2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပခုက္ကူဒေသ မြိုင်မြို့နယ်ထဲက မြို့သာနတ်ပွဲ ဖိတ်ခေါ်သံ

ရွှေညာသားတို့ မြို့သာနတ်ပွဲကတော့ လွှတ်စည်တဲ့နတ်ပွဲပေါ့ဗျာ။ ပခုက္ကူ နယုန်ပွဲတော်အပြီး မြို့သာနတ်ပွဲကိုကူး မြို့သာနတ်ပွဲအပြီး ပခုက္ကူကမ္မနယ် ဂေါတမဘုရားပွဲ နွှဲပျော်ဈေးရောင်း ဆယ်နှစ်ပွဲဈေးသည်တို့ ဟန်ကျလှသပေါ့ဗျာ။
    မြို့သာနတ်ပွဲက မြိုင်မြို့နယ်၊ မြို့တင်မြို့သာရွာအနီးမှာ ကျင်းပတာကလား၊ လဆန်း ၈ ရက်နေ့ကတော့ ကြိတ်ကြိတ်တိုးပေါ့ ဗျာ။ ဈေးပိတ်ရုံးပိတ်ကျောင်းပိတ်ဆိုရင် တိုးလို့တောင်မရတဲ့ပွဲပေါ့။
    ပခုက္ကူနဲ့ နတ်ပွဲအသွားအပြန်က ၂ဝဝဝ ရှိတယ်။ ကိုကြီးကျော်ပွဲလို ရေမဖြတ်ရဘူး။ တစ်နာရီသာသာနဲ့ ပွဲခင်းရောက်တယ်။ သွားလမ်းလာလမ်းလွယ်တယ်။ သည်နှစ် ဧရာဝတီတံတားကြီးကြောင့် ရေအရှေ့ဘက်က မြင်းခြံတောင်က ပုဂံ-ညောင်ဦး-ငါ့သရောက်နယ်က လူတွေပါလာကြသတဲ့ဗျာ။
    မြို့သာကိုးမြို့ရှင်က ဘီယာမကြိုက်၊ ဝီစကီမကြိုက်ဘူးတဲ့၊ သူ့အကြိုက် ပဒတ်သားနဲ့ မကျည်းရွက်ချက်ပေါ့ဗျာ။ ပဒတ်သား မရှိတဲ့နယ်ကျတော့ ထမင်းဖြူနဲ့မုန့်အဖြူအနီနဲ့ ဆက်သစေတဲ့ဗျာ။ မြို့ကလာတဲ့သူတွေကျပြန်တော့ ဆန်နို့ဆီဗူး တစ်ဗူး၊ ငွေငါး မတ်ပေါ့။ ခုခေတ်ကျတော့ ၁ဝ လှူလှူ၊ ၁ဝဝ လှူလှူ၊ ၁ဝဝဝ လှူလှူ ရတယ်ပေါ့ဗျာ။ ဆက်သရတယ်ပေါ့ ဗျာ။ ပခုက္ကူနဲ့ မိုင် ၂ဝ ဝေးတယ်။ မြိုင်နဲ့ ၆ မိုင်ဝေးတယ်။ ပခုက္ကူမြိုင်ကားလမ်းမအတိုင်းသွားရပြီး ကျောက်ဆောင် အလွန် ကျွဲပုတ်ရွာလမ်းခွဲအတိုင်း ၃ မိုင်ခန့်ဝင်ရတယ်။ ၁၅ မိနစ်နဲ့ ပွဲခင်းကျယ်ကျယ် လူအုပ်အုပ်ကိုတွေ့မြင်နိုင်ပြီပေါ့ ဗျာ။ နွားလှည်းတွေ၊ လှည်းတွေကလည်း ဘာများသလဲမမေးနဲ့ ဈေးရောင်းရင်းလိုအပ်တာဝယ်ရင်း နတ်ပွဲတက်ရင်း ရွာလုံးကျွတ်၊ နယ်လုံးကျွတ်လာကြတာ ကလား။ ဒေသ ထွက်ကုန်ကလည်း စစ်ချေးကလည်း ချိုဆိုတော့ကာ ပခုက္ကူ မြိုင်၊ ရေစကြိုက လူတွေ သူဌေးတွေလာကြ၊ ဝယ်ကြ နတ်ကပ်ကြ နဲ့ပေါ့ဗျာ။ နွားကျောင်းသား သနပ်ခါးက ပိုစစ်တယ်။ ပိုဈေးချိုတယ်။ သူတို့က ခြေလျငနဲ့ပွဲလာရင်း လမ်းမှာအလေ့ကျပေါက်နေတယ်။ သနပ်ခါးကိုခုတ်လာ ပွဲဈေးမှာရောင်းပြီး လိုအပ်တာဝယ်ပြန်ပါသတဲ့။ ဒါကို ဒေါက်တာသက်လွင်က နတ်ပွဲနွှဲပျော်ရင်း ရှင်းပြပါတယ်။ သနပ်ခါးသီးဆေးမြစ်၊ ဆေးဥ၊ လှည်းအိမ်၊ ဆောင်ဟန်း၊ လှည်းဘီး၊ ဆန်ကော၊ ဆန်ခါများ စသည် စသည့် ကျေးလက် သုံး တောင်သူသုံးပစ္စည်းတွေ ဒေသထွက်သီးနှံသစ်မြစ်ဥ သစ်ဥတွေလှိုင်လှိုင်ပေါတဲ့နတ်ပွဲမို့ တစ်ခေါက်တစ်ခါ အရောက်လာနောက် တစ်ခါ ဆက်ခါဆက်ခါလာချင်ကြမှာမို့ အထူးဖိတ်ခေါ်လိုက်ပါရဲ့ဗျာ။

ရွှေညာသား
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.