ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးကွက်သတင်း
ဝ၁ဝ ခုနှစ်မှာ ကမ္ဘာ့ဆန်ထုတ်လုပ်မှုဟာ တန်ချိန် ၄၆၈. ၁ သန်း ရှိခဲ့ပေမယ့် ၂ဝ၁၁ ခုနှစ်မှာတော့ တန်ချိန် ၄၈ဝ.၁ သန်းအထိ ထွက် ရှိခဲ့တဲ့ အတွက် ၂.၆ ရာခိုင်နှုန်းပိုမိုထွက်ရှိခဲ့တယ်လို့ FAO က ခန့်မှန်းထားပါတယ်။ ဒီလိုပိုမိုထွက်ရှိလာတဲ့ အဓိကအကြောင်း ရင်းကတော့ အိန္ဒိယနိုင်ငံမှာ ရာသီဥတု ကောင်းမွန်ခဲ့တဲ့အတွက် ခန့်မှန်းတာထက်ပိုပြီး ထွက်ရှိခဲ့လို့ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ ခုနှစ် အတွင်း ဆန်တန်ချိန် ၉၅.၉၈ သန်း ထွက်ရှိခဲ့ပေမယ့် ၂ဝ၁၁-၁၂ ခုနှစ် မှာတော့ တန်ချိန် ၁ဝ၃.၄၁ သန်းအထိ စံချိန်တင်ထွက်ရှိခဲ့တယ်လို့ သိရပါ တယ်။ အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ပါကစ္စတန်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာလဲ ဆန်ထွက်ပိုမိုလာပါတယ်။ ဗီယက်နမ် နိုင်ငံတွေမှာလဲ ဆန်ထွက်ပိုမိုလာပါ တယ်။ ဒါ့အပြင် ကမ္ဘောဒီးယား၊ မလေးရှား၊ နီပေါနဲ့ဖိလစ်ပိုင်နိုင်ငံတွေရဲ့ စပါးထုတ်လုပ်မှုလဲပိုလာပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှား၊ မြန်မာ၊ သီရိလင်္ကာ နဲ့ ထိုင်းနိုင်ငံ တွေမှာတော့ ရေကြီးတာနဲ့ ရောဂါပိုးကျရောက်တာတွေကြောင့် စပါးထွက်ကျဆင်းခဲ့ရပါတယ်
ဇွန်လပထမပတ်အတွင်း အာရှဆန်တင်ပို့တဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ဆန်ပို့ကုန်ဈေးနှုန်း FOB အခြေအနေကို ဇယား ၁ အတိုင်း တွေ့ရှိရပါတယ်။
ဇယား - ၁ ဈေးနှုန်း - USD.PMT
| ဆန်အမျိုးအစား |
၆-၆-၂၀၁၂ |
၃၁-၆-၂၀၁၂ |
| ထိုင်းဆန်ဖြူ ၁၀၀% |
၆၁၀ |
၆၁၅ |
| ထိုင်းဆန်ဖြူ ၅% |
၆ဝဝ |
၆၀၅ |
| ထိုင်းဆန်ဖြူ ၁၅% |
- |
- |
| ထိုင်းဆန်ဖြူ ၂၅% |
- |
- |
| ဗီယက်နမ်ဆန်ဖြူ ၅ % |
၄၂၅ |
၄၂၀ |
| ဗီယက်နမ်ဆန်ဖြူ ၁၅ % |
၄၁၀ |
၄၀၅ |
| ဗီယက်နမ်ဆန်ဖြူ ၂၅ % |
၃၈၅ |
၃၈၀ |
| ပါကစ္စတန်ဆန်ဖြူ ၂၅% |
၄၁၅ |
၄၁၅ |
| အိန္ဒိယဆန်ဖြူ ၂၅% |
၃၆၀ |
၃၆၅ |
အိန္ဒိယဈေးကွက် ပဲဈေးနှုန်း
ဇွန်လ ပထမပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်မှာ မတ်ပဲဈေးနှုန်း ဟာ ငြိမ်နေပါတယ်။ ပဲခွဲစက်နဲ့ ကုန်သည်တွေရဲ့ ဝယ်လိုအားနည်းနေတာ ကြောင့် ပြည်တွင်းက မတ်ပဲဈေးနှုန်းရော၊ ပြည်ပက တင်သွင်းတဲ့ မတ်ပဲ ဈေးနှုန်းပါ ငြိမ်နေပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ မြန်မာမတ်ပဲတစ်တန်ရဲ့ ဈေးဟာ အမေရိကန်ဒေါ်လာ ၅၈ဝ နဲ့ပဲ ငြိမ်နေပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းကို မေလ ၃၁ ရက်နေ့ကနေ ဇွန်လ ၆ ရက်အတွင်း မြန်မာမတ်ပဲ ကွန်တိန်နာ ၁ဝ၃ လုံး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယရူပီးငွေ တန်ဖိုးကျဆင်း နေလို့ တင်သွင်းတဲ့ ပဲဈေးနှုန်းကြီးမြင့်နေတဲ့အတွက် ပဲစင်းငုံဈေးလဲ ဇွန်လ ပထမပတ်အတွင်း ဆက်လက်မြင့် တက်နေပါတယ်။ ပြည်တွင်း ပဲစင်းငုံ လက်ကျန်နည်းနေတာကြောင့် ပြည်ပက ပဲစင်းငုံတွေ ဆက်တိုက်တင်သွင်း နေရပေမယ့် ရူပီးငွေ တန်ဖိုးက ကျဆင်းနေတဲ့အတွက် ပြည်ပက တင်သွင်းတဲ့ ပဲစင်းငုံဈေးတွေမြင့်တက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် တမီလ်နာဒူးပြည် နယ်မှာ ပဲစင်းငုံတန်ချိန်တစ်သောင်း တင်ဒါခေါ်ယူထားတဲ့အတွက်လဲ ပဲစင်းငုံ ဈေးထပ်ပြီးတက်နိုင်ပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ ဇွန်လ ၄ ရက်နေ့က ပဲစင်းငုံတစ်တန်ရဲ့ ဈေးဟာ အမေရိကန်ဒေါ်လာ ၆၅၃ သာ ရှိခဲ့ပေမယ့် ဇွန်လ ၇ ရက်နေ့ရောက်တော့ ၆၆၆ ဒေါ်လာအထိ တက်လာပါတယ်။
ပါကစ္စတန်ပြည်တွင်း ပဲလိုအပ်ချက်မြင့်မားလာ
ပါကစ္စတန်မှာ ယခုနှစ်ဆောင်းရာသီအတွင်း အအေးဓာတ်လွန်ကဲခဲ့ပြီး ပြည်တွင်းသီးနှံတွေ ပျက်စီးခဲ့ရတဲ့ အတွက် ပြည်တွင်း စားသုံးဖို့ ပဲလိုအပ်ချက်ရဲ့ ၈ဝ ရာခိုင်နှုန်းခန့်ကို တင်သွင်းရန်ရှိပါတယ်။ ပါကစ္စတန်အနေနဲ့ မိမိလိုအပ်တဲ့ ပဲအများစု ကို သြစတြေးလျ ၊ မြန်မာ၊ တန်ဇန်းနီးယားနဲ့ အီသီယိုးပီးယား နိုင်ငံတွေက တင်သွင်းနေရပါတယ်။ ကာလတိုအတွင်း ပါကစ္စတန်ငွေ တန်ဖိုး ကျဆင်းနေ လို့ ပဲတင်သွင်းမှု ကျဆင်းနေပေမယ့် မကြာမီ ပဲတင်သွင်းမှုမြင့် တက်လာနိုင်ပါတယ်။
မောင်သုံးသပ်
မောင်သုံးသပ်