2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဖြူးမြို့နယ် အင်ပင်သာရွာအ၀င်က ကျက်သရေဆောင်ဇရပ်ကလေး

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ တောင်ဘက်ရှိ ဘူတာ ညောင်ပင်သာကျေးရွာမှ အရှေ့ဘက် ၅ မိုင် ၄ ဖာလုံခန့်ဝေးသော အင်ပင်သာကျေးရွာသို့ စာရေးသူနှင့်စာရေး ဖော်သူငယ်ချင်းများ အကြောင်းကိစ္စတစ်ခုဖြင့် ရောက်ရှိခဲ့ကြစဉ် ညက်ညောဖြောင့်ဖြူးနေသော ကျောက်ချော လမ်းမဘေးရှိ ရွာအဝင်ကြိုဆိုရေး ဆိုင်းဘုတ်နှင့် မလှမ်းမကမ်းတွင် ခရီးသွား၊ ခရီးလာ များ ဝင်ရောက်နားခိုနိုင်ရန် ဆောက်လုပ်ထားသော ဇရပ်တစ်ဆောင်ကို တွေ့ရသည် ကြောင့် ဝင်ရောက်နားခိုခဲ့ကြသည်။ ထိုသို့ နားခိုစဉ်မှာပင် စာရေးသူတို့ ဝင်ရောက်နားခို မိသော ဇရပ်လေးမှာ တခြားတခြား သော စာရေးသူတို့ မြင်ဖူး၊ တွေ့ဖူး၊ ကြုံဖူးသည့် ဇရပ်များ နှင့်မတူဘဲ တစ်မူ ထူးခြားနေသည်ကို သတိထား လေ့လာမိခဲ့လေသည်။

    ဤရွာအဝင် လမ်းမကြီးမှာ ညောင်ပင်သာကျေးရွာမှ ဖြူးမြို့နယ်၏ အရှေ့ဘက်အဆုံး စစ်တောင်းမြစ်ကမ်း ပါးရှိ ကညင်ဒိုင်းကျေးရွာအထိ ဆက် သွယ်ထားသော လမ်းဖြစ်သော်လည်း ကျောက်ချောလမ်းမအနေဖြင့် ညောင် ပင်သာကျေးရွာမှ အင်ပင်သာရွာထိပ် အထိသာ ပေါက်သေးသည်။ အရှေ့ ဘက်ကညင်ဒိုင်းကျေးရွာအထိမူ မြေ သား ဆက်သွယ်ရေးလမ်းမကြီးသာ ရှိသေးသည်ဟုဆိုသည်။ သို့ဖြစ်၍ စာရေးသူတို့နားခိုသော ဇရပ်မှာ အင်ပင်သာကျေးရွာ၏ အရှေ့ဘက် တွင်ရှိသော ကျေးရွာများမှ ခရီးသည် များ ညောင်ပင်သာရွာသို့လည်း ကောင်း၊ ညောင်ပင်သာရွာမှ ဆက်၍ ဖြူးမြို့သို့လည်းကောင်း သွားမည်ဆို လျှင် မလွဲမသွေကျော်ဖြတ်ရမည့် နေရာဖြစ်ပြီး ဇရပ်မှ ကားများကိုလာ စီးရမည်ဖြစ်သည်။ သို့ဖြစ်၍ ဤဇရပ် လေးမှာ ကားဂိတ်လည်းဖြစ် သလို ခရီးသွားလုပ်သားပြည်သူအများစု အတွက် နားခိုအပန်းဖြေရာ စခန်းလေး တစ်ခုလည်း ဖြစ်နေလေသည်။ ထို့ ထက်ပိုမို ထူးခြားနေသည့် အချက်မှာ ဇရပ်၏အတွင်းပိုင်းရှိ ပစ္စည်းများ၏ ဖွဲ့စည်းတည်ဆောက်ထားမှုအပိုင်း ပင်ဖြစ်သည်။
    ဇရပ်မှာ မြေခင်းအုတ်ကာ သွပ် မိုးဖြစ်ပြီး အတွင်းပိုင်းတွင် ခရီးသည် များ နားခိုအပန်းဖြေနိုင်ရန် အုတ်ထိုင် ခုံများပြုလုပ်ထားရှိပြီး အတွင်းနံရံ၏ တစ်ဖက်တွင် ရေအိုးစင်ထားရှိကာ ကျန်တစ်ဖက်တွင် ပြန်ကြားရေး သင်ပုန်းတစ်ခုကိုတွေ့ရသည်။ ကျော ဘက်အတွင်း နံရံ၌မူ နံရံကပ်ဘီရို သဖွယ် မှန်တံခါးဖြင့်ပြုလုပ်ထားသော စာအုပ်စင်အထပ်များပေါ်တွင် ဓမ္မ၊ သုတ၊ ရသဆိုင်ရာ စာအုပ်များနှင့် နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာ အပြင် အပတ်စဉ်ထုတ် ဂျာနယ်အချို့ စသည်တို့ကို တွေ့ရှိရလေသည်။
    စာရေးသူတို့ ထိုင်နေစဉ်အတွင်း မှာပင် ခရီးသည်အချို့ ဝင်ရောက်နား ခိုလာသည်ကိုတွေ့ရပြီး ခရီးသည်များ မှာ ဇရပ်ထဲရောက်သည်နှင့် ရှေးဦးစွာ သောက်ရေအိုးစင်မှရေကို အမောပြေ သောက်၊ နံရံကပ်စာကြည့်တိုက် လေးအတွင်းမှ ¤င်းတို့နှစ်သက်ရာ စာအုပ်လေးများကို ရွေးယူ၊ အုတ်ခုံ တွင်ထိုင်ကာ အပန်းဖြေစာဖတ်နေ ကြသည်ကို စိတ်ကြည်နူးချမ်းမြေ့ ဖွယ် တွေ့ရှိရလေသည်။ ဤကဲ့သို့ အများပြည်သူခရီးသွားများ ခရီးနား ရင်း ဗဟုသုတဖြစ်ဖွယ် စာအုပ်များ ဖတ်နိုင်ရန် စိတ်ကူးကောင်းဖြင့် ပုံဖော် ထားသည့် ဇရပ်အလှူရှင်ကို စုံစမ်း ကြည့်သောအခါ အလှူရှင်မှာ သာသနာ့ဝန်ထမ်းရဟန်း တစ်ပါးဖြစ် နေခြင်းကြောင့် မြတ်ဒါနရှင် ဆရာ တော် သီတင်းသုံးရာရွာထဲရှိ ရွှေကျင် နိကာရ သာသနာ့ရောင်ခြည် ဘုန်း တော်ကြီးသင်ပညာရေးကျောင်းသို့ ရောက်ရှိသွားခဲ့သည်။ ဆရာတော် ဘဒ္ဒန္တပညာသုခအား တွေ့ဆုံဖူးမြော်၍ ဤသို့ ရွာအဝင် တွင် ခရီးသွား၊ ခရီး နားများ အပန်းဖြေနားခိုရန် ဇရပ် လည်းဖြစ်၊ ဗဟုသုတရှာဖွေလိုသူတွေ အတွက် လူမျိုးမရွေး၊ ဘာသာမရွေး ဝင်ရောက်ဖတ်ရှုနိုင်ရန် သုတရတနာ စာကြည့်တိုက်လေးလည်းဖြစ်အောင် ဖန်တီးထားပုံလေး ကို မေးမြန်းလျှောက် ထားကြည့်ခဲ့သည်။ ဆရာ တော်၏ ပြောပြချက်များအရ ဇရပ် လေးကို ၂ဝ၁ဝ ခုနှစ်တွင် ဆရာ တော်၏ ကိုယ်ပိုင်ငွေကျပ် ၁၅ သိန်း မတည်ပြီးဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း။ ပထမတွင် ခရီးသွား ခရီးလာများ နားခိုနိုင်ရန် ကားဂိတ် ဇရပ်လေးအဖြစ်သာ ရည်ရွယ်ခဲ့သော်လည်း ဝင်ရောက်နားခိုသော ခရီး သည်များ အပန်းဖြေနားခိုရင်း တန်ဖိုးရှိသော အချိန်လေးတွင် ဗဟုသုတ ပညာတိုးပွားစေ လိုသောရည်ရွယ်ချက်ဖြင့် နံရံကပ်စာကြည့်တိုက်လေးအဖြစ် စိတ်ကူး ပုံဖော် ခဲ့ခြင်း ဖြစ်ကြောင်း၊ သောက်ရေ အိုးစင်မှာ အမောပြေရေသောက်နိုင်ရန်ဖြစ်ပြီး တစ်ဖက်တွင် ပြန်ကြားရေးသင်ပုန်းထားရှိခြင်းမှာ ဤလမ်းမတစ်ကြောရှိ ကျေးရွာများမှ သိသင့်သိထိုက်သော ဘာသာရေး၊ သာသနာရေးဆိုင်ရာကိစ္စ များရှိလျှင် အများသူငါ သိသာ၊ မြင်သာအောင် ရေး သားကြော်ငြာပေးရန်ဖြစ်ကြောင်း၊ နံရံကပ်စာကြည့် တိုက်ထဲတွင် ထားရှိသောစာအုပ်များ ကိုလည်း ဆရာတော်ကိုယ်တိုင် စုဆောင်းရှာဖွေထားပြီး ကိုယ်ပိုင်ငွေ ကြေးနှင့် ဝယ်ယူထား သောစာအုပ် များအပြင် ကုသိုလ်ရှင်တချို့ ပါဝင် လှူဒါန်းထားသော စာအုပ်များလည်း ပါရှိကြောင်း၊ နေ့စဉ်ထုတ်မြန်မာ့ အလင်းသတင်းစာကိုမူ ညောင်ပင်သာ ကျေးရွာမှ ရှေ့နေဦးသန်းဇော်က လစဉ် တာဝန်ယူလှူဒါန်းပေးနေကြောင်း၊ ဆရာတော်အနေဖြင့် အင်ပင်သာ ကျေးရွာအပြင် ဤဒေသတစ်ကြော လုံးမှ ပြည်သူများအားလုံး စာပေဗဟုသုတဖွံ့ဖြိုးစေလိုသောစေတနာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော်လည်း နောက်လိုက် အားနှင့် ငွေရေးကြေးရေးလုံလောက်မှုနည်းပါး နေသဖြင့် နံရံကပ်စာကြည့်တိုက်မှ သည် ကျေးရွာာကြည့်တိုက် တစ်လုံး ဖြစ်သည် အထိ ကြိုးစားရန် စိတ်ကူး ထားမှုမှာ အကောင်အထည်မပေါ် သေးကြောင်း၊ လက်ရှိအချိန်တွင် စာအုပ်အရေအတွက် ၂ဝဝ ခန့်ရှိပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ နေ့စဉ်သော့ဖွင့်ပေးထားပြီး ဖတ်ရှုလိုသူ များ စိတ်ကြိုက်ဖတ်နိုင်အောင် စီစဉ် ပေးထားကြောင်း၊ တချို့ရပ်ဝေး ကျေးရွာမှ စာဖတ်သူများဖတ်လိုသည့် စာအုပ်များကို အိမ်အထိယူသွားကြ သော်လည်း ဖတ်ပြီးလျှင် စနစ်တကျ လာရောက်ပြန်ထားပေးသည့်အတွက် စည်းကမ်းရှိမှုကို ကျေနပ်စရာဖြစ်ရ ကြောင်းလည်း သိရသည်။
    ဆရာတော်မှ စာပေဖွံ့ဖြိုးရေးနှင့် စာကြည့်တိုက်ဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးချဲ့ရန် ရည်ရွယ်ထားကြောင်း သိရပြီး ရန်ပုံငွေလို အပ်မှုရှိသဖြင့် သဒ္ဓါပေါက်ပြီး ဗဟုသုတဒါနပြုလို သူများ ဘဒ္ဒန္တပညာသုခ၊ သာသနာ့ ရောင်ခြည်ဘကကျောင်း၊ အင်ပင်သာ ရွာ၊ ဖုန်း-ဝ၉-၄၂၈၁၁ဝ၁၁၇ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရ သည်။ ရွာအဝင်ဇရပ်အထိ လိုက်ပါ ရှင်းပြသော ဆရာတော်အား ဦးချပြီး အပြန် စာရေးသူ၏စိတ်ထဲတွင် မြန်မာ ပြည်နေရာအနှံ့ အပြား ကျေးရွာများ တွင် ဤကဲ့သို့ စာကြည့်တိုက် ဇရပ် လေးများ ရှိလျှင် မည်မျှကောင်းလိုက် မည်နည်းဟု စိတ်ကူးယဉ်နေမိတော့ သည်။

ကျော်ဆွေဝင်း(ရွှေအင်း)
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.