23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးကွက်သတင်း

ဆန်
    ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ ငါးနှစ်အ တွင်း ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် တစ်သန်းဝယ်ယူရန် ဖနွမ်းပင်မြို့တွင် သြဂုတ်လ ၂ ရက်က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားသောက်ကုန် ဝန်ကြီးဌာနဝန်ကြီးက မိမိ တို့ အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန်နှစ်သိန်းနှင့် ပေါင်းဆန်တန် ချိန် ငါးသောင်းကို အမြန်ဆုံး ဝယ်ယူလိုကြောင်း ထိုစာချွန်လွှာ လက်မှတ် ရေးထိုးခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။ ဆန်တင်ပို့မှု ပထမအဆင့်အ ဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ နိုင်ငံပိုင် လုပ်ငန်းဖြစ်သည့် Green Trade ကုမ္ပဏီက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယခုနှစ် အောက်တိုဘာလတွင် ဆန်တန်ချိန် နှစ် သိန်းငါးသောင်းတင်ပို့သွားမည်ဖြစ်ပြီး ကျန်ရှိသည့် တန်ချိန် ခုနစ်သိန်းငါး သောင်းကို ၂ဝ၂၂ ခုနှစ်အထိ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်ရောင်းချရန် လက်မှတ်ရေးထိုးမှုသည် ကမ္ဘောဒီးယား နိုင်ငံက ပြည်ပနိုင်ငံများသို့ ဆန်အများဆုံး ရောင်းချရန် လက်မှတ်ရေးထိုးမှု များအနက် တစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယားစီးပွား-ကူးသန်း ဝန်ကြီးက ပြော ကြားပါသည်။
    အာရှဆန်တင်ပို့နေသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများကို ဇယား-၁ အတိုင်း တွေ့ရှိရပါသည်။

 

ဇယား-1                                ဈေးနှုန်း USD.PMT
ဆန်အမျိုးအမည် 26-7-2017 2-8-2017
ထိုင်းဆန်ဖြူ 100% 425 412
ထိုင်းဆန်ဖြူ 5% 430 397
ထိုင်းဆန်ဖြူ 25% 394 385
ထိုင်းပေါင်းဆန် 430 410
ဗီယက်နမ်ဆန်ဖြူ 5% 410 410
ဗီယက်နမ်ဆန်ဖြူ 25% 375 375
ပါကစ္စတန်ဆန်ဖြူ 25 % 360 360
ပါကစ္စတန် ပေါင်းဆန် 430 430
အိန္ဒိယဆန်ဖြူ 25% 365 365
အိန္ဒိယ ပေါင်းဆန် 410 410

အိန္ဒိယဈေးကွက်ပဲဈေးနှုန်း
    မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေးနှုန်းများ အခြေအနေ ကို ဇယား-၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား-2                         ဈေးနှုန်း  USD.PMT
ပဲအမျိုးအမည် 28-7-2017 4-8-2017
မတ်ပဲ 560 636
ပဲစင်းငုံ 483 534
-ပဲတီစိမ်း - -
ကုလားပဲဖြူလုံးကြီး 756 820

    အိန္ဒိယအစိုးရသည် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံ ထုတ်လုပ် မှု တိုးတက်ရေးတွင် အသုံးပြုရန်အတွက် ဘဏ္ဍာငွေ ရူပီး ၁ဝ၆၉ ဒသမ ၈၇ သိန်းကို ခွဲဝေချထားပေးသည်ဟု သိရသည်။ နွေဦးရာသီတွင် စိုက်ပျိုးသည့် ပဲများဖြစ်သည့် ပဲစင်းငုံ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနီလေးနှင့် နွေရာသီတွင် စိုက် ပျိုးသည့် ပဲတီရွှေဝါနှင့် မတ်ပဲ စိုက်ဧရိယာများကို တိုးချဲ့စိုက်ပျိုးသွားမည်ဟု ဆိုသည်။


အိန္ဒိယတွင် မိုးကြီး၍ စိုက်ပြီးသီနှံ ဟက်တာနှစ်သန်းပျက်စီးဖွယ်ရှိ
    ရာသီဥတုပြောင်းလဲမှုကြောင့် အိန္ဒိယနိုင်ငံဒေသအချို့တွင် ပုံမှန်မိုးရေ ချိန်ထက် ပိုမိုရွာသွန်းခဲ့ပြီး အချို့သော ဒေသများတွင် မဖြစ်စလောက်သာ မိုးရေချိန်ရရှိခဲ့ပါသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂူဂျာရတ်၊ ရာဂျပ် စသန်၊ အနောက်ဘင်ဂေါနှင့် အာသံပြည်နယ်အတွင်းရှိ ဒေသများ၌ ရေလွှမ်း မိုးမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းဒေသရှိ ပြည်သူလူထု၏ အသက်အိုးအိမ်များနှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ မိုးသည်းထန်ခြင်းနှင့် ရေလွှမ်းမိုး ခြင်းတို့ကြောင့် ဂူဂျာရတ်ပြည်နယ် မြောက်ပိုင်းဒေသများနှင့် ဆူလာရှီလာ ဒေသတို့တွင် နွေရာသီစိုက်ပျိုးသီးနှံများဖြစ်သည့် ဝါ၊ မြေပဲ၊ ကြက်ဆူ၊ ပဲမျိုးစုံ နှင့် နှံစားပြောင်းသီးနှံစိုက်ဧရိယာစုစုပေါင်း ၃ဝ  ရာခိုင်နှုန်းခန့် အနည်းဆုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရပါသည်။

မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.