2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဟင်းသီးဟင်းရွက်ထက် ပဲပိုဆွဲမယ့်အိန္ဒိယဈေးကွက်

အိန္ဒိယပြည်တွင်း ပဲမျိုးစုံဈေး ကွက်အားလုံးနီးပါးမှာ ပဲမျိုးစုံဈေးနှုန်း တွေ မြင့်မားနေပါတယ်။ အိန္ဒိယ ပြည် တွင်း မိုးတွင်းကာလမှာ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်ရရှိနိုင်မှု နည်းပါးတဲ့အတွက် ပဲမျိုးစုံဝယ်လိုအား မြင့်မားလေ့ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် ဇွန်မှာကုန်ဆုံးမယ့် လက်ရှိသီးနှံနှစ် အတွင်း ပဲမျိုးစုံအထွက်နှုန်းကို ၁၇ဒသ မ ဝ၂သန်းသာရှိမယ် ခန့်မှန်းထားရာယ ခင်နှစ်ပဲမျိုးစုံထွက်နှုန်း ၁၈ ဒသမ ၄၂ သန်းနဲ့ယှဉ်ရင် ကျဆင်းလျက်ရှိပါတယ်။ လက်ရှိကာလမှာလည်း ပဲအဓိကစိုက်ပျိုး တဲ့ဒေသတွေမှာ မုတ်သုံအဝင်နောက်ကျ ပြီး ပဲစိုက်ပျိုးမှုကို နှောင့်နှေးစေခြင်းက လည်း ကုလားပဲအပါအဝင် ပဲမျိုးစုံအား လုံးကို ဈေးမြင့်မားစေပါတယ်။ ပြည် တွင်းပဲမျိုးစုံအထွက်ကျဆင်းကာ ပြည်ပ မှ ပဲတင်သွင်းမှုကိုအားကိုးရာမှာလည်း ရူပီတန်ဖိုး ပိုမိုကျဆင်းလာရင် ပဲဈေးမြင့် မားမှုကိုပိုမိုတွန်းအားပေးမှာဖြစ်ပါတယ်။ ၂ဝ၁၁-၂ဝ၁၂(ဧပြီလမှ မတ်လအထိ)ဘ ဏ္ဍာနှစ်အတွင်း ပဲလုံးတန်ချိန် ၂ဝ ဒသမ ၂၃သိန်း၊ ကုလားပဲတန်ချိန် ၂ ဒသမ ဝ၃သိန်း၊ မတ်ပဲတန်ချိန် ၄ ဒသမ ၃၂ သိန်းနဲ့ ပဲစင်းငုံတန်ချိန် ၄ ဒသမ ၂၆ သိန်း၊ ပဲနီလေးတန်ချိန် ၁ ဒသမ ၁၂ သိန်းတို့ကို တင်သွင်းခဲ့တယ်လို့ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထား ပါတယ်။

MKS
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.