လယ်ယာကဏ္ဍသုံး ပစ္စည်းများ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြု
လယ်ယာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူဖြစ်စေ ရန်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေးနှင့် လယ်ယာသုံးကိရိယာများ၊ လယ်ယာသုံးစက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းခြင်း အပေါ်တွင် လည်းကောင်း၊ ဓာတ်မြေသြဇာနှင့် လယ်ယာသုံး ကိရိယာများ၊ လယ်ယာသုံးပစ္စည်းများအား ပြည်တွင်း၌ထုတ်လုပ်ရောင်းချခြင်း အပေါ်တွင် ကျသင့်မည့် ကုန်သွယ်လုပ်ငန်းခွန်များကို ကင်းလွတ်ခွင့် ပြုလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ကန့်သတ်ကာလမှာ ၂ဝ၁၂ ခုနှစ်၊ ဇူလိုင် ၁ ရက်မှ ၂ဝ၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
KS