စကုမြို့ နေရဗာန် စေတီတော်
ဤစေတီတော်ကြီးကို မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင် စကုမြို့၊ အမှတ်-၁ နယ်မြေ၊ ရှမ်းစုမြောက်ပိုင်း ရပ်ကွက်၊ မြို့ဦးမြို့ထိပ်တွင် တည်ထားကိုးကွယ် ပူဇော်သည်။ ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအရ မြို့တည်လျှင် နေရဗာန် ဘုရားပါ တစ်ပြိုင်နက်တည်း တည်ရသည်။ အကြောင်းရင်းမှာ မလိုတမာ ရန်သူများ ကျိန်စာတိုက်ခြင်းမှ လွတ်ကင်းရန် ဘေးဆိုးအန္တရာယ် အပေါင်းမှလည်း ကင်းရှင်းစေကြောင်း ရည်ရွယ်သည်။ သကုဏခေါ် စကုသည် ပုဂံခေတ်၌ တည်ထောင်ခဲ့သော မြို့ဖြစ်သည့်အလျောက် ပုဂံအနော်ရထာမင်း၏ လက်အောက်ခံ မြို့စားတစ်ဦးဖြစ်သော အသင်္ခရာ အမတ်ကြီးက မြို့အဖြစ် တည်ခဲ့သည်။ သက္ကရာဇ်နှင့် ပတ်သက်၍ ဗဟုသုတ ဖြစ်စရာများမှာလည်း အအာအံ ပုဂံတည် ၁၁၁၊ ကြာသီးနု စကုတည် ၂၆၇၊ ကြာညို ဝိုင်း လယ်ကိုင်း ၂၃၄၊ ကြာဖက်အင်း စလင်း ၂၅၁၊ ဝတ်မှုန်ရည် မန်းဆည် တော် ၄၅၄ ဆိုသောစကားအရ သက္ကရာဇ် ၂၆၇ ခုနှစ်တွင် စကုမြို့ ကိုစတင်၍တည်ခဲ့သည်။ ထိုမှစ၍ တွက်ချက်သော် နှစ်ပေါင်းတစ်ထောင့်တစ်ရာ ကျော်ခဲ့သောကြောင့် သိသာထင်လင်းစွာ ရှေးဟောင်းသမိုင်းဝင် ဘုရားကြီးတစ်ဆူ ဖြစ်နေပေသည်။ လျောင်းတော်မူ ရုပ်ပွားတော်ကြီးတစ်ဆူ (နေရဗာန်)အား ဌာပနာ၍တည် ထားသည်။
ရှေးအရေး နေရမ္ဗာန်မြတ်စွာ ဘုရားဟု တွေ့ရသည်။ ခေတ်သစ်မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်း ခွဲထားတို့တွင် ၄င်းဝေါဟာရတို့ကို မတွေ့ရ။ နေရဗာန်ဆိုသော အဓိပ္ပာယ်ကို ထပ်မံစဉ်းစား ရှာဖွေရာ အောက်ပါ ကောက်နုတ်ချက်များကို တွေ့ရသည်။ မြက်ခင်းသစ်မဂ္ဂဇင်း၊ အမှတ်စဉ် ၈၆၊ ၁၉၉၇ ခုနှစ်၊ ဇွန်လထုတ် မဂ္ဂဇင်းတွင် တစ်သက်တာ စာပေဆုရ(သင်္ခါ) ရေးသော မြန်မာမှန်လျှင် ပုဂံကို ရောက်ရမည် ဆိုသော ဆောင်းပါး၌ အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ-
'မာန်စစ်သည်များကို အောင်နိုင်ရာ၌ ကိုယ်တော်၏ ပါရမီတော်များကို မဟာပထဝီမြေကြီးအား သက်သေထူသည့် အထိမ်းအမှတ် တင်ပျဉ်ခွေတွင် လက်တော်မြေစိုက်ပုံတော် ဖြစ်သော ဘူမိဖဿမုဒြ၊ ဓမ္မစကြာ တရားဦးကို ဟောတော်မူသော လက်ညှိုးတော်နှင့် လက်မတော်ထိနေသည့် ပုံတော်ဓမ္မစကြာမုဒြ၊ ခြေဖဝါးတော် နှစ်ဖက်တွင် လက်တော်ခုံတို့ကို ယှက်တင်ကာ ဈာန်အဘိဥာဉ် ဝင်စားနေပုံ ဈနမုဒြ၊ သတ္တဝါ အများအား ရင်ဝယ်သားနှင့်မခြား မဟာကရုဏာတော် ကြီးမားတော်မူခြင်း အထိမ်းအမှတ် ယာလက်တော်ကို ဖြန့်၍ထားဟန် မဟာကရုဏာမုဒြ၊ စိုးရိမ်ကြောင့် ကြကင်း၍ တရားအမြိုက်ဆေးကို တိုက်ကျွေးကာ လက်ဖဝါးတော်ကို ဖြန့်ထားဟန် အဘယမုဒြ စသည်ဖြင့် ပုံတော်အမျိုးမျိုးရှိသည်။
ထို့နောက် ကိုယ်တော်၏ လဲလျောင်းနေပုံတွင်လည်း တောင်ဘက်သို့ ဦးခေါင်းတော် ပြုနေလျှင် (ပေါင်းလည်း)၊ အနောက်သို့ ဦးခေါင်းတော် ပြုနေလျှင် (နေရဗာန်)၊ အရှေ့သို့ ဦးခေါင်းတော် ပြုနေလျှင် (ရွှေသာလျောင်း)၊ မြောက်သို့ ဦးခေါင်းတော် ပြုနေလျှင် (နိဗ္ဗာန်ဝင်)။ အရှေ့ဦးခေါင်း၊ ရွှေသာလျောင်း၊ ပေါင်းလည်း ဒက္ခိဏာ၊ အနောက် နေရဗာန်၊ မြောက် နိဗ္ဗာန်၊ လေးတန်ခေါ်သညာ စသည်ဖြင့် အခေါ်အဝေါ်အမျိုးမျိုး ကွဲသေးသည်။
ဘုရားစေတီတွင်လည်း အမျိုးမျိုး အခေါ်အဝေါ်များ ရှိသည်။ မြန်မာများ၏ ပုထိုးဘုရား စေတီများ၏ ပုံသဏ္ဌာန်မှာ ကိုယ်တော်၏ ထိုင်နေပုံနှင့်မခြား တြိဂံသုံးမြှောင့်ပုံဖြစ်ရာ ဤသုံးမြှောင့် အထိမ်းအမှတ်သည်ပင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ(ဘုရား၊ တရား၊ သံဃာ) ရတနာ သုံးပါးကို ရည်ညွှန်းထားခြင်း ဖြစ်သည်။
ဆရာပါစီသည် စာပေရေးသားရာတွင် စကားပြေဖြင့် မရေး။ စကားပြောဖြင့် ရေးသားပါသည်။ ဆရာ လူထု ဦးလှ၊ ဆရာမ လူထု ဒေါ်အမာ တို့၏ စကားပြော အရေးအသားများကို အားကျနှစ်သက်၍ ဤသို့ ရေးသည်ဟု ပြောပါသည်။ ကျွန်တော် ကတော့ ဆရာဒဂုန်တာရာ၊ ဆရာမြ သန်းတင့်တို့၏ အရေးအသားများကို စွဲမက်ပါသည်။ စကားပြေဖြင့် ရေး သားတာများ ပါသည်။ ထို့အပြင် ဆရာသည် ကျွန်တော် ဗိသုကာ ကျွန်တော်ဗိသုကာဆိုသော ဟန်ပန်လေး တစ်ခုကို ကိုင်စွဲပြီး ဗိသုကာ ဘဝကို ခုံခုံမင်မင် ရေးသားလေ့ ရှိသည်။ ကျွန် တော်ကတော့ ဤသို့မဟုတ်။ အင်ဂျင်နီယာကို အင်ဂျင်နီယာလို ပြောကြ၊ ရေးကြသလို Architect ကို အာခီတက်လို့ပဲ ရေးလေ့ရှိပါသည်။ ပြဿနာမရှိပါ။ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိပါသည်။
ယခု။
အာခီတက် ဖိုးစိန်ကြီးက ညွန့် ဝင်းလေးကိုသိသွားပါပြီ။
ဝမ်းသာမိပါသည်။
ညွန့်ဝင်းလေး