အွန်လိုင်းပေါ်မှ လူမှုကွန်ရက် ဖန်တီးရှင်များ
ယနေ့ခေတ်တွင် အခမဲ့အသုံးပြု နိုင်သည့် အင်တာနက် လူမှုကွန်ရက် ဝက်ဘ်ဆိုက်များမှာ ကမ္ဘာ့လူထု အကြားတွင် တွင်ကျယ်ပျံ့နှံ့လျက်ရှိ သည်။ လူမှုကွန်ရက်ဝက်ဘ်ဆိုက် များကို ရည်ရွယ်ချက်မျိုးစုံဖြင့် အသုံးပြုကြရာ နိုင်ငံရေး၊ စီးပွားရေးမှ အစပြု၍ လူမှုရေး၊ အများစုပေါင်း လှုပ်ရှားမှုများအလယ် ပုဂ္ဂလိကခံစား ချက်များအထိ အကြောင်းအရာမျိုးစုံ ကို တစ်ဦးနှင့်တစ်ဦးကြား သို့မဟုတ် အဖွဲ့တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား သတင်း အချက်အလက်များ ဝေမျှကြသည်ကို တွေ့လာရသည်။
လူမှုကွန်ရက်ဝက်ဘ်ဆိုက် အမျိုးအစားတွင် လူသိအများဆုံး ဝက်ဘ်ဆိုက်များမှာ ယခုနောက်ပိုင်း လူသုံးအများဆုံးဖြစ်လာသော Facebook နှင့်Twitter, Linkedin, Friendster စသည့်ဝက်ဘ်ဆိုက်များ ဖြစ်သည်။
အခမဲ့အသုံးပြုနိုင်သော၊ နာမည် ကျော် အင်တာနက်လူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင် တစ်ခုအပါ အဝင်ဖြစ်သည့် Twitter ကို ၂ဝဝ၆ ခုနှစ်မှစ၍ အသုံးပြုခဲ့ကြသည်။ ဖန်တီး ခဲ့သူမှာ အမေရိကန်လူငယ်တစ်ဦး ဖြစ် သည့် ဂျက်ဒေါ်ဆေ- Jack Dorsey ဖြစ်သည်။ ဂျက်ဒေါ်ဆေသည် အမြဲတီထွင် ကြံဆနေသူ ကွန်ပျူတာပရိုဂရမ်မာ တစ်ဦးဖြစ်ပြီး လူတို့၏ ပုဂ္ဂလိက ခံစားချက် များ၊ သတင်းများကို ဖော်ပြသည့် မီဒီယာပလက်ဖောင်း တစ်ခုဖြစ်သော Twitter ကို မွေးဖွား ပေးခဲ့သူဖြစ်သည်။
ဖန်တီးခါစတွင် Twitter သည် အများအသိအမှတ်ပြုခြင်းကို ထင် သလောက်မရခဲ့ပေ။ ထို့နောက်တွင်မူ နာမည်ကျော်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ အခြားလူထု လှုပ်ရှားမှု များတွင် အင်အားကြီးမားသော နိုင်ငံရေး၊ လူမှုရေးနှင့် တစ်ဦးချင်းလှုပ် ရှားမှုများ- Campaigns အတွက် အရေးတကြီးအဓိက အသုံးပြုခဲ့သော မီဒီယာတစ်ခု ဖြစ်လာခဲ့ပြီး ထိုအချိန်မှ စ၍ Twitter သည် ကမ္ဘာကြီး အတွက် နက်နဲသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။
Twitter ဖန်တီးရှင် ဂျက်ဒေါ်ဆေ ကို ၁၉၇၆ နိုဝင်ဘာ ၁၉ တွင် မွေးဖွား ခဲ့ပြီး မစ်ဇူရီပြည်နယ်၊ စိန့်လူးဝစ်မြို့ တွင် ကြီးပြင်း ခဲ့သည်။ ငယ်ရွယ်စဉ် ကတည်းကပင် ဂျက်ဒေါ်ဆေသည် ကွန်ပျူတာပညာရပ်နှင့် ဆက်သွယ် ရေးနည်းပညာများကို စိတ်ပါဝင်စားခဲ့ ပြီး ဘစ်ရှော့ဒူဘိုးအထက်တန်း ကျောင်းတွင် တက်ရောက်နေချိန်မှ စတင်၍ Programming ပညာကို သင်ယူလေ့ လာခဲ့သည်။
ဂျက်သည် တက္ကစီမောင်းသူ များ၊ ပစ္စည်းဖြန့်သောကားများ စသည့် ယာဉ်များအတွက် မရှိမဖြစ် အသုံးပြု နိုင်မည့် ဆက်သွယ်ရေးနည်းပညာများ ကို စူးစမ်းခဲ့ပြီး အသက် ၁၅ နှစ် အရွယ်ရောက်ချိန်တွင် ဆက်သွယ်ရေး ဆော့ဖ်ဝဲ တစ်ခုကို တီထွင်နိုင်ခဲ့သည်။ ယင်းဆော့ဖ်ဝဲ- Software ကို ယနေ့ တိုင် အချို့သော တက္ကစီကုမ္ပဏီများ က အသုံးပြုနေဆဲဖြစ်သည်။
ဂျက်ဒေါ်ဆေသည် မစ်ဇူရီသိပ္ပံ နှင့် နည်းပညာတက္ကသိုလ်တွင် ပညာ သင်ကြားပြီး နယူးယောက်တက္က သိုလ်သို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ သည်။ ဘီလ်ဂိတ်၊ စတိဗ်ဂျော့နှင့် မာ့ခ် ဇက်ကာဘတ်စသည့် ကွန်ပျူတာသိပ္ပံ ပညာ ရှေ့ဆောင် လမ်းပြများ ကဲ့သို့ပင် သူသည်လည်း ပညာတစ်ပိုင်းတစ်စ နှင့် ကျောင်းမှထွက်ကာ အုတ်ကလန် မြို့သို့ ပြောင်းရွှေ့ခဲ့သည်။
အုတ်ကလန်၌ ယင်းတီထွင် ထားသော ဆော့ဝဲအား အင်တာနက် ဝက်ဆိုက်မှတစ်ဆင့် ဖြန့်ချိရန်အတွက် ကုမ္ပဏီတစ်ခုကို စတင်တည်ထောင်ခဲ့ သည်။ ထိုကာလအတွင်း ဂျက်သည် မက်ဆေ့တိုများကို အင်တာနက်မှ တစ်ဆင့် ဖြန့်ဝေခြင်းအားဖြင့် အချိန် တိုအတွင်း ထိရောက်သော ရလဒ် များဖြစ်ပေါ်စေမည့် အတွေးစိတ်ကူး ကို ရလာခဲ့သည်။
ယင်းစိတ်ကူးမှာ Twitter ၏ အဦးအစပင်ဖြစ်သည်။ ထို့နောက် Twitter ကို ၂ဝဝ၆ ခုနှစ် မတ်လတွင် စတင်ဖန်တီးခဲ့ပြီး ထိုနှစ် ဇူလိုင်လတွင် စတင်ထုတ်လွှတ်ခဲ့သည်။ စတင် ထုတ်လွှတ်ချင်းမှာပင် ကမ္ဘာအနှံ့တွင် Twitter ကိုအသုံးပြုသူများ တစ်ခဲ နက်များပြားခဲ့ပြီး ၂ဝ၁၁ ခုနှစ် ရောက် သောအခါတွင် အသုံးပြုသူ သန်းနှစ် ရာကျော်ထိ ရောက်ရှိခဲ့သည်။
ယင်းကဲ့သို့ မက်ဆေ့တိုဝန် ဆောင်မှုနှင့် ပူးတွဲဝက်ဘ်ဆိုက်များကို လည်ပတ်ဆောင်ရွက်နေသော Twitter အမည်ရ နာမည်ကျော်အိုင်တီကုမ္ပဏီကို အမေရိကန်ပြည်ထောင် စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ်စကိုမြို့တွင် အခြေစိုက် တည်ထောင်ထားသည်။ အပိုဆောင်း ဆာဗာများနှင့် ရုံးခွဲများကို ဆန်အန်တို နီယို၊ တက္ကဆပ်၊ ဘော်စတွန်၊ မန်ဆာ ချူးဆက်နှင့် နယူးယောက်တို့တွင် ဖွင့်လှစ်ထားသည်။
Twitter ကို စတင်မွေးဖွားခဲ့ သည့် Brainstorming ဟုအမည်ပေး ထားသည့် အလုပ်ရုံဆွေးနွေးပွဲကို Odeo ဟုအမည်ရသော Podcasting ကုမ္ပဏီ၏ဘုတ်အဖွဲ့လူကြီးများနှင့် ပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲမှာ တစ်နေ့တာ ကြာမြင့်ခဲ့ပြီး ဂျက်ဒေါ် ဆေက သီးသန့်သတင်းဝေမျှသည့် စနစ်တစ်ခုကို အကောင်အထည်ဖော် မည့် စီမံကိန်းတစ်ခုကို ယင်းဆွေးနွေး ပွဲတွင် ချပြခဲ့သည်။ မူလအမည်မှာ Twitter မဟုတ်သေးဘဲ Twitter ဖြစ် သည်။
ထို့နောက်တွင် လူငယ်လေး ဂျက်ဒေါ်ဆေ၏ Twitter အိပ်မက် သည် ၂ဝဝ၆ မတ်လ ၂၁ ရက်နေ့တွင် Just setting up my twttr ဟူသော ပထမဆုံး မက်ဆေ့- Tweet ဖြင့် စတင်အသက်ဝင်ခဲ့တော့သည်။ Twitter.com ကို ဖန်တီးထုတ် လုပ်ကြသော တွစ်တာကုမ္ပဏီ- Twitter, Inc. ကို ဂျက်ဒေါ်ဆေအပါ အဝင် နိုအာဂလပ်- Noah Glass? အီဗန်ဝီလျံ- Evan Williams ၊ ဘစ် စတုန်း- Big Stone တို့က ပူးတွဲ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
တည်ထောင်စတွင် ဂျက်ဒေါ် ဆေက ကုမ္ပဏီအမှုဆောင်အရာရှိ ချုပ်- CEO အဖြစ် တာဝန်ယူခဲ့သော် လည်း ၂ဝဝ၈ ခုနှစ်တွင် အီဗန်ဝီလျံ က အမှုဆောင်အရာရှိချုပ်ဖြစ်လာပြီး ဒေါ်ဆေက ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြသည်။ ၂ဝ၁၁ ခုနှစ် မတ်လတွင်မူ ဂျက်ဒေါ်ဆေသည် Executive Chairman ဖြစ်လာသည်။
၂ဝ၁ဝ ပရောဂျက်အရ ကုမ္ပဏီ ၏ အခွန်ပေးဆောင်ရမှုသည် အမေရိ ကန်ဒေါ်လာသန်းပေါင်း ၁၄ဝ ဖြစ် သည်ဟုဆိုသည်။ ကုမ္ပဏီဝန်ထမ်းဦး ရေမှာ ၆ဝဝကျော်ရှိပြီး Twitter.com ကိုအသုံးပြုသူပေါင်းမှာ ကမ္ဘာအနှံ့ သန်းနှစ်ရာကျော် ရှိသည်ဟု ၂ဝ၁၁ မတ်လစာရင်းဇယားအရ သိရသည်။ အစပထမတွင် တွစ်တာကို အများက ပုဂ္ဂိုလ်ရေးရာဖော်ပြချက်များကို အလေးပေးဖော်ပြသော လူမှုကွန်ရက် တစ်ခုဟုသာ ခပ်တိမ်တိမ် သဘော ထားခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဂျက်ဒေါ်ဆေအပါအဝင် နာမည်ကျော် ပုဂ္ဂိုလ်များက Twitter ကိုအသုံးပြုခြင်း ကြောင့် တဖြည်းဖြည်းလူကြိုက်များ လာသည်။
ထို့နောက် Microblogging လှုပ် ရှားမှုများတွင် Twitter အနေဖြင့် အမေရိကန်ပြည်ထောင်စုအတွက် အင်အားကြီးသော ပလက်ဖောင်းတစ် ခုဖြစ်လာသည်။ ဘားရက်အိုဘားမား နှင့် ဂျွန်မက်ကိန်းတို့ကဲ့သို့ ရွေး ကောက်ပွဲဝင် သမ္မတလောင်းများက မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများအတွက် Twitter ကို အဓိကအသုံးပြုခဲ့သည်။ အီရန်နိုင်ငံ၏ ၂ဝဝ၉ ဇွန် သမ္မတရွေး ကောက်ပွဲများ အပြီးတွင် Twitter သည် နိုင်ငံတကာနယ်ပယ်သို့ အား ထားရသော လူမှုကွန်ရက်တစ်ခု အဖြစ် ဝင်ရောက်ခြေဆန့်လာတော့သည်။
၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာတစ် လွှား၌ Twitter အသုံးပြုသူပေါင်း သန်းနှစ်ရာကျော်ရှိပြီး တစ်ရက်လျှင် မက်ဆေ့တိုပေါင်း သန်း ၆ဝ ခန့် တင်ကြသည်ဟု စာရင်းများအရသိရ သည်။
ဖန်တီးရှင် ဂျက်ဒေါ်ဆေက တွစ်တာကုမ္ပဏီအပြင် အခြားလုပ်ငန်း များကိုပါ ပူးတွဲလုပ်ကိုင်လာခဲ့သည်။ ဒေါ်ဆေသည် Foursquare အမည်ရှိ သော လူမှုကွန်ရက်ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး မိုဘိုင်းဖုန်းများ အတွက် အသုံးချဆော့ဖ်ဝဲတစ်ခုကို တီထွင်ထုတ်လုပ်သည့် Square ဟု ခေါ်သောကုမ္ပဏီကိုလည်း ပူးတွဲမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။ Twitter သည် လူများ၏ ဆက် သွယ်ရေးနည်းပညာကို တီထွင်ဆန်း သစ်ခဲ့သည်ဖြစ်သော်လည်း ဂျက်ဒေါ် ဆေကမူ ''နည်းပညာဆိုတာမှာ အတွေ့အကြုံ များလာတာနဲ့အမျှ ပိုကောင်းလာတာတွေ ပိုသစ်နေတာ တွေကိုပဲ အမြဲတွေ့နေရဦးမှာပါ'' ဟုသာ မှတ်ချက်ပေးသွားသည်။
Ref: www.twitter.com, Wikipedia, Twitter အသုံးပြုနည်း စာအုပ်
ကလျာအိအိလွင်