| |
Untitled Document
|
|
|
|
အာရှဒေသ ငွေကြေးသတင်း
ဇူလိုင် ၁ဝ ရက်နေ့မှာတော့ ဥရောပ ဗဟိုဘဏ် ECB ဥက္ကဋ္ဌ Jean Clande Trichet ကအခုလောလောဆယ်မှာ ပြန်လည်စုစည်းမှုတွေကြောင့် စီးပွားရေး ပြန်လည်ဦးမော့ လာနေပြီလို့ပြောခဲ့တယ်။ ဒါကြောင့်လဲ US$ နဲ့ Euro ငွေတို့ရဲ့ လဲလှယ်နှုန်းမှာ သီတင်းရှစ်ပတ်ကြာ မြင့်တက်နေတဲ့ US$ ရဲ့နောက်ကလိုက်ပြီး Euro ငွေကလဲ ဈေးပြန်တက်လာပြီလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ US$ နဲ့ ဂျပန် Yen ငွေတို့ဟာ သူတို့ရဲ့ ယှဉ်ပြိုင်ဘက် ငွေတွေနဲ့လဲလှယ်ရာမှာ ဈေးကျခဲ့ပါတယ်။ ငွေကြေးဈေးကွက်မှာ ဈေးအတက်ဆုံး ငွေကြေးကတော့ကနေ ဒါနိုင်ငံသုံး C$ ပါပဲ။ ကနေဒါ နိုင်ငံရဲ့ ဗဟိုဘဏ်မူဝါဒ အစည်းအဝေးကို ဇူလိုင်လကုန်ပိုင်းမှာ မကျင်းပခင် တစ်လခန့်အလိုကတည်းက အလုပ် တွေတိုးချဲ့ရာမှ အလုပ်သမားများလို အပ်မှုက ငါးလဆက်တိုက်တိုးလာခဲ့ လို့ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ တိုရန်တိုမြို့ Toronto- Dominion ဘဏ်ကငွေ ကြေးဆိုင်ရာ မဟာဗျူဟာမှူး Shan Osborne က လာမယ့်သီတင်းပတ်မှာတော့ အန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေက ရှိလာနိုင်ပါတယ်။ ဒီသီတင်းပတ်မှာတော့ Trichet စကားကမှန်နေမှာပေါ့။ သူ့စကားက Euro ငွေကိုလဲ နည်းနည်းလောက် အထောက်အပံ့ ဖြစ်သွားတာကိုး။ Euro ငွေဟာ ဇူလိုင်လ ၂ ရက် နေ့မှာ US$ နဲ့လဲလှယ်တဲ့အခါ US$ ၁.၂၅၊ US$ ၁.၂၄ ဈေးတွေရှိပေမယ့် ဇူလိုင်လ ၁ဝရက်နေ့မှာတော့ US$ ၁.၂၆၊ US$ ၁.၂၇ဈေးရှိပါတယ်။ မေလ ၁၂ ရက်နောက်ပိုင်းအမြင့်ဆုံး ဈေးပါ။ US$ ငွေဟာ ဂျပန် Yen ငွေနဲ့ ဆိုရင် ၁၁ဝ.၂၇ Yen ကနေ ၁၁၂ Yen ဈေးအထိ တက်သွားပါတယ်။ ကနေဒါနိုင်ငံရဲ့ C$ ဟာ US$ နဲ့ဆိုရင် ၁.ဝ၃ C$ န ကနေ ၁.ဝ၂ C$ အထိ ဈေးတက်လာပါတယ်။ ဒီ ဈေးဟာ ဇွန်လ ၂၃ ရက်နောက်ပိုင်း အမြင့်ဆုံးဈေးပါ။ ဂျပန်နိုင်ငံရဲ့ စီးပွားရေးနဲ့ ငွေ ကြေးအခြေအနေက အချိန်တိုအတွင်းမှာ မသေချာ မရေရာမှုတွေနဲ့ ကြုံ တွေ့နေရပါတယ်။ ဘာကြောင့်လဲဆို တော့ ဂျပန်နိုင်ငံရဲ့ ကုန်သွယ်ရေးလို ငွေပြမှု၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အပေါ် မှီိခိုနေခြင်းက ကင်းလွတ် သွားတာလဲတစ်ကြောင်းပါ။ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ IMF ကတော့ ဒီနှစ်မှာ ကမ္ဘာတစ်ခုလုံးရဲ့ စီးပွားရေးက တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ ပထမ ခြောက်လပတ်ကုန်မှာ ပြန်ပြောင်းသုံး သပ်ကြည့်ကြရာမှာ မျှော်မှန်းထားတာ ထက်ပိုပြီး ခိုင်မာလာတာကို တွေ့ရတယ် ဆိုပါတယ်။ ဒါပေမယ့် ပြန် လည်ကောင်းမွန်လာဖို့ဆိုတာ အန္တရာယ်ကြားကဖြစ်တယ်ဆိုတာ ပေါ်လာတာနဲ့ ဘဏ္ဍာရေးဆိုးရွားမှု ကလဲ တိုးလာမှာဖြစ်တယ်လို့IMF က သတိပေးထားပါတယ်။ ကမ္ဘာ့စီးပွားရေးဟာ ၂ဝ၁ဝ ခုနှစ် မှာ ၄.၆ ရာခိုင်နှုန်းကျယ်ပြန့်လာ နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ၂ဝဝ၇ ခုနှစ်နောက်ပိုင်း အကြီးမား ဆုံးပါပဲ။ ဧပြီလမှာ ခန့်မှန်းခဲ့တာက ၄.၂ ရာခိုင်နှုန်းပါ။ ဒီကိန်းဂဏန်းကို World Economic Outlook မှာ IMF မှာ IMF ကပြင်ဆင်ခန့်မှန်းလိုက်တာပါ။ လာမယ့်နှစ်မှာ ၄.၃ ရာခိုင်နှုန်းလို့ဆိုပါ တယ်။ ဘဏ္ဍာရေး လောကမှာ အထင်ကရဖြစ်တှဲ့ jzpfwJhStandard Poor's 500 အညွှန်းကိန်းနဲ့ Stoxx ဥရောပ ၆ဝဝ အညွှန်းကိန်းရဲ့ ခန့်မှန်းချက်ကတော့ ၅.၄ ရာခိုင်နှုန်းပါ။ ဥရောပ ၁၆ နိုင်ငံသုံးစွဲနေတဲ့ Euro ငွေနဲ့ ပတ်သက်ပြီး ECB ဥက္ကဋ္ဌ Trichet က ဇူလိုင်လ ၈ ရက်နေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ''အညွှန်းကိန်းတွေ ဖော်ပြနေတာက လာမယ့်နွေရာသီမှာ စီးပွားရေးအခြေ အနေကောင်းလာမယ်၊ ဒါပေမယ့် ငွေကြေးဖောင်းပွမှုကတော့ မျှော်လင့် ထားတဲ့အတိုင်း ခိုင်ခိုင်မာမာနဲ့ ကျောက်ဆူးချထားသလို မြဲနေဦး မယ်''လို့ပြောပါတယ်။ ဥရောပတစ်လွှားက ဂရိနိုင်ငံ၊ စပိန်နိုင်ငံ၊ အိုင်ယာလန်နိုင်ငံတွေမှာ ငွေကြေးပြဿနာ၊ ကြွေးမြီပြဿနာ၊ အစိုးရ သုံးစွဲမှု မြင့်မားမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်နဲ့ တစ်ပြိုင်တည်း အာရှဒေသမှာလဲ တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေပြမှုက သိပ်များပြားပြီး တင်ပို့ကုန်က ခန့်မှန်းထားတာထက် မြင့်တက်သွားတာ ဇွန်လဟာ စံချိန် အမြင့်ဆုံးပါပဲ။ Bloomberg သတင်းဌာနက စီးပွားရေး သုတေသီ ၂၄ ဦးရဲ့ စစ်တမ်းအရ မနှစ်ကထက် ဒီနှစ်မှာ ၁၄ဝ ရာခိုင်နှုန်းတိုးပြီး US$ ၂ဝ ဘီလီယံ အထိ တိုးလာတယ်လို့ တရုတ် အကောက်ခွန်ဌာနက သတင်း ထုတ်ပြန်ခဲ့တယ်။ မနှစ်က US$ ၁၅.၆ ဘီလီယံပဲရှိတယ်။ တင်သွင်း ကုန်ကလဲ ၃၄ ရာခိုင်နှုန်းတိုးလာတယ်လို့ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ အရန်စုဆောင်း ထားသော နိုင်ငံခြားငွေဟာ ကမ္ဘာပေါ်မှာ အများဆုံး အဆင့်တစ်နေရာမှာ ရှိပါတယ်။ နှစ်စဉ်တိုးနေတာဟာ အခု ဒုတိယ သုံးလပတ်မှာ ၁၁ နှစ် အတွင်း အနှေးဆုံးဖြစ်ခဲ့တယ်လို့ ဝေဖန်သုံးသပ်နေကြပါတယ်။ ယခုနှစ် ဇွန်လကုန်မှာ တရုတ် နိုင်ငံရဲ့ နိုင်ငံခြားငွေစုစုပေါင်းဟာ US$ ၂.၄၅ ထရီလီယံရှိရာက US$ ၇.၂ ဘီလီယံထပ်တိုးလာတယ်လို ပြည့်သူ တရုတ်နိုင်ငံဘဏ် People's Bank of China-PBC ကသတင်းထုတ်ပြန်ပါတယ်။ အထက်ပါ ပမာဏတိုးခြင်းဟာ ၂ဝဝ၁ ခုနှစ်နောက်ပိုင်း အနည်းဆုံးတိုးခြင်း ဖြစ်တယ်။ ဟောင်ကောင်နဲ့ ရှန်ဟိုင်းဘဏ် ကော်ပိုရေးရှင်း HSBC ရဲ့ဈေးကွက် သုတေသနဌာန Markit ရဲ့ စစ်တမ်း ကောက်ယူမှုများအရ ဒီနှစ်ရဲ့ ဒုတိယ သုံးလပတ်ဟာ မနှစ်ကတတိယသုံး လပတ်ထက် တင်ပို့မှုလုပ်ငန်းတွေ လျောဆင်းတာကို တွေ့ရတယ်။ အထူးသဖြင့် တရုတ်နဲ့တရုတ်တိုင်ပေတို့ရဲ့ တင်ပို့မှုလုပ်ငန်းတွေ ကျဆင်းခဲ့လို့ဖြစ်တယ်။ ထွန်းသစ်စနိုင်ငံတွေရဲ့ ကုန်ထုတ်လုပ်မှု အညွှန်းကိန်းတွေလဲ နှေးကွေးသွားတာ တွေ့ရတယ်။ တရုတ်နဲ့ ဘရာဇီးနိုင်ငံရဲ့ ထုတ်လုပ်မှုနဲ့ အမှာစာက အတော်အားပျော့သွားတယ်။ ဒါပေမယ့် အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေရဲ့ ထုတ်လုပ်မှုကတော့ အရှိန်မြင့်တက် လာတယ်လို့ Marketwatch သတင်း ဌာနရဲ့ Marketwatch က ဖော်ပြခဲ့ ပါတယ်။ Sources; Market watch, FT.Com, Bloomberg. |
|
|
|
|
|
|
|
Untitled Document
|
|
|