ဝေဇယန္တာ ရှော့ပင်းစင်တာ ဈေးပွဲတော်
ဝေဇယန္တာ ရှော့ပင်းစင်တာ၏ အလှကုန်ပစ္စည်း ပြပွဲတော်ကို သင်္ဃန်းကျွန်း မြို့နယ်တွင် ဇူလိုင်လ ၂၄ ရက်မှ ၂၉ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။
ယင်းဈေးပွဲတော်တွင် ဆံပင်အလှပြင်ပစ္စည်းများ၊ မျက်နှာလိမ်းခြယ်သည့် မိတ်ကပ်အလှပြင်ပစ္စည်းများ၊ အရေပြား လိမ်းခြယ်အလှပြင်သည့် ပစ္စည်းများ ဖန်စီအလှပြင် ပစ္စည်းမျိုးစုံနှင့် ဖိနပ်များ၊ အိတ်များ စသည်ဖြင့် ပြည်တွင်း ပြည်ပထုတ် အလှကုန်ပစ္စည်းများကို ရောင်းချပေးမည်ဟု ဆိုသည်။ ထို့အတူ အဆိုပါ စင်တာတွင် အလှဖန်တီးရှင်များ၏ Beauty Fair ပြိုင်ပွဲကို သြဂုတ် လ ၁ ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ရာ Model Show ပြိုင်ပွဲနှင့်အတူ Beauty Fair ပြိုင်ပွဲကိုလည်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း အဆိုပါစင်တာမှ တာဝန် ရှိသူတစ်ဦးက သတင်းပေးပြောကြားသည်။
ခင်မျိုးသွယ်