ရခိုင်ဒေသတွင်း မြစ်ကမ်းပါးများပြိုမှုအား ထိရောက်သော ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လို
ရခိုင်ပြည်နယ်အတွင်း အဓိက မြစ်ကြီးလေးစင်းဖြတ်သန်းစီးဆင်းရာ တစ်ဘက်တစ်ချက်၌ မိုးရာသီမြစ်ကမ်းပါးပြိုပြတ်ကျမှုများအား ထိရောက် သော ရေကာတာများဖြင့် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ကာကွယ်ရန် လိုအပ်လာကြောင်းသိရသည်။ မိုးရာသီမြစ် ကမ်းပါးပြိုမှုဖြစ်စဉ်များကြောင့် နှစ်စဉ်နှစ်တိုင်း လယ်ယာမြေလုပ်စားကွက်များနှင့်ကျေးရွာလူနေအိမ်ခြေများ ဆုံးရှုံးပျက်စီးမှုများ ရှိလာကြောင်းသိရသည်။ ကမ်းပြိုမှုအဆိုးရွားဆုံးဖြစ်သော မင်းပြားမြို့နှင့် ပန်းမြောင်းချောင်း မြောင်းဘွေမြစ်ကြော တစ်လျှောက်တွင် ဒေသခံများစုပေါင်းပြီး ငွေကြေးအင်အားနှင့် လုပ်သားများအင်အားသုံးကာ တတ်စွမ်းသမျှ ကာကွယ်မှု များပြုလုပ်ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှုမရှိ ကြောင်းသိရသည်။ ''ရခိုင်ဒေသမှာ အဆိုးရွားဆုံးကမ်းပြိုမှုက မင်းပြားမြို့ ရယ်၊ နောက်ပြီး ပန်းမြောင်း၊ မြောင်းဘွေနဲ့ ပြုံးမချောင်းဒေသတွေပါ။ နှစ်စဉ် အလီလီ ကမ်းပြိုလို့ လယ်ယာမြေ ဧကများ ရေထဲကျရောက်ဆုံး ရှုံးခံရသလို ကျေးရွာလူနေအိမ်ခြေတွေလဲ နှစ်စဉ်ရွှေ့ပြောင်းနေထိုင်ရမှုများ လာပါတယ်။ ဒီလို သဘာဝဖြစ်စဉ်ကြောင့် လယ်ယာမြေဧကများ၊ ကျေး ရွာအိမ်ခြေများ ဆက်လက်ဆုံးရှုံးမှုများ မဖြစ်ပေါ်ရအောင်ထိရောက်တဲ့ ကမ်းထိန်းနံရံတည်ဆောက်ကာကွယ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်''ဟု လေ့လာသူ တစ်ဦးကပြောကြားသည်။
အာရကန်ကိုကို