2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးကွက်သတင်း

ပင်လယ်ရေကြောင်းပို့ကုန်
    ဇူလိုင်လ တတိယပတ်အတွင်း ပင်လယ်ရေကြောင်းကနေ ပဲမျိုးစုံတင်ပို့မှု ဟာ ကုလားပဲကလွဲလို့ ကျန်ပဲတွေတင်ပို့တာ ဆက်လက်ကျဆင်းနေပါတယ်။ ဇူလိုင်လ ၁၆ ရက်မှ ၂ဝ ရက်အတွင်း ပဲမျိုးစုံတန်ချိန် ၂၃၇ဝ၈ သာ တင်ပို့ခဲ့တဲ့အတွက် လွန်ခဲ့တဲ့တစ်ပတ် တင်ပို့မှုရဲ့ ၇၅ ရာခိုင်နှုန်းသာ တင်ပို့နိုင် ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မတ်ပဲတန်ချိန် ၁၃ဝဝဝ ကျော်၊ ပဲတီစိမ်းတန် ချိန် ၂၃ဝဝ တင်ပို့ခဲ့ပါတယ်။ ပဲတီရွှေဝါကို ပြည်ပအဝယ်ပုံမှန်ရှိလို့ FOB ဈေးမြင့်တက်လာပြီး အမြင့်ဈေးမှာ ငြိမ်နေပါတယ်။ ပဲတီစိမ်းတွေကိုတော့ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ယူအေအီးနဲ့ ယီမင်နိုင်ငံတွေကို တင်ပို့ခဲ့ရပါတယ်။
နယ်စပ်ပို့ကုန်
    မြန်မာ-တရုတ်နယ်စပ်၊ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်နိုင်ငံကို ဇူလိုင်လ တတိယပတ်အတွင်း ပဲတီစိမ်း ၁၄၇၂ တန်ကျော် နဲ့ ပဲတီစိမ်းခြမ်း ၄၅ တန်ကျော်၊ ပဲယင်း ၁၈၇ တန်ကျော်၊ ပဲနီကြား ၆၄ တန်ကျော်နဲ့ ပဲကြီး ၁၄ တန် တင်ပို့ခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ထက် ပဲတီစိမ်း ၈၁၅ တန်၊ ပဲတီစိမ်းလုံးခြမ်း ၂၁ တန်၊ ပဲယင်း ၁၁၆ တန်၊ ပဲနီ ကြား ၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းတွေကနေ ဆန်စုစုပေါင်း ၁၄၃၃၆ တန် တင်ပို့ခဲ့ရတဲ့ အတွက် လွန်ခဲ့တဲ့တစ်ပတ်ထက် တန် ၂၉၉ဝ ကျော် ပိုမိုတင်ပို့လာနိုင်ခဲ့ပါ တယ်။ နယ်စပ်စခန်းတွေက ကွမ်းသီး ၁၉၃ တန်ကျော် တင်ပို့ခဲ့ရာမှာ တမူးက ၈၁ တန်၊ မူဆယ်က ၃၈ တန်၊ မြဝတီက ၃၈ တန်၊ ရိဒ်က ၃၆ တန် တင်ပို့ခဲ့ရပါတယ်။ ဒါ့အပြင် ကွမ်းသီးခွံတန် ၁ဝဝ ကျော်ကိုလည်း မူဆယ်ကတင်ပို့ခဲ့တယ်လို့ သိရပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင် ပဲဈေးနှုန်း
    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ RCက ဈေးအတက်အကျ ကြမ်းနေတာကြောင့် ရောင်းသူကုန်သည်တွေအနေနဲ့ သတိကြီးစွာထားပြီး အရောင်းအဝယ်လုပ်နေရတယ်လို့ သိရပါတယ်။ ပဲဈေးအတက်မှာ ဈေး ကစားလိုတဲ့ ကုန်သည်တချို့ကြောင့် ပဲဈေးတွေ ရုတ်တရက် ခုန်တက်လာခဲ့ ပေမယ့် အိန္ဒိယအဝယ်၊ စင်္ကာပူစာချုပ်၊ သင်္ဘောတင်အရောင်၊ ငွေလဲနှုန်းနဲ့ ပဲလက်ကျန်တွေက ပုံမှန်အတိုင်းရှိနေပါတယ်။ မတ်ပဲအရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၅၇၅ဝဝဝ ကျပ်ကနေ အမြင့်ဆုံး ၆၇၅ဝဝဝ ကျပ် အထိ ရှိပါတယ်။ ပဲစင်းငုံနီ RCကိုလည်း အိတ်စပို့ဝယ်လက်တွေက အဝယ်လိုက်လာလို့ လွန်ခဲ့တဲ့ တစ်ပတ်နဲ့စာရင် ဈေးကအမြင့်မှာရှိနေပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန်ကို အနိမ်ံဆုံး ၆၃၂ဝဝဝ ကျပ်ကနေ အမြင့်ဆုံး ၆၈၆ဝဝဝ ကျပ်အထိရှိပါတယ်။
ပြောင်းပို့ကုန်
    မြန်မာ-တရုတ်နယ်စပ် မူဆယ်ကနေ ဇူလိုင်လ တတိယပတ်အတွင်း ပြောင်းဖူးစေ့ ၃၇၂၂ တန်ကျော်၊ လွယ်ဂျယ်နယ်စပ် ကတန်ချိန် ၃ဝဝ၊ စုစု ပေါင်း ၄ဝ၂၂ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ပြောင်းလက်ကျန်နည်းလာတာ အပြင် တစ်ဘက်နိုင်ငံ ကပြောင်းတင်သွင်းမှုအပေါ် စိစစ်တားဆီးတာတွေ့ရှိ လာတဲ့အတွက် တင်ပို့တာလျော့နည်းလာရခြင်းဖြစ်ပါတယ်။
နှမ်းပို့ကုန်
    ဇူလိုင်လ တတိယပတ်အတွင်း ပင်လယ်ရေကြောင်းကနေ နှမ်းတန်ချိန် ၅၈ဝ ကျော် တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ တဲ့နိုင်ငံတွေကတော့ တောင်ကိုရီးယား၊ ကူဝိတ်၊ စင်္ကာပူနဲ့ ယူအေအီးတို့ဖြစ်ကြပါတယ်။ မူဆယ် ၁ဝ၅ မိုက်နယ်စပ်ကနေ တရုတ်နိုင်ငံကိုတော့ နှမ်းနက် ၄၄၁ တန်ကျော်၊ နှမ်းဖြူ ၆၃၇ တန်နဲ့ နှမ်းညိုတန် ၄ဝ ခန့် တင်ပို့ခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ထက် စုစုပေါင်း နှမ်းတန်ချိန် ၂ဝဝ ကျော် ပိုမိုတင်ပို့လာနိုင်ခဲ့တာ တွေ့ရပါတယ်။
မောင်သုံးသပ်
Ref: Trade Net. com

မောင်သုံးသပ်
Untitled Document
Warwartin said...
Wednesday 22 August 2012, 9:34 am
စိတ်ဝင်စားပါသဖြင့်
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.