2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးကွက်သတင်း

ဆန်
    ထိုင်းနိုင်ငံအနေနဲ့ ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလက ဇွန်လကုန်အထိ ဆန် တန်ချိန် ၃.၆ သန်းခန့်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့နှစ် အဲဒီလတွေ အတွင်း တင်ပို့ခဲ့တဲ့ တန်ချိန် ၆.၇ သန်းနဲ့ နှိုင်းယှဉ်ရင် ၄၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် ၂ဝ၁၂ ခုနှစ်မှာ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ ဆန်တင်ပို့တာ အများဆုံးနိုင်ငံအဖြစ်ကနေ ဖယ်ပေးရဖို့ရှိနေပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး ထိုင်းဆန်ဈေးနှုန်းဟာ တစ်တန်ကို ၁၅ ဒေါ်လာကနေ ၂၅ ဒေါ်လာအထိ ကျလာပေမယ့် ပြည်ပဝယ်လိုအားက နည်းနေပါတယ်။ ဒီလို ထိုင်းဆန်ဈေးကျဆင်းနေပေမယ့် ပြိုင်ဖက်ဆန်တင်ပို့တဲ့နိုင်ငံတွေက ဆန်ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့် ရင် ဈေးမြင့်နေသေးတာကို တွေ့ရပါတယ်။ အမေရိကန်လယ်ယာစိုက်ပျိုးရေး ဌာနရဲ့ ခန့်မှန်းချက်အရ ၂ဝ၁၂ ခုနှစ်မှာ ထိုင်းနိုင်ငံက
ဆန်တန်ချိန် ၆.၅ သန်းအထိသာ တင်ပို့နိုင်ပြီး အိန္ဒိယက တန်ချိန် ၈ သန်း၊ ဗီယက်နမ်က တန်ချိန် ၇ သန်း ခန့်အထိတင်ပို့နိုင်စရာ ရှိတယ်လို့သရပါတယ်။
    ဇူလိုင်လနောက်ဆုံးပတ်အထိ အာရှဆန်တင်ပို့တဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ် နေတဲ့ FOB ဆန်ဈေးနှုန်းတွေရဲ့ အခြေအနေကို ဇယား ၁ အတိုင်း တွေ့ရှိရပါ တယ်။
ဇယား - ၁    ဈေးနှုန်း - USD.PMT

ဆန်အမျိုးအစား

၁၉-၇-၂၀၁၂ ၂၆-၇-၂၀၁၂
 ထိုင်းဆန်ဖြူ ၁၀၀% ၅၇၅ ၅၇၅
 ထိုင်းဆန်ဖြူ ၅% ၅၆၅ ၅၆၅
 ထိုင်းဆန်ဖြူ ၁၅% ၅၅၅ ၅၅၅
 ထိုင်းဆန်ဖြူ ၂၅% ၅၅၀ ၅၄၅
 ဗီယက်နမ်ဆန်ဖြူ ၅ % ၄၁၀ ၄၀၅
 ဗီယက်နမ်ဆန်ဖြူ ၁၅ % ၃၉၀ ၃၉၀
 ဗီယက်နမ်ဆန်ဖြူ ၂၅ % ၃၇၀ ၃၇၅
 ပါကစ္စတန်ဆန်ဖြူ ၂၅% ၄၁၅ ၄၁၀
 အိန္ဒိယဆန်ဖြူ ၂၅%  ၃၈၀ ၃၉၀


အိန္ဒိယဈေးကွက် ပဲဈေးနှုန်း
    ဇူလိုင်လ ဒုတိယပတ်အထိ မွမ်ဘိုင်းဈေးကွက်မှာ မတ်ပဲဈေးနှုန်းဟာ တစ်တန်ကို ၆၂၃-၆၄၆ ဒေါ်လာသာရှိခဲ့ရာက မုတ်သုန်မိုးပုံမှန်ထက် လျော့နည်းလာနိုင်တဲ့သတင်းကြောင့်ဇူလိုင်လတတိယပတ်မှာ ဒေါ်လာ ၇ဝဝ ကျော်အထိ ခုန်တက်လာခဲ့ပြီး ဇူလိုင်လ ၂၃ ရက်နေ့မှာ ၇၉၄ ဒေါ်လာအထိ တက်လာပါတယ်။ ရာဂျတ်စတန်ပြည်နယ်မှာ ယခု ဇူလိုင်လ တတိယပတ် အထိ မိုးမတ်ပဲဟက်တာ ၁.၄၇ သိန်းသာ စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လွန်ခဲ့ တဲ့ နှစ်ကထက် ဟက်တာ ၁.၅၄ သိန်းလျော့နည်းခဲ့ပါတယ်။ ပဲတီစိမ်း ရွှေဝါဈေးနှုန်းကလည်း ဇူလိုင်လ ၁၉ ရက်နေ့အထိ ၉၉၃ ဒေါ်လာသာအမြင့် ဆုံးဈေးရှိခဲ့ရာက ၂၁ ရက်နေ့မှာ ၁ဝ၈၈ ဒေါ်လာအထိ တက်လာခဲ့ပါတယ်။ ရာဂျတ်စတန်ပြည်နယ်မှာ မိုးပဲတီစိမ်းဟက်တာ ၂.၉၃ သိန်းသာ စိုက်ပျိုးနိုင်ခဲ့တဲ့ အတွက် လွန်ခဲ့တဲ့နှစ်ကထက် ၆၁ ရာခိုင်နှုန်းကျော်အထိ လျော့နည်းခဲ့ပါတယ်။

အိန္ဒိယနနွင်းဈေးကွက်
    ယခုနှစ်မှာ နနွင်းအစိုက်နည်းတာကြောင့် ကုန်သည်လှောင်လက်တွေက ပုံအောပြီး ဝယ်ယူနေကြတဲ့အတွက် အိန္ဒိယလက်ငင်းဈေးကွက်မှာ နနွင်း ဈေးတွေတက်လာပါတယ်။ မိုးနည်းပြီး စိုက်ပျိုးတာလျော့လာတဲ့အတွက် နောင်နှစ် မှာ ရောင်းချ ဖို့အိတ် သိန်း ၅ဝ လောက်ပဲ ရှိနိုင်တာကြောင့် တချို့ လှောင်လက်တွေက အားသွန်ပြီး ဝယ်လာနေခြင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း အိန္ဒိယမြောက်ပိုင်းကုန်သည်တွေဆီက အမှာစာတွေ ရရှိခဲ့တဲ့အတွက် ဈေး တက်လာတာ လည်းဖြစ်နိုင် ပါတယ်။ နနွင်းတစ်ကွမ် တယ် ဈေးဟာ ရူပီး ၄၈၉ အထိ တက်လာခဲ့ပါတယ်။ နနွင်းတက်အမျိုး အစားက တစ်ကွမ်တယ်ကို ရူပီး ၅၇၉ဝ ကနေ ၇၅၆ဝ ကြား ရောင်းပြီး၊ နနွင်းအမြစ်အမျိုးအစားက တစ်ကွမ်တယ်ကို ၅၃၃၃ ရူပီးကနေ ၆ဝဝ၉ ရူပီကြားအရောင်း အဝယ်ဖြစ်လာပါတယ်။
မောင်သုံးသပ်
Ref: riceonline/commodity.com

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.