အိန္ဒိယရိုဘူစတာ ကော်ဖီအမျိုးအစား ပို့ကုန်အမှာတွေတိုးလာ
အိန္ဒိယကော်ဖီ အထူးသဖြင့် ရိုဘူစတာကော်ဖီအမျိုးအစားက ပို့ကုန် အမှာတွေတိုးလာပြီး ဈေးနှုန်းကလည်း ၅ဝ ကီလိုတစ်အိတ်ကို ရူပီး ၁၅ဝ-၃၅ဝ ဒေါ်လာ ၂.၇၊ ၆.၅ အထိ ဈေးရကြောင်း လေလံဆွဲတဲ့ ကုန်သည် များထံမှသိရပါတယ်။ ၂၄၂၁၆၂ ကီလိုခန့်အမှာရှိပြီး ကီလိုခြောက်သောင်းခန့် ရောင်းချပြီးဖြစတယ်လို့လည်း သိရပါတယ်။ မေလမှာ ရိုဘူစတာကော်ဖီဈေး ထူးထူးခြားခြား စံချိန် တင်မြင့်တက်ပြီး အာရေဘီကာ ကော်ဖီဈေးနှုန်း ကျဆင်းခဲ့ တယ်လို့ နိုင်ငံတကာကော်ဖီအသင်း-ICO မှ သိရပါတယ်။ ၂ဝ၁၁-၂ဝ၁၂ သီးနှံနှစ်မှာ ပို့ကုန်တင်ပို့တဲ့နိုင်ငံတွေရဲ့ စုစုပေါင်းတင်ပို့မှုက အိတ်ပေါင်း ၁၃၁.၉ သန်းခန့်ရှိပြီး ၂ဝ၁ဝ-၂ဝ၁၁ မှာတော့ အိတ်ပေါင်း ၁၃၄.၂ သန်းခန့် ရှိပါတယ်။ ၂ဝ၁၂-၂ဝ၁၃ သီးနှံနှစ်မှာတော့ ဘရာဇီးရဲ့ ကော်ဖီထုတ်လုပ်မှု ကတော့ အိတ်ပေါင်း ၅ဝ.၄ သန်းခန့်ရှိနိုင်ပြီး ယခင်နှစ်ထက် ၁၆ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်းသိရပါတယ်။ ဒါ့အပြင် အခြားကော်ဖီတင်ပို့တဲ့ နိုင်ငံတွေ ကလည်း ကော်ဖီဈေးကောင်းတာကြောင့် ထုတ်လုပ်မှုမြင့်တက်နိုင်ကြောင်း ICOက ဆိုပါတယ်။ အိန္ဒိယရဲ့ ကော်ဖီတင်ပို့မှုကတော့ ရှစ်လအတွင်းမှာ တန်ချိန် ၂၃ဝ၈၈၃ ရှိပြီး ယခင်နှစ်ထက် ၃.၇ ရာခိုင်နှုန်းကျဆင်းသွားကြောင်း အိန္ဒိယကော်ဖီအသင်းရဲ့ စာရင်းများအရသိရပါတယ်။ ဒါပေမယ့် ထုတ်လုပ်မှု ကတော့ တန်ချိန် ၃၂ဝဝဝဝ တန်ရှိပြီး ယခင်နှစ်က တန်ချိန် ၃ဝ၂ဝဝဝ တန် ရှိကြောင်းသိရပါတယ်။
KN-M