ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူရာတွင်နိုင်ငံတကာစံချိန်စံညွှန်းအရ စီစစ်လက်ခံမည်
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်လုပ်ကိုင်ဆောင်ရွက်ရန် ပြည် တွင်းပြည်ပ လုပ်ငန်းရှင်များ ကို တင်ဒါဖိတ်ခေါ်လျက်ရှိရာ တင်ဒါတင်သွင်းလာသည့် လုပ်ငန်းပိုင်ရှင်များကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ အဖွဲ့သုံးဖွဲ့ဖြင့် စီစဉ်ရွေးချယ်မည် ဖြစ်ကြောင်းသိရသည်။ တင်ဒါဖိတ်ခေါ်မှုများကို ဇူလိုင်လ ၉ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်ပမှပါဝင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရန် အကြိုအရည်အချင်းဆန်း စစ်ခြင်းဖိတ်ခေါ်စာ များကို ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှတစ်ဆင့် အသိပေးအကြောင်းကြားခဲ့သည်။ အဆိုပါ ဟံသာ ဝတီအပြည်ပြည် ဆိုင်ရာလေဆိပ်ကြီး ကို နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ခေတ်မီ လေဆိပ်ကြီးအဖြစ်တည်ဆောက်သွားမည်ဖြစ်သဖြင့် ငွေကြေးတောင့် တင်းပြီး ကဏ္ဍပေါင်းစုံ ကျွမ်းကျင်ကာ အရည်အချင်း ပြည့်မီသည့် လေဆိပ် တည်ဆောက်ခြင်းလုပ်ငန်းဆိုင်ရာ အတွေ့အကြုံရှိသော တည်ဆောက်ရေးကန်ထရိုက်တာများကိုသာ နိုင်ငံတကာစံချိန်စံညွန်းများနှင့်အညီ စီစစ်ရွေးချယ် သွားမည်ဖြစ်သည်။ အဆိုပါလေ ဆိပ်တည်ဆောက်ရေးအတွက် တင်ဒါလျှောက် လွှာတင်သွင်းလိုသည့် ပြည်တွင်းပြည်ပလုပ်ငန်းကုမ္ပဏီတွေအနေနှင့် စက်တင် ဘာလ ၉ ရက်နေ့ နောက်ဆုံးထားကာ လေကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနသို့ တင်သွင်းကြရမည်ဖြစ်သည်။
ဒသမ