22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
အိန္ဒိယ၊ မြန်မာနယ်စပ် ပန်ခွာတွင် နယ်စပ်ကုန်သွယ်ရေးစခန်းသစ်ဖွင့်လှစ်နိုင်ရန် မြန်မာဘက်မှ ကြိုးစားနေ

မြန်မာ-အိန္ဒိယနယ်စပ် ဝေးလံ ခေါင်သီသောဒေသများ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရန်၊ ဒေသဖွံ့ဖြိုးတိုးတက်စေရန် မြန်မာ အစိုးရမှ ကြိုးစားလျက်ရှိရာ နယ်စပ် ဖွံ့ဖြိုးရေးတွင် နယ်စပ် ကုန်သွယ်ရေး စခန်းများဖွင့်လှစ်ပေးခြင်းကလည်း အရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ် သည်နှင့်အညီ မြန်မာနိုင်ငံ ချင်း ပြည်နယ်နှင့် ထိပ်စပ်နေသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ပန်ခွာ ဒေသတွင် နယ်စပ် ကုန်သွယ်ရေး စခန်းသစ်တစ်ခုထပ်မံဖွင့်လှစ်နိုင်ရန် မြန်မာအစိုးရက အိန္ဒိယနိုင်ငံအစိုးရထံ တောင်းဆိုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိတစ်ဦးက ဇွန် ၆ ရက်က ပြောသည်။

''နေပြည်တော်မှာ ကျင်းပပြု လုပ်တဲ့ အိန္ဒိယမြန်မာနှစ်နိုင်ငံ ကုန် သွယ်ရေးပူးတွဲကော်မတီ အစည်းအ ဝေးမှာ နယ်စပ်ကုန်သွယ်ရေးတိုးမြှင့် ဆောင်ရွက်ဖို့အတွက် ချင်းပြည်နယ် ထန်တလန်မှာ နယ်စပ်ကုန်သွယ်ရေး စခန်းအသစ်ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယ နိုင်ငံ မီဇိုရမ်ပန်ခွာမှာ နယ်စပ်ကုန် သွယ်ရေးစခန်းအသစ်ဖွင့်လှစ်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်''ဟု ယင်းက ပြောသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ပန်ခွာတွင် နယ်စပ်ကုန်သွယ်ရေး စခန်းအသစ်တစ်ခု ထပ်မံဖွင့်လှစ်နိုင် ရေးမှာ ယခုဇွန်လအတွင်း အိန္ဒိယ နိုင်ငံ နယူးဒေလီတွင် ပြုလုပ်ကျင်းပ ရန် အစီအစဉ်ရှိသည့် ဆဋ္ဌမအကြိမ် နှစ်နိုင်ငံပူးတွဲကော်မတီအစည်းအဝေး တွင် ထည့်သွင်းဆွေးနွေးမည်ဖြစ် ကြောင်း  ယင်းက ပြောသည်။

 မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် ဈေးများတိုးတက်ဖွံ့ဖြိုးလာရန်မှာ နယ်စပ်ဈေးများအရောင်းအဝယ် ကောင်းမွန်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်နှင့် ဥပဒေစိုးမိုးရေး နယ်မြေအေးချမ်းသာယာရေးမှာ အဓိ ကကျကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး တမူးမြို့နယ်စပ်ကုန်သည်ကြီး များ အသင်းမှ ကုန်သည်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်း ပြည်နယ်တို့တွင် နယ်စပ်ကုန်သွယ် ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ရန် နေ ရာအများအပြား ရွေးချယ်ထားသော် လည်း ယခုလက်ရှိအခြေအနေတွင် စစ်ကိုင်းတိုင်းဒေသကြီးတမူးနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ချင်းပြည်နယ် ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှာ ကုန်စည်ပို့ဆောင်ရောင်းဝယ်ရေး အ ကောင်းဆုံး နယ်စပ်ဈေးများဖြစ် ကြောင်း ယင်းက ပြောသည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.