2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးကွက်သတင်း

ဆန်

ဗီယက်နမ်ဆန်ဈေးနှုန်း တဖြည်းဖြည်းကျဆင်းလာရာ လက်ရှိ ဗီယက် နမ်ဆန်ဖြူ ၅ ရာခိုင်နှုန်းရဲ့ဈေးနှုန်းဟာ အမျိုးအစားတူ အိန္ဒိယဆန်ထက် တစ်တန်ကို ၃၅ ဒေါ်လာအထိ လျော့နည်းလာတာ တွေ့ရပါတယ်။ ဆန်ဖြူ ၂.၅ ရာခိုင်နှုန်းဈေးမှာတော့ အိန္ဒိယနဲ့ ဗီယက်နမ်တို့ တူညီသွားပြီဖြစ် ပါတယ်။ ယခုအခါ တစ်တန်ကို ဒေါ်လာ ၃၈ဝ စီနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ မဲခေါင်မြစ်ဝှမ်းမှာ ဆောင်း၊ နွေဦးစပါး အထွက်နှုန်းတိုးပေမယ့် ပြည်ပက ဆန်ဝယ်လိုအား လျော့နည်းနေတာကြောင့် ဈေးနှုန်းတွေ ဆက်တိုက် ကျဆင်းစေတယ်လို့ သိရပါတယ်။ အဓိကပြည်တွင်းမှာ ဆန်ဖြူ ၂၅ ရာခိုင်နှုန်း အမျိုးအစားကို အများအပြား စိုက်ပျိုးထားတဲ့အချိန်မှာ ပြည်ပဆန်ဝယ်သူတွေ က အရည်အသွေးနိမ့်ဆန်တွေကို အဝယ်လျော့ချလာနေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဗီယက်နမ်အစိုးရဟာ ပြည်ပကို ဆန်တင်ရောင်းချ နေတဲ့ ကုန်သည်တွေကို ကြိတ်ခွဲပြီး ဆန်တန်ချိန် တစ်သန်းကို သုံးလကြာ ဝယ်ယူသိုလှောင်ထားကာ ဆန်ဈေးကျဆင်းမှုကို ထိန်းသိမ်းသွားဖို့ ညွှန်ကြား ထားတယ်လို့ သိရပါတယ်။

မတ်လ ဒုတိယပတ်အတွင်း အာရှဆန်တင်ပို့တဲ့ နိုင်ငံတွေမှာဖြစ်ပေါ်နေ တဲ့ FOB ဆန်ဈေးနှုန်းတွေရဲ့ အခြေအနေကို ဇယား-၁ အတိုင်း တွေ့ရှိရ ပါတယ်။

ဇယား-၁ ဈေးနှုန်း-USD.PMT

ဆန်အမျိုးအစား

၁၄-၃-၂ဝ၁၂ (ယခု)

၇-၃-၂ဝ၁၂ (ယခင်)

ထိုင်းဆန်ဖြူ ၁ဝဝ%

၅၄၅

၅၄၅

ထိုင်းဆန်ဖြူ ၅%

၅၃၀

၅၃၀

ထိုင်းဆန်ဖြူ ၁၅%

၅၂၅

၅၂၅

ထိုင်းဆန်ဖြူ ၂၅%

၅၂၀

၅၂၀

ဗီယက်နမ်ဆန်ဖြူ ၁၅%

၃၉၀

၃၉၀

ဗီယက်နမ်ဆန်ဖြူ ၂၅%

၃၈၀

၃၈၀

ပါကစ္စတန်ဆန်ဖြူ ၂၅%

၄၀၀

၄၀၀

အိန္ဒိယဆန်ဖြူ ၂၅%

၃၈၀

၃၈၀

အိန္ဒိယဈေးကွက် ပဲဈေးနှုန်း

အိန္ဒိယပြည်တွင်း လက်ကားဈေးကွက်မှာ မတ် ပဲဈေးတည် ငြိမ်နေ ပါတယ်။ မွမ်ဘိုင်းဈေးကွက်ကို မတ်ပဲဝင်ရောက်မှု အနည်းငယ်လျော့ကျ ခဲ့လို့ တင်သွင်းမတ်ပဲဈေးအနည်းငယ်တိုးလာပါတယ်။ မတ်ပဲခွဲခြမ်းကို ဝယ်လို အားပါးနေပေမယ့် ဈေးနှုန်းတည်ငြိမ်နေပြီး မတ်ပဲ SQ ကတော့ ဝယ်လိုအား တက်နေပါတယ်။ ယခု မတ်လ ဒုတိယပတ်အတွင်း အိန္ဒိယဈေးကွက် တွေမှာ ပဲစင်းငုံဈေးမြင့်လာတာတွေ့ရပါတယ် ။ ဒေသတွင်း ပဲစင်းငုံ အဝင်နည်းလာပြီး မဟာရပ်ရှတရာ ပဲစင်းငုံကို ဝယ်လိုအားတက်လာတဲ့ အတွက် ဈေးတက်လာခြင်းဖြစ်ပါတယ်။

နနွင်းဈေးကွက်

အိန္ဒိယဈေးကွက်အချို့ကို နနွင်းဝင်ရောက်မှု ပိုမိုများပြားလာတဲ့အတွက် နနွင်းဈေးကျဆင်းလာပေမယ့် အရည်အသွေးကောင်း နနွင်းတွေကတော့ ဈေးပိုရတယ်လို့ သိရပါတယ်။ နနွင်းသစ်တွေရဲ့ အရည်အသွေးကောင်း မွန်လို့ ဝယ်လက်တွေက ဈေးပိုပေးဝယ်နေကြပါတယ်။ အီရော့နနွင်းကုန်သည် တွေအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန်ရဲ့ဈေးနှုန်းဟာ ရူပီး ၂၄၉၉ဝ-၃၈ဝဝဝ (အမေရိကန်ဒေါ်လာ ၄၉၇-၇၅၆) ရှိပြီး နနွင်းဥဈေးက ရူပီး ၂၄၈ဝဝ-၃၁၆၆ဝ (ဒေါ်လာ ၄၉၃-၆၃ဝ) ရှိကြောင်း သိရပါတယ်။

တရုတ်ပဲပုပ်တင်သွင်းမှု

ကမ္ဘာမှာ ပဲပုပ်စေ့အများဆုံး ဝယ်ယူတင်သွင်းနေတဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားဟာ မြင့်တက်နေတာကြောင့် ယခုနှစ်မှာ စံချိန်သစ်တင်တဲ့အထိ ၇.၇ ရာခိုင်နှုန်းမြင့်တက်နိုင်တယ်လို့ သိရပါတယ်။ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်မှာ ကုန်ဆုံးမယ့် ယခုနှစ်အတွက် ပဲပုပ်စေ့တင်သွင်းမှုဟာ လွန်ခဲ့တဲ့ နှစ်အတွင်း တင်သွင်းခဲ့တဲ့တန်ချိန် ၅၂ သန်းထက်ကျော်လွန်ပြီး၊ တန်ချိန် ၅၆ သန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးကွက်သတင်း မောင်သုံးသပ် Ref:Riceonline.commodityonline.

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.