2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျောင်းကန်ဘုရား
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရွှေပုံတောင်ရန်အောင်မြင်စေတီတော်

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့သည် မြေလတ်ပိုင်းတွင် တည်ရှိသည့် သမိုင်းဝင်မြန်မာ့ရေနံမြေဖြစ်ပါ သည်။ ချောက်မြို့ ကို ကျော် လွန်၍ ချောက်-ပုဂံ-ညောင်ဦး ကားလမ်းအတိုင်း မြောက် ဘက်သို့ ဆက်သွားလျှင် တစ်မိုင်ခန့်အကွာ ပဗ္ဗတတောင်ပေါ် တွင် ရွှေပုံတောင် ရန်အောင်မြင်စေတီတော်ကို ရွှေရောင်တဝင်းဝင်း၊ ဆည်း လည်းသံတလွင်လွင်ဖြင့် ကြည်နူးချမ်းမြေ့ဖွယ် ဖူးတွေ့နိုင် ပါသည်။
    ဘုရားကုန်းတောင်ပေါ်သို့ ရောက်ပြီးနောက် ပတ်ဝန်းကျင် ရှုခင်းကို လှမ်းမျှော်ကြည့်လိုက်သောအခါ တငြိမ့်ငြိမ့်စီးဆင်းနေသော ဧရာဝတီ မြစ်ကြီးနှင့် ရေနံတွင်းများ၊ ရေနံစင်များကို တွေ့မြင်နေရပါ သည်။ ရွှေပုံတောင် ရန်အောင်မြင်စေတီတော်နှင့် ကပ်လျက် တည်ရှိ သော ရေနံတွင်းမှာ ချောက်ရေနံမြေတွင် ပထမဆုံးတူးသော သမိုင်း ဝင်ရေနံတွင်းဖြစ်ကြောင်းသိရပါသည်။ ပဗ္ဗတတောင်ကို ဦးတိုက်နေ သော ထိုရေနံတွင်းသည် အနေအထားထူးခြားပြီး ချောက်ရေနံမြေ သမိုင်းကို ပြန်ပြောင်းပြောဆိုနေသလို ထင်မှတ်ရပါ သည်။ ရွှေပုံတောင် ရန်အောင်မြင်စေတီတော်သို့ ဘုရားဖူးလာသူတိုင်း ထိုရေနံတွင်းကို အမှတ်တရလှမ်းမျှော်ကြည့်ကြပါသည်။
    ထိုရေနံတွင်းသည် ချောက်ရေနံမြေသမိုင်းကို ပြောဆိုနေသည့် နည်းတူ ရွှေပုံတောင် ရန်အောင်မြင်စေတီတော်သည်လည်း အင်းဝခေတ်သမိုင်းကြောင်းကို ပြန်ပြောင်းပြောဆိုနေသည်ဟု ဆိုနိုင်ပါ သည်။ ရွှေပုံတောင် ရန်အောင်မြင်စေတီတော်၏ ဒါယကာ မှာ အင်းဝဘုရင်ရွှေနန်းကြော့ရှင် နရပတိမင်း ၈၆၃-၈၈၈ ဖြစ်ပြီး သက္ကရာဇ် ၈၆၇ ခုနှစ်တွင် တည်ထားပူဇော်ခဲ့ကြောင်း သမိုင်း အထောက်အထား အခိုင်အမာရှိပါသည်။ ရွှေပုံတောင် ရန်အောင်မြင် စေတီတော်သည် ချောက်မြို့ရေနံမြေ တွင် ရှိသော်လည်း အင်းဝဘုရင် ရွှေနန်းကြော့ရှင် နရပတိမင်းတည်ထားခြင်းကို ဘုရားဖူးတိုင်း စိတ်ဝင်စားကြပါသည်။
    ရွှေပုံတောင် ရန်အောင်မြင်စေတီ တော် တည်ထားသည့် ပဗ္ဗတတောင် ပေါ်သို့ တက်လိုက်လျှင် အင်းဝခေတ် ကို ပြန်လည် သတိရကြပြီး အင်းဝ ဘုရင်ရွှေနန်းကြော့ရှင် နရပတိမင်းကို မြင်ယောင်လာသည်ဟုပင် ပြောကြပါ သည်။ ရွှေနန်းကြော့ရှင် မင်းသည် အင်းဝခေတ်ဘုရင်များအနက် ထူးခြား ပြီး အလွန်ဆွဲဆောင်မှုရှိသည်ဟု ယူဆ ကြပါသည်။ ရွှေပုံတောင် ရန်အောင် မြင်စေတီတော် သို့ ချောက်မြို့မှဖြစ်စေ၊ ပုဂံမှဖြစ်စေ မော်တော်ယာဉ်ဖြင့် အလွယ်တကူသွားရောက်နိုင်ပြီး ချောက်မြို့မှ မော်တော်ယာဉ်ဖြင့် သွားရောက်ဖူးမြော်ပါက ဆယ်မိနစ်ခန့်သာ ကြာပါသည်။ အကယ်၍ ပုဂံမှ တစ်ဆင့် သွားမည်ဆိုပါက ကား မောင်းနှင်ချိန်မှာ မိနစ် ၃ဝ သာ ကြာပါသည်။ ထို့ကြောင့် ရွှေပုံတောင် ရန်အောင်မြင်စေတီတော်သည် ခရီး လမ်းပန်း လွယ်ကူသည်ဟု ဆိုနိုင်ပါ သည်။
    ပဗ္ဗတောင်ထိပ်တွင် အင်းဝဘုရင် ရွှေနန်းကြော့ရှင်နရပတိမင်း တည် ထားခဲ့သော ရွှေပုံတောင် ရန်အောင် မြင်စေတီတော်သည် ၁၃၃၇ ခုနှစ် ပုဂံငလျင်ကြီးလှုပ်ချိန်တွင် ပုဂံဘုရား များနှင့်အတူ ပြိုကျသွားသဖြင့် ရှေး ဟောင်းအနုပညာလက်ရာများ ဆုံးရှုံး ခဲ့သော် လည်း ဗုဒ္ဓဘာသာဝင်များ၏ သဒ္ဓါတရားထက်သန်မှုဖြင့် ၁၃၃၈ ခုနှစ်တွင် အသစ်တစ်ဖန် ပြန်လည် တည်ထားခဲ့ကြပါသည်။ ယခင်လေးမျက်နှာရှိသော ပလ္လင်ကို ရှစ်မျက် နှာအဖြစ် တိုးချဲ့ခဲ့ပြီး အရံစေတီရှစ်ဆူ နှင့်တကွ တည်ထားခြင်းဖြစ်ပါ သည်။ ရွှေပုံတောင် ရန်အောင်မြင်စေတီတော် အသစ်သည် Óဏ်တော် ၃၄ ပေ၊ ၉ လက်မရှိပြီး ကိုယ်လုံးတော် လှပ ကျော့ရှင်းခြင်း မှာ အလွန်ထူးခြားပြီး မူလဘုရား ဒါယကာ ရွှေနန်းကြော့ရှင် ကို သတိရစေပါသည်။ ဒုတိယ ရွှေပုံတောင် ရန်အောင်မြင်စေတီတော် တည်သူများသည် ဘုရားသမိုင်းကို နက်နက်ရှိုင်းရှိုင်းလေ့လာကာ မူလ ဘုရားဒါယကာ ရွှေနန်းကြော့ရှင်နှင့် အလိုက်ဖက်ဆုံးပုံတော် ကို တည်ခဲ့ သည်ဟု ဆိုနိုင်ပါသည်။
    ရှစ်မြှောင်ပလ္လင်ပေါ်တွင် ပန်း တင်ခုံ၊ ပစ္စယာ၊ ခေါင်းလောင်းပုံ၊ သပိတ်မှောက်နှင့် ဖောင်းရစ်များ၊ ကြာ မှောက်ကြာလှန်များသည် ထုထည်ကြီးများခြင်းမရှိဘဲ လှပကြော့ရှင်းမှုကို ဦးစားပေးထားကြောင်းတွေ့မြင် နိုင်ပါသည်။ ရွှေပုံတောင် ရန်အောင် မြင်စေတီတော် တစ်ခုလုံးစက်ဝိုင်းပုံ မျဉ်းဖျော့များ၊ မျဉ်းကွေးများဖြင့် အဆင့်ဆင့်ခံပြီး တည်ဆောက်ထားပုံမှာ အလွန်လက်ရာမြောက်ပြီး တိမ်တောင် တိမ်ရိပ်များ လွင့်မျောနေချိန် တွင် ရွှေပုံတောင် ရန်အောင်မြင်စေတီ တော်ကို ဖူးရသည်မှာ တကယ့်ရွှေပုံ ကြီးအလား ထင်မှတ်ရပါ သည်။
    ရွှေပုံတောင် ရန်အောင်မြင်စေတီ တော်သို့ ဘုရားဖူးသွားလျှင် တောင်ခြေတွင် ပထမဆုံးတွေ့ရသောဂူမှာ ထွက်ရပ် စခန်းကြွမ နန်းတော်မူခဲ့သည့် ဣသိဣန္ဒြရ ရသေ့ကြီး၏ဂူဖြစ်သည်။ မြန်မာနိုင်ငံအနှံ့ ဂန္ဓာရီလှည့်လည်၍ တရားအားထုတ်ခဲ့သော ရသေ့ကြီး သည် ပဗ္ဗတတောင်ခြေရှိ ထိုဂူထဲတွင် အဓိဋ္ဌာန်စခန်းပညာလမ်းကို ဆုံးခန်း တိုင်ပေါက်မြောက်အောင်မြင်သွား သည်ဟု သိရပါ သည်။ ရွှေပုံတောင်  ဘရသေ့ဟု ဒေသခံများ အမြတ်တနိုး ခေါ်နေသော ထိုရသေ့ကြီး၏ ရုပ်တု မှာ ပြုံးရယ်နေသယောင် ထင်မှတ် ရပါသည်။ ရသေ့ကြီး၏ အောင်မြေဂူ အောက်တည့်တည့်၌ မြေအောက် လိုဏ်ဂူကြီးတစ်ခုရှိပြီး စဥ့်ကူမြို့ နဂါး ရုံကုန်းတော်အထိ လိုဏ်လမ်းပေါက် သည်ဟု အဆိုရှိသော်လည်း အန္တ ရာယ်များသဖြင့် ပိတ်ထားကြောင်း သိရပါသည်။
    ရှေးသမိုင်းအဆိုအရ ပဗ္ဗတောင် သည် တောင်ထူးတောင်မြတ်ဖြစ်ပြီး ရေမှော်လေးတန်၊ တောင်ရံခုနစ်လုံး၊ ကုန်းကိုးကုန်းတို့ ဝန်းရံရစ်ပတ်တည် ရှိနေကြောင်း၊ ကျောက်တုံး၊ ကျောက်ဦးနှောက်၊ ကျောက်နဂါး၊ ကျောက်ဖား၊ ကျောက်လိပ် စသည်များနှင့် ရေ သယံ၊ ကုန်းသယံ၊ ဖိုဦးသံ၊ ခွသံ လည်းထွက်ကြောင်းသိရပါသည်။
    ရှေးအခါက အလှူအတန်းသွား ရန် ပုတီး၊ နားတောင်း၊ လက် ကောက်စသော လက်ဝတ်ရတနာ ဝတ်ဆင်လိုလျှင် ညချမ်း အခါ၌ တောင်စောင့်နတ်မင်းများထံသွားရောက်ပန်ကြားလေ့ရှိပြီး၊ နံနက်လင်းလျှင် တောင်အနောက် ဘက်ရှိကျောက်ဖျာကြီးပေါ် တွင် အလိုရှိသော လက်ဝတ်ရတနာများ အစုလိုက် အပုံ လိုက်ထားပေးသည်ကို တွေ့ရသည် ဟု အဆိုရှိသည်။ အလှူအတန်းပြီး လျှင် လက်ဝတ်ရတနာများကို မူလနေရာ၌ပြန်ထားပေးရသည်။ နောက်ပိုင်းတွင် လူများသစ္စာမစောင့်သောကြောင့်ရွှေထည်ပစ္စည်း များ ငှားမရတော့ပါ။ ရွှေထည်များစုပုံပေးသည့် ကျောက်ဖျာကြီးမှာ ယခုတိုင်ရှိသေး သော်လည်း ကွဲကြေပျက်စီးသဖြင့် တစ်ဝက်ခန့် သာကျန်ပါတော့သည်။ ရွှေပုံတောင် စေတီတော်၏ မူလအနှစ် သာရ မူလအဓိပ္ပါယ်မှာ လူတို့သစ္စာ မစောင့်သဖြင့် ပျက်စီး သွားခြင်းဖြစ်ပါ သည်။
    ရွှေပုံတောင်၏ ထူးခြားချက် တစ်ခုမှာ ကျောက်သားကိုထွင်းထား သော ကျောက်ဂူကြီးလေးခုရှိခြင်း ဖြစ်ပါသည်။ ထိုလိုဏ်ဂူ ကြီး များကို မည်သည့်အချိန်တွင် မည်သူက မည်သည့်ရည်ရွယ်ချက်ဖြင့်ထွင်းခဲ့ကြောင်း သိမီသူများလည်းမရှိတော့ပါ။ ရွှေ ပုံတောင်စေ တီတော် တည်ထားချိန်နှင့် တစ်ပြိုင်တည်းထွင်းခဲ့ ခြင်းဖြစ်နိုင်သလို ပိုမိုစောလိမ့်မည်ဟု လည်း ခန့်မှန်းကြသည်။ ဂူပေါက် များမှာ တစ်ခုနှင့်တစ်ခု မတူဘဲ အရှေ့တောင်ဘက်လိုဏ်ဂူထဲတွင် ရှင်ပင်ချမ်းသာကြီးဟု ဘွဲ့တော်တွင် သည့် ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူရှိ ပါသည်။ ထိုရုပ်ပွားတော်ကြီး၏ ထူးခြားချက်မှာ ပြင်ပမှရုပ်ပွားတော် ပင့်ဆောင်ပူဇော်ခြင်းမဟုတ်ဘဲ ဂူနံရံနှင့်တွဲလျက် သဘာ ဝကျောက်သားကို ရုပ်လုံးဖော်ထုဆစ်ထားခြင်းဖြစ်ပါ သည်။ နံရံနှင့် တစ်သားတည်း ဆက် စပ်နေသော ထို ရုပ်ပွားတော်ကြီး ကို ဘုရားဖူးတိုင်း စိတ်ဝင်စားစွာ လေ့လာ ကြည့်ရှုကြပါသည်။ ရှေးဟောင်း သုတေသနပညာရှင်အချို့ လာရောက် စဉ်က ထို ရုပ်ပွားတော်ကြီးသည် အင်းဝခေတ်လက်ရာဟု ဆုံးဖြတ်ခဲ့ ပါသည်။
    ယခင်က ရွှေပုံတောင် ရန်အောင် မြင်စေတီတော်ဝတ္တကနယ်မြေအပိုင်း အခြားရေးထိုးမှတ်တမ်းတင်ထားသည့် ကျောက်စာ ရှိခဲ့သော်လည်း ဘုရားကျွန် ငသီတော်ဆိုသူက တိတ်တဆိတ်ယူဆောင်၍ ဧရာဝတီမြစ်အတွင်း ပစ်ချသဖြင့်ပျောက်ဆုံး သွားခဲ့ပါသည်။ သို့ သော်လည်း ရွှေပုံတောင် ရန်အောင် မြင်စေတီတော်နှင့် ပတ်သက်၍ ကျောက်စာထက်ပိုမိုခိုင်ခန့်သော စာပေ အထောက်အထား အခိုင်အမာရှိ သဖြင့် ပူစရာမလိုဟု ယူဆပါသည်။ အင်းဝခေတ် ရဟန်းစာဆိုတော်ရှင် မဟာရဋ္ဌသာရ ရေးဖွဲ့ခဲ့ သည့် ပုံတောင် နိုင်မော်ကွန်းသည် အခိုင်မာဆုံး သမိုင်း အထောက်အထား၊ အပီပြင်ဆုံး သမိုင်းသက်သေအဖြစ် ယခုတိုင် အထင် ရှားရှိနေပါသည်။
    ရွှေနန်းကြော့ရှင် နရပတိနှင့် ရှင် မဟာရဋ္ဌသာရတို့သည် ငယ်ရွယ်စဉ် အခါက အင်းဝနန်းတွင်း၌ အတူ တကွကြီးပြင်းလာခဲ့သည့် စာသင် ဖက်၊ ကစားဖက် ငယ်ပေါင်းများ ဖြစ်ခဲ့သည်။ ရွှေနန်းကြော့ရှင်သည် ခမည်းတော် ဒုတိယမင်းခေါင်နည်းတူ ရှင်မဟာရဋ္ဌ သာရကို ချစ်ခင်လေး စားသည်။ သက္ကရာဇ် ၈၆၇ ခုနှစ် တွင် တောင်ငူမင်း၊ ပြည်မင်းနှင့် မိတ္ထီ လာစားတို့ ပူးပေါင်း၍ အင်းဝကို အာခံသည်။ ထိုကြောင့် အင်းဝဘုရင် ရွှေနန်းကြော့ရှင်သည် စော်ဘွားတပ် များနှင့်ပူးပေါင်း၍ ကြည်းကြောင်း၊ ရေကြောင်းချီပြီး ပုံတောင်အရပ်သို့ ရောက်သောအခါ ကမ်းသို့တက်၍ စစ်ပြိုင်ခဲ့ကြသည်။ ပုံတောင်တိုက်ပွဲ သည် အလွန်ပြင်းထန်ပြီး ငါးလခန့် ကြာခဲ့ကြောင်း၊ ရွှေနန်းကြော့ရှင်နိုင် ကြောင်း ရှင်မဟာရဋ္ဌသာရ၏ ပုံ တောင်နိုင်မော်ကွန်းတွင် ရေးထိုးထား သည်။
    ရှင်မဟာရဋ္ဌသာရသည် ပုံ တောင်တိုက်ပွဲ၏ အရေးပါပုံကို သိသ ဖြင့် စစ်ရေးစစ်ရာများကို ပေါ်လွင်စွာ ရေးဖွဲ့နိုင်ခဲ့သည်။ စာပိုဒ်ပေါင်း ၄၇ ပိုဒ်ပါသော ပုံတောင်နိုင်မော်ကွန်းသည် သာမန်မော်ကွန်းအရေးအဖွဲ့ မဟုတ်ဘဲ တကယ့်စစ်ပွဲကို သရုပ်ဖော်ရေး ဖွဲ့ ကာ စစ်မှတ်တမ်းတင်မော်ကွန်း၊ စစ်မော် ကွန်း၊ စစ်သမိုင်းဖြစ်ပါသည်။ ဘုရားဟောဇာတ်နိပါတ်တော်များကို အလင်္ကာ တန်ဆာ ဆင်၍ ကျွမ်းကျင်စွာ ရေးဖွဲ့နိုင်သော အင်းဝစာဆို ရှင်မဟာရဋ္ဌသာရသည် ပုံတောင်နိုင် မော်ကွန်းကို ရေးဖွဲ့ခြင်းဖြင့် စာပေမှတ်တိုင် တစ်ခု အောင်မြင်စွာ စိုက်ထူနိုင် ခဲ့ပါသည်။
ဘသန်းတင်
ကျမ်းကိုး - ၁။ ရွှေပုံတောင်ရန်အောင် မြင်စေတီတော်သမိုင်းအကျဉ်း။
၂။ ပုံတောင်နိုင်မော်ကွန်း။
၃။ မြန်မာ့သမိုင်းအကျဉ်း။

ဘသန်းတင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.