2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျောင်းကန်ဘုရား
ဖျာပုံမြို့၊ ပြည်လုံးချမ်းသာ သာစည်ဘုရား သို့မဟုတ်ဝဋ်ကြွေးတော်ပြေဘုရား

မြုတေတမွတ်၊ ရှင်တော်ဓာတ် ကို၊ လူနတ်စိတ်ယဉ်၊ စိတ်ဇောဥာဉ် ဖြင့်၊ ဧကဉ္ဇလီ ချချီတုပ်ကွ၊ တစ်ကြိမ် မျှဖြင့်၊ ဂါရဝမှု၊ ပြုရမူကား၊ ထိုသူအား လည်း၊ လေးပါးပယ်ဘေး မထိတည်း။
''နာနာဆန္ဒပျို့''
    မြတ်စွာဘုရား၏ ဓာတ်တော်၊ မွေတော်၊ ဆံတော်၊ ဆင်းတုတော်တို့ ကို စိတ်စေတနာ ထက်သန်စွာဖြင့် တစ်ကြိမ်တစ်ခါမျှ ရှိခိုးပူဇော်ငြားအံ့။ ထိုရှိခိုးသော ပုဂ္ဂိုလ်ကား အပါယ်လေး ပါးသော ဘေးမထိတည်း။ ကင်းလွတ်ခွင့်လည်းရပေ၏။
    လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝသို့ လည်း ရောက်ရကုန်၏။
    ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် မြတ်စွာ ဘုရား၏ ဓာတ်တော်မွေတော်များကို ထိုထိုသော ဘုရားပုထိုး များတို့တွင် ဌာပနာထား၍ တည်ထားကိုးကွယ် ကြကုန်၏။ မြတ်စွာဘုရားကိုယ်စား တော်ဖြစ်သည့် ရုပ်ပွားတော်မြတ်များအား လည်း ထုလုပ်ပူဇော်ကြပါသည်။
    ထိုသို့ ပူဇော်ကိုးကွယ်ကြရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ သာစည်ရပ်တွင် မြစ်ဘက်ကမ်းသို့မျက်နှာမူ သီတင်းသုံးနေတော်မူသော ဆုတောင်းပြည့် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီး လည်း အပါအဝင်ဖြစ်လေသည်။
    ဖျာပုံဆိုသည်မှာ တစ်ချိန်က မွန်လူမျိုးတို့အခြေချခဲ့သည့် နယ်မြေဒေသတစ်ခုဖြစ်ခဲ့သည်ဟု သိရှိခဲ့ရပြီး ဖျာပုံဆိုသော ပညတ်ဖြစ်ပေါ်ပုံမှာ မွန်အသုံးအနှုန်းထမင်းဈေးဟု အဓိပ္ပါယ်ရပါသည်။ ဖျာပုံမြို့သည် ယခင်က ဖျာပုံမြစ်နှင့်အပြောင်ရွာ၊ ချောင်းတွင်း ရွာ၊ အောက်ကွင်းကြီးရွာ စသောနယ်နိမိတ်လေးရပ်အတွင်းရှိ၍ မြစ် ချောင်းများဝန်းရံလျက် ရှိနေခဲ့ပြီး အကွက်ကျ၍ ကြီးမားသော ကျွန်း တစ်ခုအသွင်ဆောင်သော ကုန်းမြေ သဖွယ်ဖြစ်ပါသည်။
    ဟံသာဝတီနှင့် တပင်ရွှေထီး အရေးတော်ပုံခေတ်ကပင် ခေါ်ဝေါ်သုံးစွဲကြသော်လည်း ဖျာပုံဟု တည်တည်တံ့တံ့ခေါ် ဆိုသမုတ်ခြင်းကို သက္ကရာဇ် ၁၂၆၄ ခု၊ ခရစ်သက္ကရာဇ် ၁၉ဝ၂ ခု မှစ၍ စီရင်စုမြို့တော်အဖြစ် အရေးပိုင်မင်းရုံးစိုက်ရာ မြို့ဖြစ်ခဲ့ သည်။
    သို့သော် ယခုအချိန်တွင် မွန် ဘာသာစာပေစကားများ တတ်ကျွမ်း သူများကို တွေ့ရှိရန်ခဲယဉ်းလှသည်။ သို့ရာတွင် အမြော်အမြင်ကြီးမားသော မွန်ပညာရှိဦးဘိုးအိမ်၊ ဦးဘိုးရွှေ၊ ဦးစိန်တို့ ကျေးဇူးဖြင့် ဖျာပုံ၏ မူလမှတ်တမ်းကို မွန်ဘာသာ မှ မြန်မာဘာသာ သို့ ပြန်ဆိုရေးသားခြင်းကြောင့် နှောင်း လူတို့အဖို့ လွယ်ကူစွာဖတ်ရှုမှတ်သား နိုင်ခြင်းပင်ဖြစ်နေသည်။
    ယခုရေးသားဖော်ပြမည့် ပြည်လုံးချမ်းသာ သာစည်ရွာဘုရားကြီးသည် ယခင်ကမြစ်နှင့် ယခုကဲ့သို့ မနီးကပ်ပေ။ စာရေးသူ၏ အဘိုးအဘွားများ ပြောစကားအရ ဘုရားကြီး၏ အရှေ့ ဘက် လမ်းကျယ်တစ်ခုနှင့် မြစ်ကမ်း ပါးသည် ကလေးဘောလုံးကစား ကွင်းမျှရှိနေပြီး နောက်ဆုံးရေတိုက်စားကမ်းပြို၍ သာစည်ရွာပျက်စီးပြီး စာရေးသူတို့သိမီလိုက်ချိန်၌ သာစည်ဘုရားကြီးရှေ့ တွင် ရေကာတာအုတ် ရိုးကြီးများရှိနေပါသည်။ ထိုအုပ်ရိုး များ အရှည်သည် ယခုသိမ်ကုန်းစစ် တပ်အထိ နှစ်မိုင်ရှည်လျားပါသည်။ ယနေ့တိုင် ရေကာတာအုတ်ရိုး အပိုင်းအစတို့ အကြွင်းအကျန်ရှိနေ သေးသည်။
    သာဇီရွာဟု သီးခြားတည်ထားခဲ့သော်လည်း ဖျာပုံနှင့်ကျောင်းတိုက် တစ်ခုသာခြားနေ၍ ဖျာပုံ၏အစိတ်အပိုင်း သာဇီရပ် ဟုခေါ်ဆိုခဲ့ကြပါသည်။ ၁၂၄၉-၁၂၅ဝ ခုနှစ်ခန့်တွင် သာဇီရပ်မှ ဦးညှင်း၊ ဦးလူငယ်စသော ပုဂ္ဂိုလ်များနှင့် ဝေနေယျ အပေါင်းတို့မှ အများကုသိုလ်ကောင်းမှုတို့ဖြင့် ရုပ် ပွားတော်ကြီးတစ်ဆူ တည်ထားကိုး ကွယ်ခဲ့ကြသည်။ သာဇီရပ်ကို အစွဲပြု ၍ သာဇီဘုရားကြီးဟု အလွယ်ဘွဲ့တော်တပ်ခဲ့ကြသည်။
    ရုပ်ပွားတော်ကြီးသည် ကျိုက် ပဒိုင်စေတီ၊ ဘား ပလက်စီဘုန်းကြီး၊ ဂွကြီးကျောင်း (ဆရာတော် ဦးကေ သရ)ကျောင်း တိုက်တို့ကြားတွင် သွပ်မိုး၊ ကျွန်းလုံးတိုင်၊ ကျောက်ပြားခင်း ထားသည့် ရင်ပြင်တော်နှင့် သပ္ပါယ် စွာတည်ရှိခဲ့ရာ တည်ထားတော်မူစဉ် က ပထမလမ်း လသာလမ်းနှင့် အစိုး ရရုံးများ ရှိခဲ့ပြီး စီရင်စုနယ်ခွဲပြီးမှ ရုံးများ ဖျက်သိမ်းခဲ့ရာ ကမ်းပြိုရာသို့ မြေကွက်များပါသွားပြီး ယခုလို သာစည်ဘုရားကြီးနှင့် မြစ်ကမ်းသည် ရှင်းရှင်းလင်းလင်းပေါ်လာသည်မှာ ဘုရားကြီးက မြစ်ရေကသိုဏ်းရှုနေ သကဲ့သို့ ရှိနေပါသည်။ ထူးဆန်းသည်က ဘုရားကြီး တည်တော်မူထားပြီး နှစ်ပေါင်း ၁၂ဝ ကျော်ထဲရှိနေပြီဖြစ် သော်လည်း စီရင်စုမြို့ဖြစ်သည့် ၁၂၆၄ ခုနှစ်မှ စတင်ရေတွက်လျှင် မြို့တည် ခုနှစ်က ၁၄ နှစ်ခန့်နောက်ကျနေ သည်။ နှစ်ပေါင်း ၆ဝ ကျော်ဝန်းကျင် မြစ်ကမ်းနှင့် တို့ထိနေငြား တစ်ခါတစ်ရံမှ သာစည်ဘုရားကြီး ရင်ပြင်တော် နှင့် ပလ္လင်အောက်ခြေသို့ ရေဖုံးလွှမ်းမှု မရှိခဲ့ပါ။ စာရေးသူမှတ်မိသမျှ လွန်ခဲ့ သော နှစ် ၅ဝ ကျောင်းသားဘဝက သာစည်ဘုရားကြီး၏ ရင်ပြင်ကို နားနှင့်ကပ်လျက် နားထောင်ပါက ရင်ပြင်အောက်မှ လှိုင်းပုတ်သံ၊ လှိုင်းရိုက်သံများကြားရပြီးရေသံကြားရသည့်ကျောက်ပြားကအေးနေတတ် သလို ရေသံမကြားရ သည့် ကျောက်ပြား က ပူနွေးနေပါသည်။
    ထို ၁၉၈၈ ခုနှစ်မတိုင်ခင်ထိ ပန်းအိုးများညှိုးရော်လျက် တောရ ဆောက်တည်သကဲ့သို့ နှစ်ပေါင်း ၅ဝ ခန့် ဧကစာရီ ကျင်သုံးနေခဲ့ပြီးနောက် ဘုရားကြီး၏ သာသနာပွင့်ချိန်ရောက်ရန် အကြောင်းတရားက အချိန်တန်သောအခါ ရှေးယခင် တဘောင် တစ် ရပ်ကဲ့သို့ ဖြစ်လာခဲ့လေသည်။
    ဖျာပုံကို ကျွန်းဖုံးမည်၊
    ကျွန်းဖုံးက ရုံးစိုက်မည်
    ရုံးစိုက်က ကြက်ပျံတကျ
    စည်လေမည်
    စည်ပေမယ်လို့ (မမေ့နဲ့)
    ဖျာပုံမြို့ကို မြို့ကွက်ရိုက်စဉ် မြစ် ထဲမှ သဲနုန်းများကို မှုတ်တင်ပြီး မြို့ ကွက်ချဲ့ခဲ့ရာ ယခုဆိုလျှင် ခရိုင်မြို့ကြီး အဖြစ်သာမက ဘုရားတန်ဆောင်း ကျောင်းကန် တံတားကြီးနှင့် လွန်စွာ စည်ကားနေပြီး မမေ့နဲ့ စကားမှာ အေးအေးချမ်းချမ်းတရားအားထုတ် မှုနှင့် မြို့ပြအဖြစ် ဝိပ္ပတ္တိခေတ်ကြုံ သဖြင့် ဇောက်ထိုးပြောလျှင် ခေါက် ချိုးနားလည်ခိုင်းခြင်းဖြစ်၏။
    ၁၉၉ဝ ဝန်းကျင်ခန့်တွင် ဆရာ တော်သံဃာတော်များနှင့် မြို့ပြအုပ် ချုပ်ရေးဆိုင်ရာ၊ ဌာနဆိုင်ရာ ဝန်ထမ်း အကြီးအကဲများ၊ သာသနာအကျိုးကို မျှော်သည့် ဥပသကာများက ဘုရား ကြီးဝန်းကျင်အား ရှင်းလင်း၍ ဘက်စုံ တိုးချဲ့ ပြုပြင်လာခဲ့ကြပါသည်။ ဘုရားကြီးကိုလည်း ရောင်တော်ဖွင့်ပေးကြ သည့်အတွက် မြစ်အတွင်းမှ ခရီးသွား သူ များပါမကျန် အစုန်အဆန် ကြည် ညိုနိုင်လာ ကြသည်။ ဘုရားကြီး၏ ဥာဏ်တော် ၁၅ တောင် ၂ မိုက်၊ ပလ္လင် တော်အောက်ခြေတိုင်ဖြစ်သည်။
    ဖျာပုံမြို့တွင် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ရေး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ မော်လမြိုင်၊ ရခိုင်ဒေသ ငါးဖမ်းစက်လှေ များသည် မုန်တိုင်းသတင်း ကြိုတင်ရရှိရန် နီးစပ်ရာမြို့ဖြစ်သည့် ဖျာပုံမြစ်တန်း ဝန်းကျင်သို့ဝင်ခိုပြီး စက်လှေအစီး ၃ဝ ကျော်မှာ သာစည်ဘုရားကြီး၏ ပရဝုဏ်မြစ်ကမ်းရှေ့တွင် ကျောက်ချ ရပ်နားနေခဲ့ကြသည်။ မုန်တိုင်းတိုက် သောအခါ ဘုရားကြီးအား ဆလိုက်မီး မောင်းများထိုး၍ ဆုတောင်းပူဇော်ကြ သည်။ ဘုရားကြီးမှာ အမိုးများလန် ထွက်သော်လည်း တစ်စုံတစ်ရာမှ ကျားကန်ပေးထားသကဲ့သို့ ပြိုလဲကျ ခြင်းမရှိဘဲ ဘုရားကြီးမှ ထူးဆန်း သော အလင်းတန်းများကို ဖူးတွေ့ရ၍ ဆုတောင်း ပူဇော်ခဲ့ကြရာ အသက်အန္တ ရာယ်မှ ကင်းလွတ်ခဲ့ကြရသည်။ နံနက်တွင် ဘုရားရင်ပြင်တော်ရှိ အမှိုက်သရိုက်များကို ရှင်းလင်းပြီး ဆွမ်း၊ ရေချမ်းကပ် ပူဇော်ရာ ဆုတောင်းပြည့်လျက် အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး နာဂစ်ဘေးမှ ဘုရားကြီးသည် ထူးဆန်းစွာ လွတ်မြောက်ခဲ့သည်ကို တွေ့ရှိခဲ့သည့် ဖြစ်ရပ်ကြောင့် ဘုရားကြီးကို ကပ် ကျော် ဘေးဒုက္ခအပေါင်းမှ ကာကွယ် ပေးသည်ဟု ပိုမို ယုံကြည်လာကြ သည်။
    ထို့အပြင် ဝဋ်ကြွေးတော်ပြေ ဘုရားကြီးဟု လူအများကသမုတ်ခဲ့ရ ခြင်းမှာလည်း အကြောင်းရှိပါ သည်။ မြန်မာနိုင်ငံ မှ ပြည်တွင်းပြည်ပ ဗုဒ္ဓသာသနာပြု ဆရာတော်တစ်ပါး သည် ပြည်ပသာသနာပြုခရီးအဖြစ် အမေရိကန်နိုင်ငံကိုကြွစဉ် တရားပွဲ ဖိတ်၍ ကယ်လီဖိုးနီးယားပြည်နယ် အသွား ဦးနှောက်သွေြးေ<ွကာပေါက်ပြီး ဆေးရုံတင်၍ အရေးပေါ်ကုသစဉ် ဆရာတော်က တရားနှင့်သာဆင်ခြင် ရင်း ဝေဒနာရှုမှတ်နေခဲ့သည်။
    သတိလစ်သလို ဖြစ်သွားပြီး ရေပြင်ကျယ်တစ်ခုတွင် လှေတစ်စင်းနှင့် လှေထိုးသားနှစ်ယောက်ကို ဆရာ တော်တွေ့လိုက်ရာ ထိုလှေသမား နှစ် ယောက်က ဆရာတော့်ဝေဒနာကို ကုသမည့်သမားတော်နှစ်ယောက်ဖြစ် နေသည်။ ဆရာတော်က သူတို့ ဘယ်ကိုလှော်ခတ်နေကြတာလဲမေးရာ-
    ''အရှင်ဘုရားကို ရောဂါပျောက် မယ့်ဆီကို ခေါ်သွားတာပါ ဘုရား'' ဟု ပြောပြီးမကြာမီ မြစ်ကမ်းစပ်တွင် မျက်နှာမူလျက် ထိုင်တော်မူ မုဒြာဟန် နဲ့ ဘုရားကြီးတစ်ဆူတွေ့လိုက်ရ၏။
    ''ဒီဘုရားက ဘာဘုရားကြီး လဲ''ဟုမေးရာ-
    ''ဝဋ်ကြွေးတော်ပြေဘုရားကြီး ပါဘုရား။ ကံနာဝဋ်နာအကြွင်းအကျန် ကို ဖြတ်ပေးတဲ့ ဝဋ်ကြွေးပြေဘုရား ကြီးမို့ ဆုတောင်း ရင်ပြည့်တယ်ဘုရား။ ဒါကြောင့် အရှင်ဘုရားကိုခေါ်လာတာ ပါဘုရား''ဟုပြောရာ ဆရာတော်က ဘုရားကြီးကို စူးစူးနစ်နစ်အာရုံယူ ဖူးလိုက်ပြီးနောက် ''ဘုရားကြီးက သပ္ပါယ်သလောက် အမိုးတွေက ဘာလို့မရှိတာလဲ'' ''နာဂစ်မုန်တိုင်း တိုက်ခတ်လို့ လူတွေသေ၊ တိရစ္ဆာန် တွေတောင်သေပြီး အမိုးတန်ဆောင်း တွေဆိုတာ ရစရာမရှိအောင် ဖျက်စီး သွားပါပြီဘုရား''
    ''ဒါဆိုရင် ဒီဘုရားတန်ဆောင်း ကို ပြုပြင်ဖို့ အလှူတော်ထည့်မယ်'' ဟု  ပြောပြီး ဆရာတော်သတိပြန်ရ လာလေသည်။
    အရေးပေါ်ခွဲစိတ်ကုသမည့် ဆရာဝန်နှစ်ယောက်မှာ သတိပြန်ရ လာသော ဆရာတော်အား မယုံကြည် ၍ ရောဂါပြန်စစ်ဆေးကြည့်ရာ မည် သည့်ရောဂါမှ မရှိသည်ကိုတွေ့၍ လွန်စွာအံ့သြသွားပြီး ဆရာတော် အား  ပြန်လျှောက်သော အခါ ဆရာတော်က မင်းတို့ပဲငါ့ကို ဆေးကုဖို့ခေါ်သွား ကြတာပဲ။ နာဂစ်တိုက်လို့ ဘုရားအမိုး တွေတောင် ငါလှူခဲ့သေး တယ်ပြောသောကြောင့် ဆရာတော် တရားခွေ များ ပြန်ထိုး၍ရှာကြည့်ရာ တစ်နေ ရာတွင် မြစ်ကမ်းစပ်မျက်နှာမူ၍ စံပ္ပါယ်နေသော ဘုရားကြီး တစ်ဆူ တွေ့ရှိသဖြင့် ''အဲဒီဘုရားပဲ ဘယ်မြို့ ကလဲ''
    ''ဖျာပုံမြို့က သာစည်ဘုရားကြီး မှာ အရှင်ဘုရားတရားဟောတဲ့အခွေ ပါဘုရား''
    ''သေချာအောင် ဒကာ အောင်တိုး ဖျာပုံကို ဆက်သွယ်မေး ကြည့်စမ်း''ဆိုတာနှင့် ဖျာပုံမြို့မှ ပြည် လုံးချမ်းသာ သာစည်ဘုရားကြီးမှန်း သေချာသွားပြီဖြစ်၍ ဆရာတော် ကိုယ်တိုင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့သို့ ကြွရောက်ပြီး လျှင် ပြည်လုံးချမ်းသာ သာစည်ဘုရား ကြီး၏တန်ဆောင်း အမိုးများ ပြန် လည်ပြုပြင်ရန် သိန်း ၂ဝဝ နဝကမ္မ အလှူတော်ငွေ မတည်လှူဒါန်းခဲ့သည် ဖြစ်ရပ်ရှိခဲ့ပါသည်။    ယခုအခါ ဖျာပုံမြို့ရှိ ဆုတောင်းပြည့် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးအား ရပ်နီး ရပ်ဝေးမှ ဘုရားဖူးများဖြင့် နေ့ညမစဲ စည်ကား လျက်ရှိနေပါသည်။ ကိုယ်တိုင်သွားရောက် ဖူးမြော်ကြည်ညိုခြင်းဖြင့် အတွင်း အပြင် ရောဂါဘယများ ကင်းစင်နိုင်ပြီး ဝဋ်ကြွေးတော်ပြေကြပါစေရန် မေတ္တာ ရည်လျက် ရေးသားတင်ပြလိုက်ပါလေတော့သည်။

ကျော်ဇင်ဖြူ
 
Untitled Document
arker said...
Wednesday 18 July 2012, 5:03 am
that is right ...........i live in pyapon
ုk said...
Thursday 25 October 2012, 2:58 am
thanks! i live in near hpyarpon.
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.