2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
မြန်မာ့တန်းမြင့်ဆန် ဆင်းသွယ်လတ် အာဖရိကတိုက် အင်ဂိုလာနိုင်ငံသို့ တင်ပို့မည်

မြန်မာနိုင်ငံအနေဖြင့် ၂ဝဝ၃ ခုနှစ်မှစ၍ ဆန်စပါးကို အစိုးရမှတိုက်ရိုက် ဝယ်ယူခြင်းမပြုတော့ဘဲ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုသည့် ဆန်စပါးမူဝါဒသစ်ကိုစတင်ကြေညာခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှစ၍ ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပသို့ လွတ်လပ်စွာ ဆန်တင်ပို့ရောင်းချ ခွင့်ပြုပေးခဲ့သည်။ များသောအားဖြင့် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်များကိုသာ တင်ပို့ခဲ့ကြသော်လည်း နောက်ပိုင်းတွင် တန်းမြင့် ဆန်များဖြစ်သော ဧည့်မထ စူပါ ၅ ရာခိုင်နှုန်း၊ ၁ဝ ရာခိုင်နှုန်း၊ ၁ဝဝ ရာခိုင်နှုန်းစသော တန်းမြင့်ဆန်များကိုပါ ထုတ်လုပ်တင်ပို့ လာခဲ့သည်။
    ယခုလက်ရှိအချိန်တွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် ၃၃ဝ-၃၄ဝ ဒေါ်လာ ဈေးနှုန်းသာရရှိသော်လည်း ဧည့်မထ စူပါ ၅ ရာခိုင်နှုန်းတစ်တန်လျှင် ၄ဝဝ-၄၁ဝ ဒေါ်လာထိ ဈေးနှုန်းရရှိသဖြင့် တန်းမြင့်ဆန် ထုတ်လုပ်တင်ပို့ခြင်းဖြင့် ဈေးနှုန်းအားဖြင့် ပိုမိုရရှိကြောင်းသိရှိရသည်။ စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်နှင့်အညီ မျိုးကောင်း မျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးပြီး ထုတ်လုပ်တင်ပို့နိုင်ရေးကြိုး ပမ်းဆောင်ရွက် သင့်သည့် ကာလဖြစ်သဖြင့် ကုမ္ပဏီတစ်ခုမှ ဆင်းသွယ်လတ် ၅ ရာခိုင်နှုန်း ဆန် ၁၂၅ တန်အားတစ်တန်လျှင် ၄၆ဝ ဒေါ်လာဈေးနှုန်း ဖြင့် အာဖရိကတိုက် အင်ဂိုလာနိုင်ငံသို့ တင်ပို့ ရန် ပို့ကုန်လိုင်စင်လျှောက်ထားရာ ခွင့်ပြုထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ သတင်းရရှိသည်။ ယခုတင်ပို့မည့် အင်ဂိုလာနိုင်ငံသို့ ယခင်က တင်ပို့ခဲ့ဖူးခြင်းမရှိဘဲ ဈေးကွက်သစ်ရရှိခြင်း ဖြစ်ကြောင်းသိရှိရသည်။

မြင့်ကျော်စိုး
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.