အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
တစ်ပတ်အတွက် နိုင်ငံတကာ ဈေးကွက်

ရွှေဈေးတအိအိကျ
US$ ဈေး ၁၂ဝဝ အောက်သို့ တစ်ကျော့ပြန်ဆင်း

ရွှေ၏ ကြိုတင်ပေးဈေးကွက် Futures ၌ ရင်းနှီးမြှုပ်နှံသူများက ဈေးပြန်လှုပ်လာသော စတော့ရှယ်ယာနှင့် ရေနံဘက်သို့ ပြန်စိတ်ဝင်စားလာကြ၍ ရွှေဈေးပြန်လျော ဆင်းနေသည်။

သြဂုတ်လအတွက် ကြိုတင်ပေး ဈေးကွက်၌ ရွှေဈေးသည် တစ်အောင်စလျှင် US$ ၁၁၉၆ ဈေးရှိသည်ဟု နယူးယောက် Comex sဈေးကွက်က ဆို သည်။

ချီဂါကို Lind- Waldock လုပ်ငန်းမှ အကြီးတန် ဈေးကွက်ဗျူဟာမှူး Adam Klopfenstein က ''ရွှေကိုဝယ်ထားမိတဲ့အတွက် စိုးရိမ်စိတ်တွေက ပြန်ဝင်လာကြပြန်ပြီ။ Euro အခြေအနေကြောင့်ပါ။ Euro ငွေကြေးအပေါ် အကောင်းမြင်တဲ့ လက္ခဏာတွေပေါ်လာလို့ပါ။ နEuro ကမသ ကိုရောင်းပြီး ရွှေဝယ် တဲ့လုပ်ငန်းက ပြောင်းပြန်ဖြစ်နေပြီ။ ဒါဟာ စိုးရိမ်မှုတစ်စုံတစ်ခုကြောင့် ငွေကြေးဖောင်းပွမှုကြောင့်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံလိုသူတွေရဲ့ ရွှေအပေါ် စိတ်ဝင်စားမှုကြောင့် ဖြစ်ရတာပါ''ဟု ဆိုပါတယ်။

ရွှေဈေးက ဇူလိုင်လ ၈ ရက်နေ့မှာ တစ်အောင်စကို US$ ၁၁၈၇.၃ဝ ဈေးရှိ၏။

သတ္တုဈေးကွက်၌ ရွှေဈေးအပြောင်းအလဲကို ကြည့်ကာ အပြောင်းအလဲများ အနည်းငယ် ရှိခဲ့သည်။

ရွှေ ။ လျောဆင်း ။ လန်ဒန်ရွှေဈေးကွက် London Bullion Market -LBM ၌ ရွှေဈေးမှာ တစ်အောင်စလျှင် US$ ၁၁၉၉ ဈေးရှိသည်။ ယခင်သီတင်းပတ်က US$ ၁၁၉၈ ဈေးရှိ၏။

နယူးယောက်မြို့ comex ဈေးကွက်၌ ရွှေဈေးမှာ တစ်အောင်စလျှင် US$ ၁၂ဝ၉ ဈေးရှိ၏။ လန်ဒန်မြို့၌ ရွှေဈေးလျောဆင်းပြီး နယူးယောက်မြို့၌ ဈေးတက်နေ၍ အံ့အားသင့်နေကြသည်။ ယခင်သီတင်းပတ်က US$ ၁၂ဝဝ ဈေးရှိ၏။

ကြေးနီနှင့် အခြားသတ္တုများ ။ ။

LME ဈေးကွက်၌ အခြားသတ္တုများ၏ ဈေးမှာ

အလူမီနီယမ် တစ်တန် US$ ၁၉၇ဝ။

ယခင်သီတင်းပတ်က US$ ၁၉၃၂။

ခဲ တစ်တန်ကို US$ ၁၈ဝ၇။

ယခင်သီတင်းပတ်က US$ ၁၇၃၅။

နီကယ် တစ်တန်ကို US$ ၁၉၁၁ဝ။

ယခင်သီတင်းပတ်ကUS$ ၁၉၁၂၅။

သံဖြူ တစ်တန်ကို US$ ၁၇၆၉၅။

ယခင်သီတင်းပတ်က US$ ၁၇၂၇၅။

သွပ် တစ်တန်ကို US$ ၁၈၃၉။

ယခင်သီတင်းပတ်က US$ ၁၇ဝ၅။

ရေနံစိမ်း ။ တက် ။ လန်ဒန် Brent မြောက်ပင်လယ်ရေနံစိမ်းဈေးသည် IPE ဈေးကွက်၌ တစ်စည်လျှင် US$ ၇၅.၄၂ ဈေးရှိ၏။ ယခင် သီတင်းပတ်က US$ ၇၁.၆၅ ဈေးရှိသည်။

နယူးယောက်မြို့ Nymex ဈေးကွက်၌ Light Sweet ရေနံစိမ်း တစ်စည်လျှင် US$ ၇၆.ဝ၉ ဈေးရှိသည်။ ယခင်သီတင်းပတ်က US$ ၇၂.၄ဝ ဈေးရှိသည်။

WTI ရေနံစိမ်းတစ်စည်လျှင် US$ ၇၆.ဝ၆။

Dubai ရေနံစိမ်းဈေး တစ်စည်လျှင် US$ ၇၃.၅၂ ဈေးရှိ၏။

ဓာတ်ဆီတစ်ဂါလန်လျှင် US$ ၂.ဝ၇ ဈေးရှိ၏။

Sources; Market watch, FT.Com, Bloomberg.
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.