အွန်လိုင်းပေါ်မှ လူမှုကွန်ရက်ဖန်တီးရှင်များ
ရိဒ်ဟော့မန်းကို ၁၉၆၇ သြဂုတ် ၅ ရက်နေ့တွင် အမေရိကန်ပြည် ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ စတန်းဖို့တွင် မွေးဖွားခဲ့သည်။
အမေရိကန်လူမျိုးဖြစ်ပြီး စွန့်ဦး တီထွင်သူ၊ အစုစပ်လုပ်ငန်းရှင်၊ စာရေးဆရာ စသည့် အလုပ်အကိုင် တို့ကို တစ်ချိန်တည်းတွင် လုပ်ကိုင် နေသူဖြစ်သည်။
ဟော့မန်းကို LinkedIn တည် ထောင်သူတစ်ဦးအနေဖြင့် အဓိက လူသိများသည်။ LinkedIn သည် စီးပွားရေး လုပ်ငန်းများနှင့် အလုပ် အကိုင်ရှာဖွေခြင်းစသည့် အရေး ကြီးသော ဆက်သွယ်မှုများ အတွက် အဓိကဆက်သွယ်ပေးနေသော လူမှု ကွန်ရက် ဝက်ဘ်ဆိုက် အမျိုးအစား ဖြစ်သည်။
ရိဒ်ဟော့မန်းသည် ၁၉၉ဝ ခုနှစ် တွင် စတန်းဖို့တက္ကသိုလ်မှ သင်္ကေ တစနစ်များနှင့် ဒဿနိကသိပ္ပံ ဘာသာရပ်ဖြင့် B.S ဘွဲ့ရရှိခဲ့ပြီး ၁၉၉၃ တွင် အောက်စဖို့တက္ကသိုလ်မှ ဒဿနိကဘာသာရပ်ဖြင့် မာစတာဘွဲ့ ကို ရရှိခဲ့သည်။ ရရှိခဲ့သည့် ဘွဲ့များနှင့် လျော်ညီစွာ ရိဒ်အနေဖြင့် နည်းပညာ နယ်ပယ်တွင် စီးပွားရေးလုပ်ငန်းနှင့် စွန့်ဦးတီထွင်ခြင်းပညာတို့ဖြင့် အသက် မွေးဝမ်းကျောင်းကို စတင်ခဲ့သည်။
ရိဒ်သည် Apple ကွန်ပျူတာနှင့် Fujitu ကုမ္ပဏီတို့တွင် Product Manager အဖြစ်လုပ်ကိုင်ခဲ့ပြီးနောက် PayPal ကုမ္ပဏီကိုတည်ထောင် ရာတွင် လက်ရာမကင်းပါဝင်ခဲ့သည်။ PayPal ဆိုသည်မှာ ယနေ့ခေတ်တွင် အသုံးများနေသော အွန်လိုင်းငွေလွှဲ စနစ်တစ်ခုဖြစ်သည်။ PayPal ကို eBay ကုမ္ပဏီနှင့်တွဲဖက်လုပ်ကိုင် ခဲ့သော ၂ဝဝ၂ ခုနှစ်တွင် ရိဒ်အနေဖြင့် PayPal ၏ Executive Vice President တာဝန်ကိုယူကာလုပ်ကိုင် ခဲ့သည်။ PayPal ၏ ဗီဇာ၊ မာစတာ ကတ် စသည့် ပြင်ပ တာဝန်များအပြင် အစိုးရနှင့်စပ်ဆိုင်သော တရားဥပဒေ ဆိုင်ရာကိစ္စများအားလုံးကို တာဝန်ယူ လုပ်ဆောင်ခဲ့သည်။
PayPal ကို eBay သို့ ရောင်းချ လိုက်ပြီးနောက်တွင် ရိဒ်ဟော့မန်း သည် ဆီလီကွန်ဗယ်လီ(အမေရိကန် နည်းပညာရပ်ကွက်)၏ အအောင် မြင်ဆုံး ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်လာ သည်။
ရိဒ်အနေဖြင့် နိုင်ငံတစ်လွှားရှိ နည်းပညာကုမ္ပဏီပေါင်း ၈ဝ ကျော် တွင် ရင်းနှီးမြှုပ်နှံထားသူ အံ့ဖွယ် စီးပွားရေးသမား တစ်ဦးဖြစ် သည်ဟု အစုစပ်လုပ်ငန်း အရင်းရှင်တစ်ဦးက ထုတ်ဖော်ပြောရသည်အထိ ရိဒ်သည် လက်ရှိတွင် ၂.၃၄ ဘီလျံချမ်းသာသူ တစ်ဦးဖြစ် လာပြီဖြစ်သည်။ ယင်း စာရင်းဇယားမှာ ၂ဝ၁၁ မေ ၁၉ ရက် နေ့တွင် ထုတ်ပြန်သော LinkedIn ၏အစီရင်ခံစာအရ ပေါ်ထွက် လာခြင်း ဖြစ်သည်။
ထို့နောက်တွင် SocialNet.com ကို ပူးတွဲတည်ထောင်ခဲ့သည်။ SocialNet.com ဆိုသည်မှာ အွန် လိုင်းမှတစ်ဆင့် ဖူးစာဖက် ရှာဖွေရေး ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ SocialNet.com သည် ရိဒ်ဟော့မန်း၏ ပထမဆုံးတည်ထောင်သော ကုမ္ပဏီဖြစ်လာ သည်။
LinkedIn Social Network ကို မတည်ထောင်မီကာလက ရိဒ်သည် PayPal တွင်သာမကအခြားအွန်လိုင်း နည်းပညာကုမ္ပဏီ များတွင်လည်း အလုပ်လုပ်ခဲ့ဖူးသည်။ Ironport, Friendster နှင့် Nano-solar လူမှု ကွန်ရက်ဝက်ဘ်ဆိုက် များ၏ ရင်းနှီး မြှုပ်နှံသူ တစ်ဦးလည်းဖြစ်သည်။
ထို့အပြင် ရိဒ်ဟော့မန်းသည် စာရေးဆရာတစ်ဦးအဖြစ်လည်း The Start-up of You(သင့်ဘဝစတင်ခြင်း) အမည်ရစာအုပ်ကို Ben Casnocha နှင့်ပူးတွဲရေးသားပြုစုခဲ့သည်။ ယင်း စာအုပ်တွင် Adapt to the Future, Invest in Yourself, Transform your Career စသည့် တိုးတက် အောင်မြင်ရေး အတွေးအခေါ်များကို အသေးစိတ် ဖော်ပြထားသည့် အခန်း ကဏ္ဍများ ပါဝင်သည်။ The Start-up of You စာအုပ်ကို ၂ဝ၁၂ ဖေဖော် ဝါရီ ၁၄ တွင် ဖြန့်ချိခဲ့ပြီး စာအုပ်ထဲတွင် မည်သူမဆို မိမိကိုယ်ပိုင် ကုမ္ပဏီတစ်ခု၏ CEO ဖြစ်လာစေရန် စိတ်ကူးထားသင့်သည်ဟူသော အတွေးအခေါ်ကို ချပြဆွေးနွေးထား သည်။
ရိဒ်သည်မစ်ချယ်ယီ (Michelle Yee) နှင့်လက်ထပ်ခဲ့ပြီး လက်ရှိတွင် LinkedIn ၏ဘုတ်အဖွဲ့ဒါရိုက်တာ အဖြစ် အဓိက တာဝန်ယူဆောင်ရွက် လျက်ရှိသည်။
LinkedIn မိတ်ဆက်
LinkedIn ဆိုသည်မှာ Face-book, Twitter တို့ကဲ့သို့ ကမ္ဘာသုံး အင်တာနက် လူမှုကွန်ရက်ဝက်ဘ် ဆိုက်တစ်ခုဖြစ်သည်။ စီးပွားရေး၊ လုပ်ငန်းကိုင်ငန်းဆိုင်ရာ အဆက် အသွယ်များနှင့် အလုပ်အကိုင် ရှာဖွေ ရေးတို့အတွက် အဓိက အသုံးပြုကြ သော လူမှု ကွန်ရက်ဝက်ဘ်ဆိုက် LinkedIn ကို ဒီဇင်ဘာ ၂ဝဝ၂ တွင် စတင်တည်ထောင်ခဲ့ပြီး ၂ဝဝ၃ မေလတွင် လူအများအသုံးပြု နိုင်ရန် စတင်ထုတ်လွှတ်ခဲ့သည်။ အခြားလူမှု ကွန်ရက်ဝက်ဘ်ဆိုက်များနှင့် နှိုင်းယှဉ် ပါက LinkedIn ၏ ထူးခြားချက်မှာ လုပ်ငန်းသဘော ပိုမိုဆန်ခြင်း (Pro-fessional ပိုမိုဆန်ခြင်း) ဖြစ်သည်။
၂ဝ၁၂ ဖေဖော်ဝါရီ ၉ ရက်နေ့ ထွက် စာရင်းဇယားအရ ကမ္ဘာ့နိုင်ငံ ပေါင်း ၂ဝဝ မှ LinkedIn သုံးစွဲသူ ပေါင်း သန်း ၁၅ဝ ကျော် ရှိသည်ဟု သိရသည်။
LinkedIn ဝက်ဘ်ဆိုက်ကို အင်္ဂ လိပ်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ဂျာမန်၊ ပေါ်တူဂီ၊ ချက်၊ ဒတ်ခ်ျ၊ ဆွီဒင်၊ ရိုမေးနီးယား၊ ရုရှား၊ တူရကီ၊ ဂျပန် နှင့် ပိုလန်စသည့် ဘာသာစကားပေါင်း ၁၄ မျိုးဖြင့် အသုံးပြုနိုင်ပါသည်။
အမေရိကန်ပြည်ထောင်စု တွင်းမှ LinkedIn သုံးစွဲသူပေါင်း ပမာဏမှာ ၂၁.၄ သန်းနှင့် အခြား ကမ္ဘာ့နိုင်ငံများမှ အသုံးပြုသူ ၄၇.၆ သန်းရှိသည်ဟု သုတေသနပြုလုပ်သူ Quantcast စာရင်းဇယားတွင် ဖော်ပြထားသည်။
လက်ရှိ LinkedIn ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် CEO မှာ ဂျက်ဖ်ဝိန်နာ (Jeff Weiner) ဖြစ် သည်။ ဂျက်ဖ်သည် Yahoo ကုမ္ပဏီ တွင် အုပ်ချုပ်ရေးအဖွဲ့ထဲ ပါဝင်ခဲ့ဖူးသူ ဖြစ်သည်။ LinkedIn ကိုစတင် တည်ထောင်ခဲ့သူ ရိဒ်ဟော့မန်းကမူ ယခုအခါတွင် LinkedIn ၏ ဘုတ် အဖွဲ့ဒါရိုက်တာအဖြစ် တာဝန်ယူ လျက်ရှိသည်။
Ref :www.linkedin.com wikipedia
ကလျာအိအိလွင်