2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျောင်းကန်ဘုရား
ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်များ ယာယီရပ်နား

ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်တွေကို မေလ ပထမပတ်ကစပြီး ရပ်နားထား လိုက်ပြီဖြစ်တယ်လို့ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းအများစုက တညီတညွတ်တည်း အတည်ပြုပြောဆိုပါတယ်။ မဟာတိုး ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းက တာဝန်ရှိသူတစ်ဦးက ''ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်ပို့ဆောင်ရေးလုပ်ငန်းကို မေလ ပထမပတ်ကတည်းက ယာယီရပ်နားထားလိုက်ပါတယ်။ စက်တင်ဘာလလောက်မှ ပြန်လည် စတင်မှာဖြစ်ပါတယ်''လို့ ဆိုပါတယ်။ မဇ္ဈိမဂုဏ် ဘုရားဖူးပို့ဆောင်ရေးလုပ် ငန်းက တာဝန်ရှိသူတစ်ဦးကလဲ ''ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်တွေကို ယာယီ  ရပ်နားထားလိုက်ပါပြီ။ စက်တင်ဘာလလောက်မှာ ပြန်ပြီး စတင်မှာပါလို့ ပြောပြပါတယ်။ အောင်ချမ်းသာဗုဒ္ဓဂယာ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းက တာဝန်ရှိသူ အမျိုးသမီးတစ်ဦးကလဲ ''ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်တွေကို ရပ် နားထားပါတယ်။ အောက်တိုဘာလမှ ပြန်ပြီးစတင်မှာဖြစ်ပါတယ်။ ခရီး စဉ်အတွက် ကြိုပြီးစာရင်းပေးထားချင်ရင်တော့ လက်ခံပေးပါတယ်''လို့ ပြောပြပါတယ်။ ဗုဒ္ဓဂယာ ခရီးစဉ်ရပ်နားထားရတဲ့ အဓိကအကြောင်း ရင်းကတော့ အိန္ဒိယနိုင်ငံရဲ့ ရာသီဥတု ပူပြင်းတာကြောင့်လို့ ဘုရားဖူးပို့ ဆောင်ရေး လုပ်ငန်းတွေက ပြောပြပါတယ်။''အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုက အခုအချိန်မှာ အတော်ကလေးပူပါတယ်။ သက်ကြီးရွယ်အိုတွေပါတော့ သူတို့ရဲ့ကျန်းမာရေး ထိခိုက်မှာစိုးလို့ ခရီးစဉ်ကို ရပ်နားထားရတာပါ''လို့  အောင်ချမ်းသာ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းက ပြောပြပါတယ်။ ဘုရားဖူး ပို့ဆောင်ရေး လုပ်ငန်းအချို့ကတော့ မေလထဲမှာပဲ ဗုဒ္ဓဂယာကို ပို့ဆောင် ပေးနေသေးကြောင်းသိရပါတယ်။ ပို့ပေးတဲ့ ကုမ္ပဏီတချို့ရှိပါတယ်။ ဒါပေမယ့် အများစုကတော့ နားကြပါတယ်လို့ ဗုဒ္ဓဂါယာ ဘုရားဖူး ပို့ဆောင် ရေး လုပ်ငန်းတစ်ခုက ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ရောက်ရှိ သီတင်းသုံး နေထိုင်နေတဲ့ မြန်မာရဟန်းတော်တစ်ပါးကတော့ ဗုဒ္ဓဂယာကို လာဖို့ အကောင်းဆုံး အချိန်က မိုးရာသီကာလဖြစ်တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေ ပဲဖြစ်တယ်လို့ အွန်လိုင်းကနေတစ်ဆင့် ပြောပြပါတယ်။ ''မြန်မာနိုင်ငံရဲ့ မိုးရာသီကာလမှာ ဗုဒ္ဓဂယာလာဖို့ အကောင်းဆုံးအချိန်ပဲ။ အဲ့ဒီအချိန်ဆို ဗုဒ္ဓဂယာမှာလဲ မိုးရွာတယ်။ ဒါပေမယ့်သည်းကြီးမည်းကြီးရွာတာမဟုတ်ဘူး။ မြန်မာနိုင်ငံက အညာဒေသမှာ ရွာသလိုပဲ စိုရုံကလေးပဲ ရွာတာ။ အဲဒီအချိန်ဆို ဗုဒ္ဓဂယာက မြန်မာဘုန်းကြီးကျောင်းတွေမှာလဲ ဘုရားဖူးခရီးသည်တွေ သိပ် မရှိတော့ တည်းခိုရတာ အဆင်ပြေတယ်''လို့ ဆရာတော်က မိန့်ကြားပါ တယ်။ မြန်မာလူမျိုးအများစုကတော့ မိုးရာသီကာလ ခရီးသွားရာသီမဟုတ် ဘူးလို့ ထင်မှတ်ပြီး ပွင့်လင်းရာသီ ရောက်ရှိမှသာ ခရီးသွားကြလေ့ရှိတာ ကြောင့် ဗုဒ္ဓဂယာ ခရီးစဉ်ကိုလဲ ပွင့်လင်းရာသီရောက်မှသာ ပိုမိုသွားရောက် ကြတာဖြစ်တယ်လို့ ခရီးသွားလာရေး ကုမ္ပဏီတစ်ခုက တာဝန်ခံတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

ကိုညီညီ
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.