ဆရာတော်ဥူးသုမင်္ဂလ
(ဒယ်အိုးဆရာတော်)ဓမ္မသဘင်
အင်းစိန် မိုဘိုင်းလ်ဆွမ်းလောင်းအသင်းကြီး ထာဝရဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲ၌ ကျင်းပမည်
ရန်ကုန်မြို့ အင်းစိန်မြို့နယ်လုံး ဆိုင်ရာ ပူးပေါင်းဆွမ်းလောင်းအသင်းကြီး (မိုဘိုင်းလ်) ရေရှည်တည်တံ့ရေးအတွက် ထာဝရဆွမ်း ပဒေသာပင် စိုက်ထူလှူဒါန်း ပွဲ ရေစက်ချ အနုမောဒနာ တရားပွဲကြီးကို အဆိုပါအသင်းကြီး တည်ရှိရာ အင်းစိန်မြို့ နယ် ရွာမ ပရိယတ္တိစာသင်တိုက်ကြီးတွင် ကျင်းပမည်ဖြစ်ရာ ဖေဖော်ဝါရီ ၂၁ ရက်၊ ကြာသပတေးနေ့နှင့် ၂၂ ရက် သော ကြာနေ့တို့တွင် ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာ တော်) က တရားဓမ္မများ ဟောကြားပြသမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွမ်းလောင်းအသင်းကြီးကို အင်းစိန်ရွာမ ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်တိလောကာဘိဝံသ၊ တွံတေး ဆရာတော် အရှင်ဣန္ဒက (ဗဟုဇနဟိတဓရ)၊ ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်) တို့က ဦးစီးတည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ဝါတွင်းဝါပ တစ်နှစ်ပတ်လုံး ၃၆၅ ရက် နေ့စဉ် အရုဏ်ဆွမ်းလောင်းလှူလျက်ရှိကြောင်း သိရပြီး ယခု စတင် သော ဆွမ်းပဒေသာပင် အလှူကို တွံတေးဆရာတော် အရှင်ဣန္ဒကက ကျပ်သိန်း ၃ဝဝ၊ အလှူရှင်များ လှူဒါန်းငွေများ ဖြင့် မတည် ထူထောင်ခြင်းဖြစ်ကြောင်း၊ စေတနာရှင်များသည် ထာဝရ ဆွမ်းပဒေသာပင် တစ်ပင်လျှင် ကျပ်တစ်သောင်းဖြင့် အောက် မင်္ဂလာဒုံ လမ်း (ပြည်တော်သာ) ရွာမအရှေ့ရပ်ကွက် အင်းစိန်မြို့နယ် ဖုန်း ဝ၉-၇၃၉ ဝ၁၁၇၅၊ ဝ၉- ၄၄၈ ၁ဝ၂ ၈၅ သို့ ဆက်သွယ်နိုင်ကြောင်း သိရ သည်။
M