Nippon Foundation (Japan) မှ အလှူငွေဒေါ်လာ ၁၈ သိန်းလှူဒါန်း
ရန်ကုန်မြို့ရှိ New World Therapeutic Training Centre သို့ Japan နိုင်ငံမှ Nippon Foundation မှ အလှူငွေ ဒေါ်လာ ၁၈ သိန်း လှူဒါန်းပွဲကို ၂၉.၇.၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ခန်းမဆောင်(အေ)တွင် ပေး အပ် လှူဒါန်းခဲ့ရာ New World Therapeutic Training Centre မှ ပါမောက္ခဦးသိန်းအောင်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါလှူဒါန်းမှုနှင့်ပတ်သက် ပြီး Nippon Foundation (Japan) မှ Chairman He.Mr.Yohei Sasakawa က ပြောကြား ရာတွင် ဂျပန်နိုင်ငံမှ ဆုံးပါးသွားပြီဖြစ်သော အမျိုးသမီးတစ်ဦးမှ အဆိုပါငွေများအား အရှေ့ တောင်အာရှနိုင်ငံများမှ ကလေးများ အတွက် လိုအပ်သောနေရာ ဖြည့် ဆည်းပေးနိုင်ရန်အတွက် Nippon Foundation သို့ လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း၊ အလှူငွေများ အား လှူဒါန်းသူရဲ့ အလှူဖြစ်မြောက်အောင် အရှေ့ တောင်အာရှအတွင်းရှိ ဘယ်နိုင်ငံ မှာဘယ်လို လိုအပ်ချက်တွေ ရှိနေလဲ ဆိုတာရှာဖွေပြီးပြန်လည်လှူဒါန်း ပေးခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ရှာဖွေ ရာတွင် ပါမောက္ခ ဦးသိန်းအောင် လှုပ် ရှားနေသော New World Therape-utic Training Centre တွင် လိုအပ် ချက်တွေရှိနေတာကို ကြားသိရလို့ လှူဒါန်းရခြင်းဖြစ်ကြောင်း၊ ပါမောက္ခ ဦးသိန်းအောင်၏ ဦးဆောင်မှုကို အခြေခံပြီး အဆိုပါစင်တာမှ ဆရာ၊ ဆရာမများ၊ ကလေးမိဘများအတူ ပူးပေါင်းပြီး ကလေးသူငယ်များ တိုးတက်မှုအတွက် ကြိုးစားပြီးလုပ်ဆောင်သွားကြမည်ဆိုတာသိရသည့်အတွက်လှူဒါန်းမှုအား အကျိုး သက်ရောက်မှု ရှိမည်ဆိုတာ ယုံကြည်ကြောင်း ပြောကြားသွားသည်။
လူထက်