ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးကွက်သတင်း
ဆန်
အိန္ဒိယနိုင်ငံက ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ ပန်ဂျတ်ပြည် နယ်မှာ မုတ်သုံမိုးနှောင့်နှေးနေတာကြောင့် စပါး ထုတ်လုပ်မှုဟာ တန်ချိန် ၂၅ သိန်းခန့် လျော့ကျသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဇွန်လနောက်ဆုံး ပတ်အထိ မိုးရွာသွန်းမှုက ပုံမှန်ဆိုရင် ၃၄.၅ မီလီမီတာရှိခဲ့ပေမယ့် ယခုနှစ်မှာ မိုးခေါင်ပြီး မိုးရွာသွန်းမှုဟာ ၇.၇ မီလီမီတာရှိတဲ့အတွက် မိုးမလုံလောက်မှု ၇၈ ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ ယခုအထိ ပန်ဂျတ်ပြည်နယ်မှာ စပါးစိုက်ပျိုး မှုဟက်တာ ၁၂.၈ သိန်း သာရှိတဲ့အတွက် လွန်ခဲ့တဲ့နှစ်အလားတူ ကာလမှာ စိုက်ပျိုးခဲ့တဲ့ ဟက်တာ ၁၇.၅ သိန်းထက် ဟက်တာ ၅ သိန်းနီးပါးလျော့ နည်းနေပါတယ်။ အဲဒီလျော့တဲ့ စိုက်ဧကအတွက် စပါးတန်ချိန် ၂၅ သိန်းခန့် အထွက်လျော့နည်းဖွယ်ရှိပါတယ်။
ထိုင်းနိုင်ငံမှာတော့ ယခုနှစ်မှာ ဆန်တန်ချိန် ၉.၅ သန်းတင်ပို့နိုင်မယ်လို့ ရည်မှန်းထားပေမယ့် ပုဂ္ဂလိကကဏ္ဍက တန်ချိန် ၆.၅ သန်း ကနေ ၇ သန်းအထိသာ တင်ပို့နိုင်စရာရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ထက် ၃၅ ရာခိုင်နှုန်း ကျဆင်းနိုင်ပါတယ်။ ယခုဇူလိုင်လ ၂ ရက်နေ့အထိ ဆန်တန်ချိန် ၃.၃၅ သန်းသာ တင်ပို့နိုင်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့နှစ် ဒီလိုအချိန်ကထက် ၄၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ထိုင်းဆန်ဈေးက ပျမ်းမျှတစ်တန်ကို အမေရိကန်ဒေါ်လာ ၆ဝဝ ရှိပြီး၊ ဗီယက်နမ်က ၄ဝ၅ ဒေါ်လာနဲ့ အိန္ဒိယ က ဒေါ်လာ ၄၁ဝ သာရှိတဲ့အတွက် ဈေးနှုန်းကွာဟမှုက ထိုင်းဆန်တင်ပို့မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။
ဇူလိုင်လ ပထမပတ်အတွင်း အာရှဆန်တင်ပို့တဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ FOB ဆန်ဈေးနှုန်းအခြေအနေကို ဇယား ၁ အတိုင်းတွေ့ရှိရပါတယ်။
ဇယား - ၁ ဈေးနှုန်း - USD.PMT
|
ဆန်အမျိုးအစား
|
၃၀-၆-၂၀၁၂ |
၆-၇-၂၀၁၂ |
| ထိုင်းဆန်ဖြူ ၁၀၀% |
၅၉၅ |
၅၉၅ |
| ထိုင်းဆန်ဖြူ ၅% |
၅၈၅ |
၅၈၅ |
| ထိုင်းဆန်ဖြူ ၁၅% |
၅၇၅ |
၅၇၅ |
| ထိုင်းဆန်ဖြူ ၂၅% |
၅၆၅ |
၅၇၅ |
| ဗီယက်နမ်ဆန်ဖြူ ၅ % |
၄၀၀ |
၄၁၀ |
| ဗီယက်နမ်ဆန်ဖြူ ၁၅ % |
၃၈၀ |
၃၉၀ |
| ဗီယက်နမ်ဆန်ဖြူ ၂၅ % |
၃၆၀ |
၃၆၅ |
| ပါကစ္စတန်ဆန်ဖြူ ၂၅% |
၄၀၅ |
၄၁၅ |
| အိန္ဒိယဆန်ဖြူ ၂၅% |
၃၆၀ |
၃၇၀ |
အိန္ဒိယဈေးကွက် ပဲဈေးနှုန်း
ဇူလိုင်လ ပထမပတ်အတွင်း အိန္ဒိယဈေးကွက်အများစုမျာ မတ်ပဲ ဈေနှုန်း ဆက်လက်တက်လာနေပါတယ်။ ဈေးကွက်တွေထဲကို မတ်ပဲဝင်ရောက်မှု နည်းလာပြီး အဝယ်တက်လာတာကြောင့် ဈေးမြင့်လာခဲ့ခြင်းဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်နေ့က မွမ်ဘိုင်းဆိပ်ကမ်း ကို မြန်မာမတ်ပဲ ကွန်တိန်နာ ၁ဝ လုံးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ မွမ်ဘိုင်းဈေးကွက်မှာ မြန်မာမတ်ပဲ တစ်တန်ရဲ့ ဈေးနှုန်းဟာ ၂.၇.၂ဝ၁၂ နေ့က ၆၃၁ ဒေါ်လာသာရှိခဲ့ပေမယ့် ၅.၇.၂ဝ၁၂ နေ့မှာ ၆၃၂ ဒေါ်လာရှိလာပါတယ်။ ယခုတစ်ပတ်မှာတော့ အိန္ဒိယပြည်တွင်းဈေးကွက်မှာ ပဲစင်းငုံဈေးအနည်းငယ်ပြန်ကျလာခဲ့ပါတယ်။ တချို့ပြည်နယ်တွေမှာ မိုးရွာသွန်းမှုရှိလာတဲ့အပြင် ရူပီးငွေတန်ဖိုးပြန်တက် လာတဲ့အတွက် ပဲစင်းငုံဈေးမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်နေ့က မွမ်ဘိုင်းဆိပ်ကမ်း ကို မြန်မာပဲစင်းငုံ ကွန်တိန်နာအလုံး ၈ဝ ဝင်ရောက်ကြောင်း သိရပါတယ်။ မွမ်ဘိုင်းဈေးကွက်မှာ ပဲစင်းငုံ တစ်တန်ရဲ့ ဈေနှုန်းဟာ ၂.၇.၂ဝ၁၂ နေ့မှာ ၇၃၄ ဒေါ်လာရှိခဲ့ပေမယ့် ၅.၇.၂ဝ၁၂ နေ့ မှာ ၇၂၇ ဒေါ်လာသာရှိတယ်လို့ သိရပါတယ်။
မောင်သုံးသပ်
Ref: riceonline/commodity online
မောင်သုံးသပ်