နေထိုင်မှုအသုံးအဆောင်ပစ္စည်းများနှင့် ကားပြပွဲကြီး မန္တလေးမြို့တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Smart Business Group မှ မန္တလေးမြို့၊ မြို့တော်ခန်းမကြီးတွင် ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၉ ရက်မှ ၁၂ ရက်နေ့အထိ နံနက် ၉ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။
ဤပြပွဲကြီးတွင် ပြည်ပမှ ကားတင်သွင်းခွင့်ရရှိသူများနှင့် ကား ကုမ္ပဏီများ၊ ကားထုတ်လုပ် ရောင်း ချသူများ၊ ကားအရောင်းပြခန်း များ၊ မော်တော်ဆိုင်ကယ်များ၊ လုပ်ငန်းသုံး ယာဉ်ယန္တရားကြီးများ၊ ကားနှင့်ဆိုင် ကယ် ဘက်ထရီနှင့် တာယာများ၊ ကားနှင့်ဆိုင်ကယ် အင်ဂျင်ဝိုင်နှင့် စက်ဆီ၊ ချောဆီများ၊ ကားနှင့်ဆိုင် ကယ် အလှဆင်ပစ္စည်းများ၊ ကား ကက်ဆက်၊ အော်ဒီယိုနှင့် ဆက်စပ်ပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ် အပိုပစ္စည်းများအား ပြပွဲဝင်းအတွင်းတွင်လည်းကောင်း၊ လူသုံးကုန်ပစ္စည်းများ အား ရန်ကုန်မြို့နှင့်မန္တလေးမြို့ကြီး များရှိ ပင်ရင်းကုမ္ပဏီကြီးများ၊ စက်ရုံကြီးများမှ အထူးလျှော့ဈေးများ၊ အပိုမေတ္တာ လက်ဆောင်များ၊ ကံစမ်းမဲများဖြင့် တိုက်ရိုက်ပြသရောင်းချသွားမည်ဖြစ်သည်။
မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများအား ရန်ကုန်မြို့ရှိ မော်တော်ယာဉ်တင်သွင်းရောင်းချသူများ၊ ကုမ္ပဏီကြီးများ နှင့် Car Showroom များမှ အထူးသက်သာသော နှုန်းထားများဖြင့် ရန်ကုန်ဈေးနှုန်းအတိုင်း တိုက်ရိုက်လာရောက်ပြသ ရောင်းချသွားကြ မည့်အပြင် အရစ်ကျငွေချေစနစ်ဖြင့်လည်းကောင်း၊ အင်တာနက်မှတိုက်ရိုက်လေလံဆွဲ ၍လည်းကောင်း၊ ရောင်းချသွားမည်ဖြစ်ပါ သည်။ မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများအား ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများမှ ကုမ္ပဏီကြီးများ၊ ဆိုင်ကယ် Showroom များမှ တိုက်ရိုက်လာရောက်ပြသရောင်းချကြမည်ဖြစ်သည်။
ဤပြပွဲကြီးတွင် ပြခန်းများပါဝင်ပြသလိုပါက ပြပွဲကျင်းပရေးကော်မတီ Smart Business Group Ph: 01-527583, 09-730 14777 နံပါတ်များသို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။
K.S