မန်ကျည်း ပို့ကုန်
ဧပြီလ ၁ ရက်ကနေ ၇ ရက်အတွင်း ပင်လယ်ရေကြောင်းကနေ မန်ကျည်းသီးတန်ချိန် ၂ဝ၆၂ တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အင်ဒိုနီးရှားကို ၂၇၂ တန်၊ မလေးရှားကို ၅၃၃ တန်၊ ပါကစ္စတန် ကို ၈၄၈ တန်၊ စင်ကာပူကို ၄ဝ၉ တန် တင်ပို့ခဲ့ပါတယ်။ FOB ဈေး မန်ကျည်း တစ်တန်ကို ပျမ်းမျှအမေရိကန် ဒေါ်လာ ၄၅ဝ နဲ့တင်ပို့ခဲ့ပါတယ်။ ဧပြီလ ၁၈ ရက်နေ့ကနေ ၂၄ ရက်အထိ မူဆယ်နယ်စပ်ကနေ မန်ကျည်း မှည့်(အစေ့ပါ) ၂၆၈ တန်၊ စစ်တွေနယ်စပ်က ၁၄ တန် တင်ပို့ခဲ့ပါတယ်။
မောင်သုံးသပ်