြားသည်။
ရောင်ခြည်ဦး ပရဟိတလုပ်ငန်းများ ဖော်ဆောင်ရေးကွန်ရက်အဖွဲ့ကို ၂ဝ၁၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ တွင် နိုင်ငံကျော် ဓမ္မကထိက ဘဒ္ဒန္တဇဝန (မေတ္တာ ရှင်-ရွှေပြည်သာ) ဆရာတော်က တရားပွဲကျင်းပ၍ သြဝါဒပေးဖွင့်လှစ်ခဲ့ပြီး အဆိုပါကွန်ရက်တွင် ပရဟိတလုပ်ငန်း ရောင်ခြည်အဖွဲ့ ၈ ဖွဲ့ ကွန်ရက်သဖွယ် ချိတ်ဆက်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
ရှင်းသန့်ထွန်း