2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရေနံဈေးနှုန်းမငြိမ်တာ မက္ကဆီကိုမုန်တိုင်းများကြောင့်ဖြစ်

မက္ကဆီကိုပင်လယ်ကွေ့မှာ အပူပိုင်းမုန်တိုင်ီးနဘဘပ ကျရောက်နေလို့ ရေနံထုတ်လုပ်မှုကို ဆက်လက်ပိတ်ထားရဆဲဖြစ်တယ်လို့ သိရပါတယ်။
   အမေရိကန်နိုင်ငံ ရေနံထွက်ရှိမှု စုစုပေါင်းရဲ့ ၂၉ ရာခိုင်နှုန်းကို မက္ကဆီကို ပင်လယ်ကွေ့မှ ရရှိတာကြောင့် ရေနံစိမ်းဈေးနှုန်း အတက်အကျက မက္ကဆီကို ပင်လယ်ကွေ့ရဲ့ ရေနံထုတ်လုပ်မှုအပေါ်မှာလည်းမူတည်လေ့ရှိပါတယ်။ ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်း အတက်အကျကို လွှမ်းမိုးတဲ့အခြားအကြောင်းရင်းတစ်ရပ် ကတော့ တရုတ်နိုင်ငံစီးပွားရေးသတင်းအချက်အလက်တွေပဲဖြစ်ပါတယ်။
    အမေရိကန်ပြီးရင် ကမ္ဘာ့ရေနံစိမ်း သုံးစွဲမှုအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံက တိုးတက်မှုနှေးနေတဲ့ ၄င်းရဲ့စီးပွားရေးကို လှုံ့ဆော်နိုင်ဖွယ်ရှိတယ်လို့ ဇွန်လ ၂၅ ရက်နေ့ထုတ် China Securities Journal  မှာ ဖော်ပြထားပါတယ်။ တရုတ်ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေမှာထားရှိရမယ့် အရန်ငွေလိုအပ်ချက် ပမာဏကို မကြာမီကာလမှာ လျှော့ချပေးသွားနိုင်တဲ့အပြင် ဖြစ်နိုင်ခြေ ရှိတဲ့ ပြည်တွင်းငွေလုံးငွေရင်းပြတ်လတ်မှုမှ သက်သာစေဖို့ Reverse Repurchase Agreement  အစုရှယ်ယာလက်မှတ်များ၊ အာမခံများကိုဝယ်ယူထားပြီး သတ် မှတ်ထားတဲ့အချိန်တစ်ခုခုရောက်မှ ရောင်းချသူက ဝယ်သူဆီကနေ မူရင်းရောင်းခဲ့တဲ့ဈေး ထက်မြင့်တဲ့ဈေးနဲ့ ပြန်လည်ဝယ်ယူရခြင်းတွေကို ဇူလိုင်လမှာ အကောင် အထည်ဖော်သွားဖွယ်ရှိတယ်လို့ ၄င်းဂျာနယ် က ဖော်ပြထားပါတယ်။
    ဒါကြောင့် ဇွန်လ ၂၂ ရက်နေ့မှာ နယူးယောက်ရေနံစိမ်း WTI Oil  ကြိုပွိုင့်ဈေးနှုန်းများ ၂ ရာခိုင်နှုန်းအထိ မြင့်မားလာပြီး ဇွန် ၂၅ ရက်နေ့မှာ သြဂုတ်လအရောက်ပို့ရမယ့် ရေနံစိမ်းက တစ်စည်ကို ၉၂ ဆင့် မြင့်မားခဲ့တယ်။ ¤င်းနောက် စင်္ကာပူစံတော်ချိန် နေ့ခင်း ၁၂း၂၁ နာရီမှာ တစ်စည်ကို ၈ဝ.၂၂ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိပြီး သြဂုတ်လ ငွေချေရမယ့် ဘရန့်အမျိုး အစား ရေနံစိမ်းကလည်း ၃၇ ဆင့်(ဝ.၄ ရာခိုင်နှုန်း)မြင့်မားကာ တစ်စည်ကို ၉၁.၃၅ ဒေါ်လာနဲ့ လန်ဒန်အခြေစိုက် ICE မှာ အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

KN-M
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.