| |
Untitled Document
|
|
|
|
တစ်ပတ်အတွက် နိုင်ငံတကာဈေးကွက်
ဇွန်လအတွင်း တရုတ်နိုင်ငံတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ရောက်ရှိလာခြင်းသည် ဒုတိယအမြင့်ဆုံးအထိ တက်ခဲ့သည်ဟု စီးပွားရေး ကုန်သွယ်ဝန်ကြီး ဌာနက ဇူလိုင်လ ၁၅ ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။ မြင့်တက်ခဲ့သည့် ပမာဏမှာ US$ ၁၂.၅ ဘီလီယံဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၃၉.၆ ရာခိုင်နှုန်း ဖြစ်သည်။ Volkswagen AG နှင့် Tesco Plc လုပ်ငန်းများက အဓိကရင်းနှီးမြှုပ်နှံ ခဲ့ကြခြင်းဖြစ်၏။ စီးပွားရေး ပြန်လည်ကောင်းမွန်လာမှုကို ရင်းနှီးမြှုပ်နှံသူများက ယုံကြည်ခြင်းဖြင့် ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်ဟု စိးပွားကုန်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ခံက ပြောခဲ့သည်။ စင်ကာပူအခြေစိုက် CIMB သုတေသနအဖွဲ့မှ ဘောဂဗေဒမှူး Song Seng Wum က ''တရုတ်နိုင်ငံရဲ့ စီးပွားရေးက နှေးကွေးလာနေတယ်။ ကျွန်တော်တို့ ပြောချင်တာက နှေးကွေးမှုဟာ တည်ငြိမ်မှု ရှိတာကိုပြတာ ရုတ်ခြည်းပြုတ်ကျသွားမှာ မဟုတ်ဘူး''ဟု ပြောသည်။ သူ့စကားမှာ တရုတ်နိုင်ငံ၏ ကြေညာချက်ကို ထုတ်ဖော်မပြောသော်လည်း HSBC ဦးပိုင်လုပ်ငန်း၏ ခန့်မှန်းချက်ထက် အနည်းငယ် ကျဆင်းနေ၍ ဖြစ်သည်။ ဇူလိုင် ၁၄ ရက်နေ့ CNN သတင်းတစ်ပုဒ်အရ ရေနံစိမ်းဈေးသည် နာရီချိန်သီးပမာ အတက် အကျဖြစ်နေရာမှ US$ ၇ဝ အောက်နှင့် အထက်အတွင်းသာရှိခဲ့သည်။ ရေနံစိမ်းဈေးသည် US$ ၇ဝ မှ US$ ၈ဝ ကြားရှိခဲ့သည်မှာ လွန်ခဲ့သည့် မေလကတည်းကဖြစ်သည်။ ယခုကဲ့သို့ ရေနံစိမ်း ကျရခြင်းမှာ ရေနံစိမ်းအရန် သိုလှောင်ထားမှု ကိန်းဂဏန်းသည် ၂.၆ ဘီလီယံ ကျရမည်ဟု ခန့်မှန်းထားသော်လည်း ရေနံစည် ၅.၁ ဘီလီယံ ကျသွား၍ဖြစ်သည်။ Moody's Economy.com မှ အမှုဆောင် ဘောဂဗေဒမှူး Chris Lafakis က ခန့်မှန်းထားသည်မှာ ရေနံစိမ်းဈေးသည် ၂ဝ၁ဝ ခု ဒုတိယ ခြောက်လပိုင်း၌ US$ ၈ဝ ဈေးဖြစ်ကာ ၂ဝ၁ဝ ကုန်ပိုင်း၌ US$ ၈၉ မှ US$ ၉ဝ အထိဖြစ်မည်ဟု ဆိုသည်။ ရွှေ ။ လှုပ်ရှား ။ လန်ဒန်ရွှေဈေးကွက် London Bullion Market -LBM ၌ ရွှေဈေးမှာ တစ်အောင်စလျှင် US$ ၁၂ဝ၉.၂၅ ဈေးရှိသည်။ ယခင်သီတင်း ပတ်က US$ ၁၁၉၉ ဈေးရှိ၏။ နယူးယောက်မြို့ Comex ဈေးကွက်၌ ရွှေဈေးမှာ တစ်အောင်စလျှင် US$ ၁၂၈၈.၂ဝ ဈေးရှိ၏။ ယခင်သီတင်းပတ်က US$ ၁၂ဝ၉ ဈေးရှိ၏။ ကြေးနီနှင့် အခြားသတ္တုများ ။ တက် ။ လန်ဒန်သတ္တုဈေးကွက် London Metal Exchange - LME ၌ Grd A ကြေးနီတစ်တန်လျှင် US$ ၆၆၄၅ ဈေး ရှိသည်။ ယခင်သီတင်းပတ်က US$ ၆၅၄၅ ဈေးရှိ၏။ နယူးယောက်မြို့ Nymex ဈေးကွက်၌ hri-grd ကြေးနီ တစ်တန်လျှင် US$ ၆၅၄၈.၆ဝ ဈေးရှိသည်။ ယခင်သီတင်းပတ်က US$ ၆၆၃၂ ရှိသည်။ LME ဈေးကွက်၌ အခြားသတ္တုများ၏ ဈေးမှာ အလူမီနီယမ် တစ်တန် US$ ၂ဝဝ၈.၅ဝ။ ယခင်သီတင်းပတ်က US$ ၁၉၇ဝ။ ခဲ တစ်တန်ကို US$ ၁၇၈၇။ ယခင်သီတင်းပတ်က US$ ၁၈ဝ၇။ နီကယ် တစ်တန်ကို US$ ၁၉၂၁၅။ ယခင်သီတင်းပတ်က US$ ၁၉၁၁ဝ။ သံဖြူ တစ်တန်ကို US$ ၁၇၈၅ဝ။ ယခင်သီတင်းပတ်က US$ ၁၇၆၉၅။ သွပ် တစ်တန်ကို US$ ၁၇၉၉။ ယခင်သီတင်းပတ်က US$ ၁၈၃၉။ ရေနံစိမ်း ။ တက် ။ လန်ဒန် Brent မြောက်ပင်လယ် ရေနံစိမ်း ဈေးသည် IPE ဈေးကွက်၌ တစ်စည်လျှင် US$ ၇၅.၃၇ ဈေးရှိ၏။ ယခင် သီတင်းပတ်က့ှ$ ၇၅.၄၂ ဈေးရှိသည်။ နယူးယောက်မြို့ Nymex ဈေးကွက်၌ Light Sweet ရေနံစိမ်း တစ်စည်လျှင် US$ ၇၆.ဝ၁ ဈေးရှိသည်။ ယခင်သီတင်းပတ်က US$ ၇၅.၄၂ ဈေးရှိသည်။ WTI ရေနံစိမ်းတစ်စည်လျှင် US$ ၇၅.၉၄။ Dubai ရေနံစိမ်းဈေး တစ်စည်လျှင် US$ ၇၃.ဝ၈ ဈေးရှိ၏။ ဓာတ်ဆီတစ်ဂါလန်လျှင် US$ ၂.ဝ၄ ဈေးရှိ၏။ Sources; Market watch, FT.Com, Bloomberg. |
|
|
|
|
|
|
|
Untitled Document
|
|
|