2-12-2012
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကွန်ဒိုပေါ်လာရင် ပိုင်ဆိုင်မှုက ပိုပီပြင်လာမယ် အဲဒီအခါ ဘဏ်မှာ အာမခံထားပြီး ငွေချေးလို့ရမယ် ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဌ-၂ ဦးသန်းလွင်နှင့် တွေ့ဆုံခြင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၇၅၀
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
 
ဆန်စပါးဈေးကျဆင်းမှုကြောင့် စပါးအစား အခြားသီးနှံပြောင်းလဲစိုက်ပျိုးမှုရှိလာ(ခင်ဘုန်းစော(မန္တလေး))   

ဇန်နဝါရီလ နောက်ဆုံးပတ်အရောက်တွင် မိုးစပါးစိုက်ကွင်း အားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီးြေ>ွခလှေ့သန့်စင်မှုအပိုင်းကို အပြီး သတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ မိုးစပါးရိတ် သိမ်းပြီးတာနဲ့ နှစ်စဉ် နွေစပါးကို တစ်ဆက်တည်းစိုက်ပျိုးကြ သော်လည်း ယခုအခါ မိုးစပါးပေါ်ပင်ကာလတွင် ဆန်စပါးဈေးကျ ဆင်းနေတာကြောင့် မိုးစပါးစိုက်ပျိုးမှုကုန်ကျစရိတ်နှင့် မကိုက်ညီ တဲ့အတွက် နွေစပါးစိုက်ပျိုးမှုအစား အခြားသီးနှံများကို အစားထိုး စိုက်ပျိုးလာကြကြောင်း သိရသည်။ မန္တလေးနှင့် အနီးတစ်ဝိုက် ဆည်ရေသောက်စိုက်ကွင်းများဖြစ်သော မတ္တရာ၊ ပုသိမ်ကြီး၊ အောင်ပင်လယ်၊ ကျောက်ဆည်၊ မြစ်သား၊ ကူမဲ၊ စဥ့်ကိုင်ဒေသ တို့သည် တစ်နှစ်လျှင် စပါးပြီးစပါး သုံးကြိမ်သီးထပ်စိုက်ပျိုးနိုင် သောစိုက်ကွင်းများဖြစ်ကြောင်းသိရသည်။ ယခုအခါ စပါးစိုက်ပျိုး မှုနည်းခဲ့ပြီး ကုလားပဲ၊ ဂျုံ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နှမ်း၊ နေကြာတို့ကို အစားထိုးစိုက်ပျိုးလာကြောင်းသိရသည်။ လက်ရှိတွင် မနောသုခစပါး တစ်တင်းမှာ ၃ဝဝဝ ကျပ်၊ ဆန်တစ်ပြည်မှာ ၅ဝဝ ကျပ်ဈေး ပေါက်လျက်ရှိသည်။ ယင်းပေါက်ဈေးများသည် နယ်ပေါက်ဈေးများ ဖြစ်သည်။ ဆန်စပါးကိုအဓိကထား၍စားသုံးသော မြန်မာနိုင်ငံတွင် ဆန်ဈေးကျဆင်းခြင်းသည် အများပြည်သူအတွက် ကောင်းသော်လည်း စိုက်ပျိုးစရိတ်နှင့်မကာမိ၍ စပါးစိုက်တောင်သူများနည်းလာလျှင် ဆန်ဈေးက ပြန်၍ကြီးမြင့် နိုင်သည်။ ထို့ကြောင့် စားသုံးသူအတွက် မများသောနှုန်းနှင့် စိုက်ပျိုးတောင်သူအတွက် ထိုက်သင့်သော အကျိုး အမြတ်ရရှိရေးအတွက် သက်ဆိုင်ရာက ထိန်းညှိပေးသင့်ကြောင်း သိရသည်။ ခင်ဘုန်းစော(မန္တလေး)

 
ဆက်လက်ဖတ်ရှုရန် ~~~    
 
 
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.