23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျောင်းကန်ဘုရား
မန္တလေးမြို့ မန္တလေးကထိန်

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရိုးရာယဉ်ကျေးမှုပွဲတော်များနဲ့  စည်ကားသိုက်မြိုက်လှတဲ့ နိုင်ငံဖြစ်ပါ တယ်။ မြန်မာနိုင်ငံ တစ်နံ တစ်လျား မှာ သူ့ရေ၊ သူ့မြေ၊ သူ့ဒေသအလိုက် ထူးခြားတဲ့ ဒေသဆိုင်ရာ ရိုးရာပွဲတော်တွေရှိသလို နိုင်ငံနဲ့ အ၀န်း တစ်ညီတစ်ညွတ် တည်း ခြိမ့်ခြိမ့်သဲ ကျင်းပကြတဲ့ ဆယ့်နှစ်ရာသီပွဲတော်တွေကလည်း ရှိနေပါသေးတယ်။

ဝါလကင်းလွတ် သီတင်းကျွတ်ပြီဆိုတာနဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့ ကထိန်ပွဲတော် ခင်းကျင်းလှူဒါန်းကြဖို့ ဆက်လက် စိုင်းပြင်း ကြပါတော့တယ်။ အထူးသဖြင့် ကျွန်တော်တို့ မန္တလေးသားတွေဟာ တန်ဆောင်တိုင်ပွဲတော်ကို ပိုပြီး အားထားလေ့ ရှိကြပါတယ်။

မန္တလေးမြို့ လေးပြင်လေးရပ်မှာရှိကြတဲ့ ရပ်ကွက်ဟာ သူ့ရပ်ကွက်နဲ့သူ ကထိန်ပွဲတော်ကို ဖြစ်မြောက်အောင် လုပ်ဆောင်လေ့ရှိကြ ပါတယ်။ ဒါတင်မက ဈေးသူဈေးသားတွေကလည်း ဈေးကထိန်၊ စာသင်ကျောင်းတွေကလည်း ကျောင်းကထိန်၊ ဌာနဆိုင်ရာတွေက လည်း ဌာနဆိုင်ရာ ကထိန်ဆိုပြီး ကျင်းပလာကြတာဟာ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ကစလို့ တန်ဆောင်မုန်းလ တစ်လလုံးကို ကထိန်ရာသီအဖြစ် သတ်မှတ်ကြပါတယ်။ ၀ိနည်းထုံးစံအရ ကထိန်အလှူကို တန်ဆောင်မုန်းလပြည့်နေ့ထိသာ ကထိန် အာနိသင်ရှိပေမယ့် လပြည့်မကျော်ခင်မှာ ကထိန်သင်္ကန်းကြီးကို ကထိန်မဲကျကျောင်းမှာ သွားရောက်လှူဒါန်းပြီး ကထိန် ခင်းကျင်းမှုကိုတော့ လမကုန်မချင်း ရက်ရွေးပြီး ခင်းကျင်းလှူဒါန်းကြပါတယ်။

အလျဉ်းသင့်လို့ ကထိန်ဖြစ်ပေါ်လာရခြင်းကို အကျဉ်းအားဖြင့် တင်ပြလိုပါတယ်။

တစ်နေ့သောအခါ မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးစံပယ်တော်မူစဉ်၊ ပါဝါပြည် မိဂဒါဝုန်စခန်းက ခရီးလမ်းခွဲလာကြတဲ့ ဓုတင်ဆောင် ရဟန်းသုံးကျိပ်တို့ဟာ ၀ါဆိုဖို့ အချိန်ကလည်းနီး၊ သာဝတ္ထိရောက်ဖို့ရာကလည်း ခြောက်ယူဇနာမျှ လိုနေသေးတာကြောင့် ၀ါဆိုအမီ ဘုရားရှင်အား ဖူးမြော်ရန် မတတ်နိုင်တော့ပဲ လမ်းခရီးဖြစ်တဲ့ သာကေတမြို့မှာပဲ ၀ါဆိုခဲ့ရပါတယ်။

ဝါလကင်းလွတ် သီတင်းကျွတ်လို့ ပ၀ါရဏာပြုပြီးတဲ့အခါ မြတ်စွာဘုရားထံ ခရီးဆက်ခဲ့ကြပါတယ်။ ဒါပေမယ့် မိုးတွင်းကာလ ကြီးဖြစ်နေ တဲ့အတွက်ကြောင့် မိုးထဲလေထဲမှာ သင်္ကန်းသုံးထည်စလုံး မိုးစိုရွှဲပြီး ရွှံ့တွေဗွက်တွေ ပေကျံကုန်ပါတော့တယ်။

ဘုရားရှင်ရဲ့ ကျောင်းတော်ကို ရောက်လို့ မြတ်စွာဘုရားရှင်ထံ အကြောင်းစုံကို လျှောက်ထားတဲ့ အခါမှာ ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်တို့ ပင်ပန်းကြီးစွာ တစီဝရိတ်စတင်ဆောင်ရွက်လာရတာကို အကြောင်းပြုပြီး သံဃာတော်များ သင်္ကန်းတစ်ထည် ထားပြီး ချမ်းသာစွာ သွားလာနိုင်စေခြင်း၊ သံဃာတော်များ လာဘ်လာလ ချမ်းသာစေခြင်းအကျိုးငှာ ရှေးနောင်တော်ဘုရာများ ခွင့်ပြုတော်မူတဲ့ နည်းတူ 'အနု ဇာနာမိ ဘိက္ခဝေ ဝဿံ ဝုဋ္ဌာန ဘိက္ခုနံ ကထိနံ အတ္တရိထံ'' လို့ ကထိန်ခင်းမှုကို ခွင့်ပြုတော် မူခဲ့ပါတယ်။

ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်ဆိုတဲ့အ တိုင်း ကထိန်ခင်းကျင်း လှူဒါန်း ခြင်း၊ ကထိန်သင်္ကန်းလှူဒါန်းခြင်း ဟာ ပုဂ္ဂိုလ်စွဲ၊ ဆရာစွဲ၊ ကျောင်းစွဲ၊ အစွဲအလမ်းကင်းစွာ သံဃာကို ရည်စူးလှူတဲ့ အလှူဖြစ်လို့ အမြတ် ဆုံးအလှူဖြစ်ပါတယ်။

''ပဉ္စာနိသံသေ အညဒတ္ထ ဂန္တု အဒတွာ သင်္ဂနတ္ထေန ကထိနံ''

အာနိသင်ငါးရပ်တို့ကို ပြင်ပ သို့သွားခြင်းငှာမပေးဘဲ၊ ကထိန်ခင်း ရာ ကျောင်းတိုက်အတွင်း၌သာ သိမ်းသွင်းယူခြင်းငှားစွမ်းနိုင်သဖြင့် မြဲမြံတည်တံ့သောကြောင့် ကထိန် ဟူ၍ ခေါ်သည်လို့လည်း ကထိန်ကို အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။

မန္တလေးမြို့ ကထိန်တော်တွေ ကို မိမိတို့ရပ်ကွက်၊ မိမိတို့ရုံး၊ ဌာန မိမိတို့ကျောင်း၊ မိမိတို့ဈေးတွေမှာ စည်စည်ကားကား၊ သိုက်သိုက် မြိုက်မြိုက် ခင်းကျင်းပြင်ဆင်ပြီး ညပိုင်းမှာ ကပွဲတွေ၊ ပျော်ပွဲရွှင်ပွဲ တွေ၊ အဆိုအက၊ အတီးအမှုတွေနဲ့ ဖျော်ဖြေတင်ဆက်ကြပါတယ်။ ညှပ်မကြီးမှာ အကျွေးအမွေးနဲ့ ဧည့် ခံပြီး နောက်တစ်နေ့မနက်မှာတော့ မဲကျရာကျောင်းကို ကားကြီး၊ ကား ငယ် အသွယ်သွယ်နဲ့ လိုက်ပါပို့ ဆောင်လှူဒါန်းကြပါတယ်။

ဒါပေမယ့် တချို့ကထိန်တွေ မှာတော့ မိမိတို့ မဲကျရာကျောင်း တိုက်ကိုပဲ ကြိုတင်သွား ရောက်ကြ ပြီး ကျောင်းတိုက်မှာပဲ ကထိန်ခင်း ကျင်းပြသတာ၊ ကျောင်းတိုက်မှာပဲ ညအိပ်ပြီး ချက်ပြုပ်ကြော်လှော် စားသောက်၊ ကျွေးမွေးဧည့်ခံကြနဲ့ တပျော်တပါးကြီးပါ။ အထူး သဖြင့် တော့ လွန်ခဲ့တဲ့ ၁ဝ စုနှစ် ဟိုဘက် ပိုင်းက မန္တလေးကထိန်အများစုကို ဧရာဝတီမြစ်ကိုကူးပြီး အနောက် ဘက်တမ်း စစ်ကိုင်းတောင်ရိုးက ဘုန်းကြီးကျောင်းတွေ၊ ချောင်တွေ မှာသွားရောက်လှူဒါန်းတာတွေ များပါတယ်။ ထုံးစံအတိုင်း ကာလ သားလူငယ်တွေကတော့ အလှူနဲ့ ရောပြီး သောက်ကြ၊ စားကြတာ လည်းရှိတာပေါ့။

ဒီနောက်တော့ စစ်ကိုင်းချောင် ကရိုးသွားလို့ပဲလား။ တကယ်ရှားပါး တဲ့ ကျောင်းတွေကို လှူချင်လို့ပဲ လား မဆိုနိုင်ပါဘူး။ စစ်ကိုင်းနဲ့ မန္တလေးမြို့ပေါ်က ကျောင်းတွေမှာ ကထိန်အရနည်းပြီး ရှမ်းပြည်နယ် တောင်ပိုင်း မြောက်ပိုင်းက တိုင်း ရင်းသားကျေးရွာတွေဆီ သွားရောက် ခင်းကျင်း လှူဒါန်းလာကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးလေးနှစ် လောက်ကစပြီး မန္တလေးကထိန် တော်တွေကို မန္တလေးမှာပဲ ခင်း ကျင်းပြီး မန္တလေးတစ်ဝိုက်က ကျောင်းတွေမှာပဲ ပြန်လည်လှူဒါန်း လာကြတာတွေ့ရပြန်ပါတယ်။

မန္တလေးမြို့ပေါ်မှာ ကထိန် တွေ ခင်းကြတော့ မတွေ့ရ၊ မမြင်ရ၊ မကြည့်ရတာကြာပြီဖြစ်တဲ့ မန္တလေး အငြိမ့်ပွဲတွေကိုလည်း ပြန်လည် ကြည့်ခွင့်ရလာလို့ ဝမ်းသာစရာ ကောင်းလှပါတယ်။ တကယ်က မန္တလေး အငြိမ့်သဘင်က ပျောက် လုနီးပါးရှိနေပါပြီ။ မန္တလေးက အငြိမ့်လူရွှင်တော်တွေ၊ မင်းသမီး တွေလည်း ဇာတ်တွေထဲရောက် ကုန်ကြပါပြီ။ ဇွဲကောင်းကောင်းနဲ့ အနုပညာချစ်စိတ်၊ သဘင်ချစ် စိတ် ပြင်းထန်တဲ့ အဖွဲ့လေးဖွဲ့ပဲကျန်ပါ တော့တယ်။ အဲဒါတွေကတော့၊ ရွှေရတနာအငြိမ့် သစ်လွင်အငြိမ့်၊ မြရတနာအငြိမ့်၊ ဒို့ညီနောင် ချိုတူး တို့ပဲဖြစ်ပါတယ်။  သက်ကြီးအငြိမ့် ဖြစ်တဲ့ ရွှေနန်းမြင့်အငြိမ့်ကို ဆရာ နန်းဌေးအောင်က ပြန်ဖွဲ့မယ်လို့ တော့ ကြားရပါ တယ်။ မန္တလေးမြို့မှာ ဇာတ်အဖွဲ့ပေါင်း ၄ဝ ကျော်ရှိပြီး အ ငြိမ့်အဖွဲ့ကလေးဖွဲ့ပဲ ရှိတော့ပါတယ်။

မန္တလေးရဲ့ ကထိန်ညတွေကို ကျွန်တော် တကယ်ပဲလွမ်းပါတယ်။ မီးရောင်တွေ ထိန်ထိန်လင်းနေတဲ့ ကထိန်ညတွေမှာ ကထိန် သင်္ကန်း သက်သက်သာမကဘဲ ဘုန်းကြီး ကျောင်းတွေမှာ လိုအပ်တဲ့ လှူဖွယ် ပစ္စည်းတွေကို အလျှံပယ်ကြည်ညို သဒ္ဓါပွားနိုင်ကြပါ တယ်။

ကထိန်ညတွေမှာ ပွဲဈေးတန်း လမ်းလျှောက်မယ်၊ အငြိမ့်ပွဲကြည့် မယ်၊ ဧည့်ခံမဏ္ဍပ်မှာ ဝင်ပြီး ကြာ ဆံဟင်းခါးသောက်မယ်။ လက်ဖက် စားမယ်၊ ဧည့်ခံတီးဝိုင်းအဖွဲ့က သီ ဆိုဖျော်ဖြေတဲ့ မြန်မာသံစစ်စစ်သီ ချင်းနားဆင်မယ်။ ကာလသား၊ ကာလသမီးတွေ ကတော့ ဒီလိုပွဲမျိုး မှာ အစွမ်းကုန်ခြယ်သအလှပြင် ကြ၊ နောက်ကြပြောင်ကြမယ်ပေါ့။

မောင်သင်းဝေ
 
Untitled Document
Francesco Sinibaldi said...
Saturday 19 November 2016, 7:18 am
Le sourire et le conte du cœur.

Quelquefois
le murmure de
la soirée m'invite
à traduire le
chant de la mort,
et alors le sourire
devient le manteau
et un son délicat.

Francesco Sinibaldi
Francesco Sinibaldi said...
Saturday 11 March 2017, 7:28 am
Morning of pleasure.
( last version )

There's a
pertinent care
when the joy of
a blackbird, at
the end of a
melody and while
everything shines
with a certain
impression, returns
in the darkness
to cover the sunlight
and the delicate
whisper of
a living profile...

Francesco Sinibaldi
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.