2014-9-18
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အာဆီယံ ကာတွန်းရုပ်ရှင်ပြိုင်ပွဲ မြန်မာက ပ၊ ဒု၊ တ သုံးဆုစလုံး ဆွတ်ခူး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 881
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးကွက်သတင်း

ဆန်

          ကမ္ဘာ့ဆန်တင်ပို့တဲ့ ဈေးကွက်မှာ ထိုင်းနိုင်ငံရဲ့ ပြိုင်ဘက်တွေဟာ ဗီယက် နမ်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတွေ ဖြစ်ကြပေမယ့် ဗီယက်နမ်နိုင်ငံသာ ထိုင်းရဲ့ အကြီးမားဆုံး ပြိုင်ဘက်အဖြစ်ရှိနေတယ်လို့ ထိုင်းဆန်တင်ပို့သူများအသင်း ဥက္ကဋ္ဌက ပြောကြားပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ရည်မှန်းချက်က ထိုင်းနိုင်ငံ ကို ကျော်လွန်ပြီး ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့တဲ့ နိုင်ငံဖြစ်လာဖို့ပဲဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။ ထိုင်းနိုင်ငံရဲ့ ဆန်စပါး အပေါင်ခံ စီမံကိန်း ကြောင့် လာမယ့် ငါးနှစ်အတွင်း ဗီယက်နမ်နိုင်ငံဟာ ထိုင်းနိုင်ငံကို ကျော်ဖြတ်ပြီး ဆန်တင်ပို့သူတွေကို ဦးဆောင်လာဖို့ရှိပါတယ်။ ဒါပေမယ့် အခုအခါ ဆန်တင်သွင်းသူတွေဟာ ဈေးသက်သာတဲ့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတို့က ဆန်တွေကို ပြောင်းလဲဝယ်ယူလာတာကြောင့် ယခုနှစ် ပထမ ၄၅ ရက်အတွင်း ဗီယက်နမ်နိုင်ငံက ဆန်တန်ချိန် ၁.၅ သန်း သာ တင်ပို့ဖို့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ် အလားတူ ကာလကထက် ၂၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ဗီယက် နမ်ရဲ့ဈေးအချိုဆုံး ဆန်တစ်တန်ရဲ့ ဈေးဟာ ဒေါ်လာ ၃၉ဝ အထိ ရှိနေ တဲ့အတွက် တစ်တန်ကို ဒေါ်လာ ၃၈ဝ နဲ့ ရောင်းနေတဲ့ အိန္ဒိယနဲ့ ပါကစ္စ တန်ဆန်တွေကို ပြောင်းလဲဝယ်ယူလာကြတာတွေ့ရပါတယ်။

          မတ်လ ပထမပတ်အတွင်း အာရှဆန်တင်ပို့တဲ့ နိုင်ငံတွေမှာ  ဖြစ်ပေါ်ခဲ့ တဲ့ ဆန်ဈေးနှုန်းအခြေအနေကို ဇယား-၁ အတိုင်းတွေ့ ရှိရပါတယ်။

ဇယား-၁        ဈေးနှုန်း-USD.PMT

 

 

ဆန်အမျိုးအစား

၁-၃-၂ဝ၁၂ (ယခု)

၂၃-၂-၂ဝ၁၂ (ယခင်)

ထိုင်းဆန်ဖြူ ၁ဝဝ%

၅၄၀

၅၃၅

ထိုင်းဆန်ဖြူ ၁၅%

၅၂၀

၅၁၀

ထိုင်းဆန်ဖြူ ၂၅%

၅၁၅

၅၀၅

ဗီယက်နမ်ဆန်ဖြူ ၁၅%

၄၀၀

၄၁၀

ဗီယက်နမ်ဆန်ဖြူ ၂၅%

၃၈၅

၄၀၀

ပါကစ္စတန်ဆန်ဖြူ ၂၅%

၃၉၀

၃၈၀

အိန္ဒိယဆန်ဖြူ ၂၅%

၃၈၀

၃၉၀

 

 

အိန္ဒိယဈေးကွက် ပဲမျိုးစုံဈေးနှုန်း

          ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း အိန္ဒိယမတ်ပဲ ဈေးကွက်မှာ ဈေးနှုန်းဆက်လက် လျော့ကျလာတာကို တွေ့ရပါတယ်။ မွမ်ဘိုင်းဈေး ကွက်မှာ ဖေဖော်ဝါရီလ တတိယပတ်အတွင်း တစ်တန်ကို ဒေါ်လာ ၆၃၇ ရှိခဲ့ရာမှ နောက်ဆုံးပတ်မှာ ၆၃၅ ဒေါ်လာကို ကျဆင်းလာပါတယ်။ ဈေးကွက် မှာ မတ်ပဲ လေက်ကျန်တွေ များနေသေးတဲ့အပြင် ပဲသစ်ဝင်ရောက်တာ များပြားေ နလို့ အဝယ်ထိုင်းပြီး ဈေးကျနေပါတယ်။ တင်သွင်းတဲ့မတ်ပဲ ကို ဈေးလျှော့ကမ်းလှမ်းနေတာကြောင့် အပြင် မြန်မာနိုင်ငံက မတ်ပဲ သစ်တွေ ဝင်ရောက်လာတော့မှာဖြစ်တဲ့အတွက် လာမယ့် အပတ်တွေမှာ ဈေးဆက် လက်ကျဆင်းလာဖွယ်ရှိပါတယ်။ ပဲစင်းငုံ လဲ ဝယ်လိုအားနည်းပြီး ရောင်းလို အား များနေတာကြောင့် ဈေးအနည်းငယ်ကျဆင်းလာခဲ့ပါတယ်။ ဒါပေမယ့် ပဲစင်းငုံ ထွက်ရှိမှုက ကျဆင်းနေလို့ မြန်မာနိုင်ငံနဲ့ အာဖရိကနိုင်ငံတွေက ပဲစင်းငုံတွေ တင်သွင်းနေရပါတယ်။ ဒါကြောင့် လာမယ့် သီတင်းပတ်တွေမှာ တော့ ပဲစင်းငုံဈေး တည်ငြိမ်လာနိုင်ပါတယ်။

ကြက်သွန်နီဈေးနှုန်း

          ပြည်တွင်းကြက်သွန်နီဈေးနှုန်းကျဆင်းနေတာကို ရပ်တန့်သွားစေဖို့နဲ့ ပြည်ပတင်ပို့တာ မြင့်မားလာစေဖို့ ရည်ရွယ်ပြီး အိန္ဒိယအစိုးရဟာ ကြက် သွန်နီပို့ကုန် အနိမ့်ဆုံးဈေးကို အရင်က ဒေါ်လာ ၁၅ဝ သတ်မှတ်ထားခဲ့ ရာက ယခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစပြီး ၁၂၅ ဒေါ်လာကို ထပ်မံ လျှော့ချသတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အိန္ဒိယ ပြည်တွင်း ကြက်သွန်နီ လက်ကားဈေးနှုန်းဟာ တစ်ကွမ်တယ်ကို ၂၉၅-၄ဝဝ ရူးပီး ဈေးနှုန်းကနေ ရူးပီး ၃၄ဝ- ၄ဝဝ နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

မောင်သုံးသပ်

Ref: Riceonline.commodityonline.

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.