19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်

အင်းလေးကန်မှ ဟဲယားကျေး ရွာ ရေပေါ်ဈေးမှာ ကုန်းမြေဈေး အဖြစ် တဖြည်းဖြည်းပြောင်းလဲလာ သဖြင့် အင်းလေးကန် အတွင်းရေပေါ် ဈေးသစ်တစ်ဈေးကို ၂ဝ၁၇ ခုနှစ် မေလတွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းသတင်း များအရ သိရသည်။

၂ဝဝဝ ပြည့်နှစ်မှ စတင်၍ အင်းလေးရေပေါ်ဈေးတစ်ခုဖြစ်သည့် ဟဲယာရွာမကျေးရွာရေပေါ်ဈေးမှာ ကုန်းမြေဈေးအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သဖြင့် အင်းလေး ကန်ရေပေါ်ဈေးသစ်တစ်ခုအစားထိုးကာ ပြည်ပဧည့်သည်များကို ဆွဲ ဆောင်နိုင်ရေး အတွက် စီမံဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရေပေါ်ဈေးသစ်ကို လက်ရှိ အင်းလေးကန်အတွင်းရေ ပေါ်၌ တည်ရှိနေသေးသည့် ကျေးရွာ ၂ဝ ရှိအနက်အဆိုပါ ကျေးရွာများ ထဲမှ ရေပေါ်အိမ်ခြေ ၇ဝ ရာခိုင်နှုန်း ရှိသေးသည့် အင်းပေါခုံရွာနှင့် ရေ ပေါ်အိမ်ခြေ ၈ဝ ရာခိုင်နှုန်းရှိနေ သေးသည့် နန်းပန်ပေါက်ပါး ရွာများ အား ရေပေါ်ဈေးသစ်အဖြစ် ဆောင် ရွက်ရန် ရွေးချယ်ထားပြီး လာရောက် လေ့လာလည်ပတ်ကြမည့် ပြည်တွင်း ပြည်ပခရီးသွားများအား ဒေသထွက် ချည်ထည်၊ ငွေထည် ပစ္စည်းများနှင့် ဒေသထွက်ကုန်များ ရောင်းချဆွဲ ဆောင်သွား မည်ဖြစ်ကြောင်း သိရ သည်။

အင်းလေးကန် ရေရှည်တည်တံ့ နေစေရေးအတွက် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများ၊ ရေဝေရေလဲ ဒေသများ ထိန်းသိမ်းစောင့်ရှောက် ရေးလုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ် ငန်းများ၊ ဒေသသစ်မျိုးစုံစိုက်ပျိုးရေး လုပ်ငန်းများ၊ ရေဦးရေဖျားဒေသရှိ ဒေသခံနေထိုင်သူများ၏ လူမှုစီးပွား ဘဝများ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ၊ ရန်ပုံငွေစနစ်တကျခွဲ ဝေသုံးစွဲရေးလုပ်ငန်းများနှင့် ပတ် သက်၍ ညှိနှိုင်းဆွေးနွေးမှုကို ၂ဝ၁၇ ခုနှစ် မတ်လ ၁၈ ရက်က ရှမ်းပြည် နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း မတွင် ကျင်းပပြုလုပ်ခဲ့သည်။

မတ်လ ၁၉ ရက်တွင် ပြည် ထောင်စုဝန်ကြီးသည် အင်းလေးကန် ထိမ်းသိမ်းရေး လုပ်ငန်းများဆောင် ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အ စည်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ အား ညောင်ရွှေမြို့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအ ဝေးခန်းမ၌ တွေ့ဆုံကာ အင်းလေး ကန် ရေရှည်တည်တံ့စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အင်း လေးဒေသမှ စွန့်ပစ်အမှိုက်များ ဖျက် ဆီးပစ်ရေးအတွက်  လိုအပ်သည့် စက်ကိရိယာများအား ဂျပန်နိုင်ငံမှမှာ ယူ တင်သွင်းရေးနှင့် မြေနေရာရရှိရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရ သည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.