ချင်းပြည်နယ်မြောက်နှင့်တောင်ပိုင်းတိုက်ရိုက်ဆက်သွယ်မည့်မိုက်ကရိုဝေ့ဖ် ဆက်ကြောင်း အကောင်အထည်ဖော်မည်
ချင်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းအား တိုက်ရိုက်ဆက်သွယ်မည့် မိုက်ကရိုဝေ့ဖ်ဆက်ကြောင်းအား အကောင် အထည်ဖော် လုပ်ဆောင်သွားရန် အတွက်စီစဉ်ဆောင်ရွက်နေလျက်ရှိကြောင်း ပထမအကြိမ်အမျိုးသားလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာသိရသည်။
အဆိုပါစီမံကိန်းအား အိန္ဒိယနိုင်ငံမှ ချေးငွေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး စီမံကိန်းဧရိယာအဖြစ် ရိဒ်-သီရိဥတ္တမတောင်(ကနဒီ)၊ ဟားခါး၊ မတူပီ၊ မင်းတပ်မြို့များသို့ မိုက်ကရိုဝေ့ဖ်ဆက်ကြောင်းဖြင့် အကောင်အထည် ဖော်လုပ် ဆောင်ရန် စီစဉ်လျက်ရှိကြောင်း၊ စီမံကိန်းပြီးစီးသွားပါက ရေဇွာမြို့နယ်ခွဲအပါ အဝင် ဟားခါး၊ မတူပီ၊ မင်းတပ် ကားလမ်းတစ်လျှောက် မြို့နယ်များ၊ ကျေးရွာများ ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်းကပြောသည်။
ချင်းပြည်နယ် မတူပီမြို့နယ်အတွက် ပွိုင့် ၈၉၆၁ ပွိုင့် ၅ဝဝဝ မတူပီ-မတူပီ မိုက်ကရိုဝေ့ဖ်ဆက်ကြောင်း တည်ဆောက်ရန်အတွက် စီစဉ်လျက်ရှိပြီး ရေဇွာမြို့နယ်ခွဲတွင် VSAT Terminal ဖြင့် တယ်လီဖုန်းလိုင်း ၈ လိုင်းအား တိုးချဲ့ ချိတ်ဆက် ဆောင်ရွက်ပေး ခဲ့ပြီဖြစ်ကြောင်းသိရသည်။
ဇော်ခိုင်