2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ပင်လယ်ရေကြောင်းပို့ကုန်
    ဇူလိုင်လ ပထမပတ်အတွင်း ပင်လယ်ရေကြောင်းကနေ ပဲမျိုးစုံတင်ပို့မှု ဟာ ပဲတီစိမ်းက စံချိန်ချိုးတင်ပို့လာရတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်မှာ တရုတ်နိုင်ငံက အဝယ်အေးခဲ့တဲ့အတွက် တင်ပို့မှုတန်ချိန် ထောင်ဂဏန်းသာရှိခဲ့ပေမယ့် ယခုတစ်ပတ်မှာတော့ တန်ချိန် ၂၅ဝဝဝ နီးပါး တိုးမြင့်လာပါတယ်။ တင်ပို့ရတဲ့နိုင်ငံတွေကိုကြည့်ရင်လည်း အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားတွေအပြင် ယူအေအီး၊ တရုတ်၊ ဗီယက်နမ် နဲ့ ဂျပန်နိုင်ငံတွေကိုပါ တင်ပို့ခဲ့ရတာတွေ့ရပါတယ်။ မတ်ပဲကတော့ တန်ချိန် နှစ်သောင်းခွဲနီးပါးတင်ပို့ခဲ့ရတဲ့အတွက် လွန်ခဲ့တဲ့ သီတင်းပတ်တွေလိုပဲ အရှိန် ကောင်းကောင်းနဲ့ ဆက်လက်တင်ပို့နေ ရတာတွေ့ရပါတယ်။

နယ်စပ်ပို့ကုန်
    ဇူလိုင်လ ၄ ရက်နေ့က ၁ဝ ရက်နေ့အထိ တရုတ်နယ်စပ်၊ မူဆယ် ၁ဝ၅ မိုင်ကနေ ပဲတီစိမ်း ၂၇၂၈ တန် တင်ပို့ခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ် ထက် ၆၂၇ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ ဒါ့အပြင် ပဲလွန်းဖြူ ၅၈ တန်၊ စွန်တာနီပြာ ၅၃ တန်၊ ထောပတ်ပဲ ၂၈ တန်နဲ့ ပဲနီကြား ၉၆ တန်လည်း တင်ပို့ခဲ့ရပါတယ်။ အဲဒီပဲတွေလည်း လွန်ခဲ့တဲ့ တစ်ပတ်ထက် ပိုမိုတင်ပို့နိုင် ခဲ့တာတွေ့ရပါတယ်။ ဆန်ကတော့ ၉ဝ၂၆ တန်နဲ့ ဆန်ကွဲ ၇၄၄ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ဇွန်လအတွင်း ဆန်တင်ပို့မှု စုစုပေါင်းဟာ တန်ချိန် ၃၆၄၂၅ ခန့်ရှိ တဲ့အတွက် မေလထက်တန် ၂၇၆ဝ ကျော် လျော့နည်းသွားခဲ့ ပါတယ်။ ဇွန်လက ရွှေလီမှာ ဆန်ပေါက်ဈေးဟာ တစ်တန်ကို ယွမ် ၂၇၄ဝ-၂၇၈ဝ ခန့်သာရှိတဲ့အတွက် မေလက ဈေးထက် ယွမ် ၄ဝ အထိ ကျဆင်းသွားပါတယ်။ မြန်မာ့ဆန်တင်သွင်းမှုအပေါ် တရုတ် ဘက်က အခွန် နှုန်းမြှင့်တင်ထားတဲ့အပြင် စိစစ်မှုတွေကလည်း တင်းကျပ်လာတဲ့အတွက် တင်ပို့ တာလျော့နည်းသွားရတယ်လို့ သိရပါတယ်။

ပဲပို့ကုန်ဈေးနှုန်း
    ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ RCကို အိတ်စပို့ဝယ်လက်တွေက ဈေးပေးပြီး အဝယ်များလာတာကြောင့် ဈေးအတက်ဘက်ကို ဦးမော့လာနေပါ တယ်။ လွန်ခဲ့တဲ့တစ်ပတ်ထက်စာရင် တစ်တန်ကို ကျပ် ၁၁ဝဝဝ ခန့် တက်လာပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန်ကို အနိမ့်ဆုံးကျပ် ၄၉၁ဝဝဝ ကနေ အမြင့်ဆုံးကျပ် ၄၉၇ဝဝဝ ခန့်အထိ ရှိပါတယ်။ ပဲစင်းငုံနီ RC ကတော့ ပြည်ပဝယ်လိုအား လျော့နည်းသွားတာကြောင့် ဈေးကျလာတာ တွေ့ရပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းက တစ်တန်ကို အနိမ့်ဆုံး ကျပ် ၅၄၄ဝဝဝ ကနေ အမြင့်ဆုံးကျပ် ၅၆ဝဝဝဝ ခန့်အထိ ရှိပါတယ်။
နှမ်း၊ မြေပဲပို့ကုန်
    ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုတဖြည်းဖြည်း လျော့ကျလာပေမယ့် မြေပဲဆန်တင်ပို့မှုကတော့ တိုးတက်လာတာတွေ့ ရပါတယ်။ လွန်ခဲ့တဲ့တစ်ပတ် က နှမ်းတန်ချိန် ၄ဝဝ ကျော်တင်ပို့ခဲ့ရပေမယ့် ယခုဇူလိုင်လပထမပတ်မှာ တော့ တန်ချိန် ၂၉ဝ ခန့်သာ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်မှာ တောင်ကိုရီးယားနဲ့ကူဝိတ်ကို တင်ပို့ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် တောင် ကိုရီးယားကို တင်ပို့တာပိုများပါတယ်။ မြေပဲဆန်တင်ပို့မှုဟာ ယခု တစ်ပတ်မှာ တန်ချိန်တစ်သောင်းကျော်ရှိလာတဲ့အတွက် လွန်ခဲ့တဲ့ တစ်ပတ် ထက်ပိုပြီး တင်ပို့လာရတာတွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း ဧပြီလ ကနေ ဇူလိုင်လ ပထမပတ်အထိ နှမ်းတန်ချိန် စုစုပေါင်း ၁၄ဝဝဝ နီးပါးနဲ့ မြေပဲဆန်၊ အခွံပါမြေပဲတန်ချိန် စုစုပေါင်း ၃၂၈ဝဝ ကျော် တင်ပို့ခဲ့ရတယ်လို့ သိရပါတယ်။
မောင်သုံးသပ်
Ref: Trade Net.com

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.