18-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1046
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်

ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့် ကောက်ညှင်းဆန် ၅၃၃၃၄ တန် တင်ပို့ခဲ့ပါသည်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ငစိန် ၃၉၃ တန်၊ ဧည့်မထ ၄၁၁၁၆ တန်နှင့် ကောက် ညှင်းတန် ၁ဝဝ၊ ချင်းရွှေဟော်မှ ဧည့်မထ ၁၁၃၉ တန်ကျော်၊ လွယ်ဂျယ်မှ ငစိန်  ၇၈၄ဝ တန်နှင့် ဧည့်မထ ၉၉၆၁ တန်ကျော်၊ မောင်တောမှ ဧည့်မထ ၆၂၅ တန် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်တင်ပို့မှုထက် ၇၄၃၉ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါသည်။

 ဒီဇင်ဘာ ၁၄ ရက်မှ ၂ဝ ရက်အထိ မူဆယ်သို့ ဆန်အဝင်မှာ ၄၅၅၅၆ တန်ရှိပြီး ယခင်တစ်ပတ်ထက် ၇၃၅၆ တန် ပိုမိုဝင်ပါသည်။ ဆန်အရောင်း အဝယ်လည်း ပုံမှန်ရှိနေပါသည်။

ဒီဇင်ဘာ ၁ဝ ရက်မှ ၁၆ ရက်အထိ ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် ၁၉၉၉၃ တန် တင်ပို့ခဲ့ပါသည်။ ယင်းတန်ချိန်တွင် မြန်မာ့ဆန်တန်ချိန် သုံး သိန်းဝယ်ယူရန် MOU ရေးထိုးထားသော  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန် ၁၂၆၂၅ တန် ပါဝင်ပါသည်။

ယခုတစ်ပတ်ရန်ကုန် ဆန်ဈေးကွက်တွင် ဆန်ချောအသစ်ဈေးကွက် အေးနေပြီး ဆန်ကြမ်းဈေးမှာ မာလျက်ရှိပါသည်။ ပေါ်ဆန်းအသစ်ဈေးမှာ တစ်အိတ်လျှင် ကျပ် ၂၈ဝဝဝ မှ ၂၉ဝဝဝ ရှိပြီး တစ်အိတ်လျှင်  ကျပ် ၅ဝဝ ခန့် ဈေးတက်လာပါသည်။ ယခင်တစ်ပတ်က စတင်ဝင်ရောက်လာသော ဆန်ချော အသစ်များမှ  ဈေးကွက်အေးလျက်ပင်ရှိပါသည်။

ဆန်ကြမ်း ဧည့်မထ ၂၅ မှတ် တစ်အိတ်လျှင် ကျပ် ၁၈၅ဝဝ မှ ၁၉ဝဝဝ ရှိပြီး ဆန်ကြမ်းအသစ် (ရှယ်) တစ်အိတ်လျှင် ကျပ် ၂၁ဝဝဝ မှ ၂၁၅ဝဝ၊ ရက် ၉ဝ အသစ်တစ်အိတ်လျှင် ကျပ် ၂၃ဝဝဝ မှ ၂၃၅ဝဝ နှင့် တစ်အိတ် လျှင် ကျပ် ၅ဝဝ ခန့် ဈေးတက်ပြီး ဆန်ကြမ်းဈေးမာနေပါသည်။

ပဲမျိုးစုံတင်ပို့မှု

 ဒီဇင်ဘာလ ၁ဝ ရက်မှ ၁၈ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် FOB  အရောင်းအဝယ်ဖြစ်မှု အခြေအနေမှာ တန်ချိန်အားဖြင့် မတ်ပဲ ၆၃၈၃ တန်၊ ပဲတီစိမ်း ၁၁၁၃ တန်၊ ပဲစင်းငုံ ၁၂၅၄ တန်၊ ကုလားပဲ ၄၁၂ တန်၊ ပဲလွန်းဖြူ ၂၈ တန်နှင့် မြေထောက်ပဲ ၃ တန်ရှိပါသည်။

ယခုတစ်ပတ် ၂၅-၁၂-၂ဝ၁၇ နေ့ထိ ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ ဈေးတက်ပြီး ပဲစင်းငုံနီဈေးအနည်းငယ်ကျလာပါသည်။ ယခင်တစ်ပတ်က မတ်ပဲ FAQ (RC) တစ်တန်လျှင် ကျပ် ၅၄၂ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၅၆၅ဝဝဝ အထိ၊ ယခင်တစ်ပတ်က မတ်ပဲ SQ (RC) တစ်တန်လျှင် ကျပ် ၆၉၂ဝဝဝ ဈေးရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၇ဝဝဝဝဝ အထိ ဈေးတက်လာပါသည်။ ပဲစင်းငုံနီမှာ ယခင်တစ်ပတ်ကတစ်တန်လျှင် ကျပ် ၃၇၆ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၃၉၆ဝဝဝ အထိ ဈေးတက်လာ ပါသည်။

မူဆယ်အစေ့ထုတ်ပြောင်းဈေးကွက် အရောင်းအဝယ်ပြန်တက်

ယခုတစ်ပတ် မူဆယ်ဈေးကွက်တွင် အစေ့ထုတ်ပြောင်းဈေးငြိမ်နေပြီး အရောင်းအဝယ်တက်လာခဲ့သည်။ အစေ့ထုတ်ပြောင်း ၅ဝ ကီလိုဂရမ် တစ် အိတ်လျှင် မြန်မာဘက်တွင် ၇၅ ယွမ်မှ ရွှေလီဘက်တွင် ၈၂ ယွမ်နှင့် ယခင်  တစ်ပတ်က  ဈေးအတိုင်း အပြောင်းအလဲမရှိချေ။

ယခင်တစ်ပတ်က အစေ့ထုတ်ပြောင်း ၄၅ဝ၁၉ တန် အရောင်းအဝယ်ရှိခဲ့ ရာမှ ယခုတစ်ပတ်တွင် ၅ဝ၆၇၄ တန်အထိ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ တရုတ် ငွေတစ်ယွမ်လျှင် မြန်မာငွေ ၂ဝ၄ ကျပ်ပေါက်ဈေးရှိသဖြင့် ယခင် တစ်ပတ်အတိုင်း ငွေလဲနှုန်းအတက်အကျမရှိကြောင်း သိရပါသည်။


မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.