ပဲမျိုးစုံပို့ကုန်ဈေးနှုန်း
ဘုရင့်နောင့်ဈေးကွက်မှာ သင်္ကြန်အပြီး မတ်ပဲ (RC) ကို အိတ်စပို့ ဝယ်လက်တွေ ပြန်ဝယ်အားကောင်းလာတာကြောင့် လွန်ခဲ့တဲ့ သီတင်းပတ် တွေထက် ဈေးမြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံးကျပ် ၄ဝ၁ဝဝဝ ကနေ အမြင့်ဆုံး ၄ဝ၉ဝဝဝ ကျပ် အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ပဲစင်းငုံ အနီ (RC) ကို သင်္ကြန်အပြီး အိတ်စပို့ဝယ်လက်တွေ ဆွဲလာတဲ့အတွက် ဈေးတက် လာပါတယ်။ တစ်တန်ကို အနိမ့်ဆုံး ကျပ် ၄၂၅ဝဝဝ ကနေ အမြင့်ဆုံး ကျပ် ၄၃၉ဝဝဝ အထိ အရောင်းအဝယ်ဖြစ်နေပါတယ်။
မောင်သုံးသပ်