နယ်စပ်ပို့ကုန်
မြန်မာနှစ်သစ်ကူး အကြိုကာလအတွင်း နယ်စပ်ကနေ ဆန်တန်ချိန် ၅၈၆ဝ တင်ပို့ခဲ့ပြီး နှစ်ကူးလွန်ကာလ ဧပြီလ ၁၈ ရက်နေ့မှ ၂၄ ရက်အတွင်း ဆန်တန်ချိန် ၆ဝဝဝ ကျော်တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ် လွယ်ဂျယ်နဲ့ ကန်ပိုက်တီးနယ်စပ်တွေကနေ ဖရဲသီး ၁၇၅၉၃ တန်တင်ပို့ ခဲ့ပါတယ်။ ယခုရက်ပိုင်းအတွင်း မူဆယ်ကို ဖရဲသီးကား တစ်နေ့ကို အစီး ၁ဝဝ ဝန်းကျင်အဝင်ရှိနေပါတယ်။ ဧပြီလ ၁၈ ရက်နေ့မှ ၂၄ ရက် အတွင်း မူဆယ် ၁ဝ၅ မိုင်ကနေ စိန်တစ်လုံးသရက် ၈၃၆ တန် တင်ပို့ခဲ့ ပါတယ်။ စိန်တစ်လုံး ဂျပ်ဖာတစ်လုံးကို ယွမ်ငွေ ၁၈ဝ ဈေးပေါက်လာပြီး ရင်ခွဲသရက်ဂျပ်ဖာတစ်လုံးကို ယွမ် ၃ဝ မှ ၃၆ ခန့်သာဈေးရတယ်လို့ သိရပါတယ်။
မောင်သုံးသပ်