ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း
ဆန်
တရုတ်နိုင်ငံကို ကမ္ဘောဒီးယားဆန်တင်ပို့တာနဲ့ ပတ်သက်လို့ တစ်နှစ် ကြာ အပြန်အလှန်သုံးသပ်ပြီးနောက် တရုတ်က ကမ္ဘောဒီးယား ဆန်ကို တင်သွင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့နှစ်က ကမ္ဘောဒီးယားဆန် ကို အဓိကဝယ်ယူခဲ့တဲ့ ဥရောပဈေးကွက် ပြီးတဲ့နောက် တရုတ်နဲ့ ဖိလစ်ပိုင် တို့နဲ့ ကုန်သွယ်မှုဟာ အလျင်အမြန်ဖြစ်ပေါ်လာခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ် အစပိုင်းမှာ ထိုင်းနဲ့ ဗီယက်နမ်ဆန်တွေထက် ဈေးနှုန်းနိမ့်ကျတဲ့ အိန္ဒိယဆန် က ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးခဲ့တာကြောင့် ကမ္ဘောဒီးယားဆန်အနေနဲ့ အဝေးအော်ဒါတွေ များစွာ ကျဆင်းသွားခဲ့ရပါတယ်။ ဥရောပကို တင်ပို့တဲ့ ဆန်ဈေးဟာ ဖေဖော်ဝါရီလကနေ ဧပြီလအတွင်း ၅ဝ ရာခိုင်နှုန်း မြင့်တက်ခဲ့ ပြီး ရေနံဈေးနှုန်းကလဲ ဆက်လက်မြင့်တက်ကာ သယ်ယူပို့ဆောင်တဲ့ စရိတ် ထပ်မံ မြင့်တက်လာပါတယ်။ ဒါကြောင့် ကမ္ဘောဒီးယား ဆန်ဟာ ဈေးနှုန်း ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်နေရပါသေးတယ်။ ကမ္ဘောဒီးယား ဆန်တင်ပို့ဖို့ တရုတ် ဈေးကွက်ဟာ ကြီးမားတဲ့ဈေးကွက်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါ တယ်။ ဒါပေမယ့် ဈေးနှုန်းယှဉ်ပြိုင်နိုင်ဖို့ ပိုမိုကြိုးစားရန် လိုအပ်နေပါတယ်။
မေလ နောက်ဆုံးအပတ်အတွင်း အာရှဆန်တင်ပို့တဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ် နေတဲ့ ဆန်ပို့ကုန်ဈေးနှုန်း-(FOB) အခြေအနေကို ဇယား ၁ အတိုင်း တွေ့ရှိရပါတယ်။
ဇယား - ၁
| ဆန်အမျိုးအစား |
၃၀-၅-၂၀၁၂ |
၂၄-၅-၂၀၁၂ |
| ထိုင်းဆန်ဖြူ ၁၀၀% |
၆၁၈ |
၆၁၅ |
| ထိုင်းဆန်ဖြူ ၅% |
၆၀၅ |
၆၀၅ |
| ထိုင်းဆန်ဖြူ ၁၅% |
- |
- |
| ထိုင်းဆန်ဖြူ ၂၅% |
- |
- |
| ဗီယက်နမ်ဆန်ဖြူ ၅ % |
၄၂၀ |
၄၂၀ |
| ဗီယက်နမ်ဆန်ဖြူ ၁၅ % |
၄၀၅ |
၄၀၅ |
| ဗီယက်နမ်ဆန်ဖြူ ၂၅ % |
၃၈၀ |
၃၈၀ |
| ပါကစ္စတန်ဆန်ဖြူ ၂၅% |
၄၁၅ |
၄၁၅ |
| အိန္ဒိယဆန်ဖြူ ၂၅% |
၄၉၀ |
၄၉၀ |
အိန္ဒိယဈေးကွက် ပဲဈေးနှုန်း
မေလ နောက်ဆုံးပတ်အတွင်း အိန္ဒိယပြည်တွင်း ဈေးကွက်တွေမှာ မတ်ပဲဈေးအေးနေပါတယ်။ အိန္ဒိယ ရူပီးငွေ တန်ဖိုးဆက်လက် ကျဆင်းနေ တာကြောင့် တင်သွင်း မတ်ပဲ ဈေးကြီးမြင့်လာပြီး ဝယ်ယူမှုနည်းကာ ဈေးအေးနေခြင်းဖြစ်ပါတယ်။ တင်သွင်းသူတွေကလဲ ဈေးနှုန်းကြီးမြင့်နေမှု ကြောင့် တင်သွင်းတာလျော့ကျလာရာ မေ ၂၉ ရက်နေ့မှာ မွမ်ဘိုင်းဆိပ်ကမ်း ကို မြန်မာ မတ်ပဲ ကွန်တိန်နာ ၂၅ လုံးသာ ဝင်ရောက်တယ်လို့ သိရပါတယ်။ ဒါပေမယ့် လာမယ့်အပတ်အတွင်း ဥဒရာပရာဒတ်ခ်ျ အများပြည်သူ ရောင်းချ ရေးကော်ပိုရေးရှင်းက ပဲမျိုးစုံ တန်ချိန် နှစ်သိန်းဝယ်ယူမယ့် တင်ဒါ ခေါ်ဖို့ ရှိတာကြောင့် ဈေးနှုန်းကောင်းလာစေနိုင်ပါတယ်။ အိန္ဒိယ ပြည်တွင်း ဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ပဲခွဲစက်တွေနဲ့ ကုန်သည်တွေ အဝယ် အသစ်ထွက်လာတာကြောင့် ပဲစင်းငုံ ဈေးမြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်း ဖြန့်ဖြူးဖို့ အဝယ်တင်ဒါရှိနေတဲ့အပြင် ရူပီးငွေတန်ဖိုးကျဆင်းနေတာကြောင့် ပဲစင်းငုံဈေး သိသိသာသာ တက်လာခဲ့ပါတယ်။ ပြည်တွင်းမှာ လက်ကျန် နည်းပါးသွားပြီဖြစ်လို့ မြန်မာနိုင်ငံနဲ့ အာဖရိက ပဲစင်းငုံတွေ ဆက်တိုက် တင်သွင်းနေပါတယ်။ လွန်ခဲ့တဲ့အပတ်က အိန္ဒိယပြည်တွင်း ကုလားပဲ ဈေးမာခဲ့ရာမှ ယခုတစ်ပတ်အတွင်းမှာ အဲဒီအမြင့်ဈေးနဲ့ တည်ငြိမ်နေပါတယ်။ ကြိုပွိုင့်ဈေးကွက်မှာတော့ ဈေးမြင့်တက်ခဲ့ပါတယ်။ နိုင်ငံတကာ ကုလားပဲ ဈေးကွက်ဖြစ်တဲ့ သြစတေးလျမှာ အစောပိုင်းစိုက် ကုလားပဲအထွက် လျော့ကျဖွယ်ရှိတဲ့အပြင် ပါကစ္စတန်မှာလဲ ပဲအထွက်သိသိသာသာ ကျဆင်းခဲ့ လို့ ဥပုသ်လရာသီ ဝယ်လိုအားကောင်းခြင်းက ကုလားပဲဈေးကို တက်စေ ပါတယ်။ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်မှု လျော့ကျလာပြီး တစ်ခြား ခိုင်မာတဲ့အကြောင်းတွေကြောင့် ကုလားပဲဈေး ဆက်လက်မြင့်မားနေစရာ ရှိပါတယ်။
မောင်သုံးသပ်
Ref: Riceon Line/Commodit/.Com
မောင်သုံးသပ်