14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်

မြန်မာ-အိန္ဒိယနယ်စပ်ကုန် သွယ်ရေးတွင် အရောင်းအဝယ် အကောင်းမွန်ဆုံး နယ်စပ်ကုန်သွယ် ရောင်းဝယ်မှုရှိသော တမူးနယ်စပ်နှင့် ဆက်သွယ်သွားလာရေးတွင် အရေး ပါပြီး မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းဟု ခေါ်တွင်သည့် တမူး-ကလေး ကလေးဝလမ်းပေါ်ရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန် ဒေါ်လာသန်း ၆ဝ အကုန်အကျခံ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ကလေးခရိုင်အမျိုးသား လွှတ်တော် အမတ် ဦးကိုကိုနိုင်က ပြောသည်။

 မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီးခေါ် တမူး-ကလေး-ကလေးဝ ကားလမ်းသည် ဒုတိယ ကမ္ဘာစစ်ကာလက ဖောက်လုပ်ခဲ့ သည့် လမ်းဖြစ်ပြီး၊ ယင်းလမ်းမပေါ်ရှိ တံတားများမှာလည်း စစ်လက်ကျန် တံတားများဖြစ်သည်။ ယင်းလမ်းတံ တားများကို ၁၉၉၉-၂ဝဝဝ ပြည့်နှစ် ကာလများက မြန်မာ-အိန္ဒိယနှစ် နိုင်ငံ ချစ်ကြည်ရေး လမ်းမကြီးအ ဖြစ် အိန္ဒိယနိုင်ငံျြွှင်္ နယ်စပ် လမ်းတံတားဆောက်လုပ်ရေးအဖွဲ့မှ လမ်းတံတားတို့ကို အဆင့်မြှင့်တင်ပြု ပြင်တည်ဆောက်ပေးခဲ့သော်လည်း နှစ်သက်တမ်းကြာမြင့်လာသည်နှင့် အမျှ သဘာဝဘေးဒဏ်များကြောင့် တံတားပျက်စီးမှုများပြားလျက်ရှိ ကြောင်း သိရသည်။

''အိန္ဒိယနိုင်ငံအစိုးရက အိန္ဒိယ နိုင်ငံဘက်က ကုမ္ပဏီတွေကို တင်ဒါ ခေါ်ရာမှာ ကုမ္ပဏီ သုံးခုတင်ဒါ အောင်ပါတယ်။ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်ကနေစတင်ပြီး တံတားတွေကို အဆင့်မြှင့်တင်ပြုပြင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရပေါင်းပြီး ဆောင်ရွက် မှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာသန်း ၆ဝ ကို အခမဲ့ ကူညီပေးတာဖြစ်ပါတယ်''ဟု ဦးကိုကိုနိုင်က ပြောသည်။

တမူး-ကလေး-ကလေးဝလမ်းမှာ  မိုင် ၁ဝဝ ကျော်ရှိပြီး အလျားပေ ၃ဝဝ ကျော်သည့် တံတားကြီး ၁ဝ စင်းရှိရာ ယင်းတံတားများမှာ ရှေး ဟောင်း ဘေလီတံတားများဖြစ်သည့် ပြင် အချို့တံတားများမှာ အခင်းသံ ပြားနှင့် သစ်သားပြားများ ပေါင်းစပ် ဆောက်လုပ်ထားသည့် တံတားများ ဖြစ်နေသည့်အတွက် နေ့စဉ်  ကလေး-ကလေးဝ-တမူးသွားလာကြ ရသည့် ခရီးသည်တင်ကား၊ ကုန်တင် ကားများမှာ မလိုလားအပ်သည့် အန္တရာယ်များ ကြုံတွေ့ရမည်ကို စိုးရိမ်နေကြရကြောင်း ကလေးဒေသ ခံ ဦးကျော်တင့်က ပြောသည်။

''ပွင့်လင်းရာသီ၊ နယ်စပ်ကုန် စည်ရောင်းဝယ်ရေးကောင်းမွန်ချိန်မှာ တံတားတွေက မကောင်းတော့ တံတားအောက်ကွင်းလမ်းကနေ သွား လာရတာမျိုးရှိနေသလို ခနော်ခနဲ့ တံတားပေါ်ကနေပြီး ဘုရားတဖြတ် နေရတာမျိုးလည်း ရှိတယ်။ ကလေး တမူးလမ်းမှာ မကြာခဏ တံတားကျိုး ကျတာမျိုးတွေ့ရှိနေပြီး အခုလတ်တ လောမှာတော့ ၁၃ တန်အောက်  ကားတွေပဲ တံတားပေါ်ဖြတ်ခွင့်ပေး ထားတာဖြစ်ပါတယ်''ဟု  တမူးမြို့မြို့ မိမြို့ဖတစ်ဦးက ပြောသည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.