2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
အွန်လိုင်းပေါ်မှ လူမှုကွန်ရက် ဖန်တီးရှင်များ (Facebook ဖန်တီးရှင် မာ့ခ်ဇတ်ကာဘတ်-Mark Zuckerberg)

လူမှုကွန်ရက် ဝက်ဘ်ဆိုက်များ တွင် ယနေ့လူကြိုက်အများဆုံး၊ လူသုံးအများဆုံးနှင့် ပေါ်ပြူလာအဖြစ် ဆုံးဝက်ဘ်ဆိုက်မှာ မာ့ခ်ဇက်ကာ ဘတ်၏ Facebook  ဖြစ်သည်။ Facebook ဖန်တီးရှင် မာ့ခ်ဇက်ကာ ဘတ်ကို ၁၉၈၄ ခုနှစ် မေလ ၁၄ ရက်နေ့ တွင် မွေးဖွားခဲ့ပြီး အမေရိကန် လူမျိုး ပရိုဂရမ်ပညာရှင် အင်တာနက် စွန့်ဦးတီထွင်သူတစ်ဦးဖြစ်သည်။ အမည်အပြည့်အစုံမှာ မာ့ခ်အဲလိယာ့ ဇက်ကာဘတ် (Mark Elliot Zu-ckerberg)  ဖြစ်ကာ Facebook ကို ပူးတွဲတည်ထောင်သူတစ်ဦးအနေဖြင့် ကမ္ဘာကျော်လာသူတစ်ဦးလည်း ဖြစ်သည်။ မာ့ခ်သည် လက်ရှိတွင် Facebook ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိ တာဝန်များ ကို ထမ်းဆောင်နေသူ ဖြစ်သည်။
    နယူးယောက်တွင် မွေးဖွား ကြီး ပြင်းခဲ့သော မာ့ခ်အနေဖြင့် အလယ် တန်းကျောင်းသားဘဝမှစ၍ ဆော့ဖ်ဝဲ ပရိုဂရမ်းမင်း ပညာရပ်ကို ဝါသနာထုံ ၍ အခြေခံမှစတင်လေ့လာခဲ့သည်။ လမ်းပြသူများမှာ ဖခင်ဖြစ်သူနှင့် ဆရာ တစ်ဦးဖြစ်သည်။
    ထို့ပြင် အထက်တန်း ကျောင်း သားဘဝတွင် ဂန္ထဝင်စာပေနှင့် သိပ္ပံ ပညာရပ်တို့ကိုလေ့လာခဲ့ပြီး နိုင်ငံခြား ဘာသာစကား အမျိုးအစား ၄ ခုကို လည်း ကျွမ်းကျင်တတ်မြောက်လာခဲ့ သည်။  တက္ကသိုလ်ပညာကို ဟားဗတ် တွင် ကွန်ပျူတာသိပ္ပံနှင့် လူမှုဗေဒ အဓိကဖြင့် တက်ရောက်သင်ကြားခဲ့ ပြီး ပထမနှစ်မှာပင် အပျော်တမ်းပရော ဂျက်ဟု ခေါ်သော Facemash ပရို ဂရမ်တစ်ခု ကို ရေးသားခဲ့သည်။ ယင်းပရိုဂရမ်မှာ ကောလိပ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူအသိုင်း အဝိုင်းတွင် မည်သည့်ကျောင်း သား၊ ကျောင်းသူ၏ ဓာတ်ပုံက ဆွဲဆောင်မှုရှိ ကြောင်း ကျောင်းသူ၊ ကျောင်းသား များကို မဲပေးရွေးချယ်ခိုင်းသော အပျော်တမ်း စနစ် တစ်ခု ဖြစ်သည်။
    အဆိုပါပရိုဂရမ်မှာ ရက်အနည်း ငယ်အတွင်း ပိတ်လိုက်ရသော်လည်း ယနေ့ Facebook ၏ နိဒါန်း(သို့ မဟုတ်) မျိုးစေ့ဖြစ်လာသည်။  Facebook  ပရိုဂရမ်ကို မာ့ခ်ဇက်ကာဘတ် သည် အဆောင်အိပ်ခန်းထဲတွင် ရေးသားကာ စတင်စမ်းသပ် ထုတ် လွှင့်ခဲ့ခြင်းဖြစ်သည်။ မိတ်ဆွေ အပေါင်းအသင်းများ၏ အကူအညီ ဖြင့် မာ့ခ်သည် Facebook ကို အခြားတက္ကသိုလ် ကျောင်း ဝင်းများအထိ တိုးချဲ့စမ်းသပ်နိုင်ခဲ့သည်။ မကြာမီမှာ ပင် ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယ်လ်တို သို့ ပြောင်းရွှေ့ခဲ့သည်။
    ၂ဝ၁ဝ ခုနှစ်တွင် မာ့ခ်၏ Facebook သည် ကမ္ဘာအနှံ့အပြား အသုံးပြုသူပေါင်းသန်း ၅ဝဝ ထိ ရောက်ရှိလာသည်ဟု ခန့်မှန်းကြ သည်။ သို့ရာတွင် ထိုစဉ်မှစကာ မာ့ခ် ဇက်ကာဘတ်သည် ကုမ္ပဏီစတင် တည်ထောင်ရာတွင် ပါဝင်ကူညီခဲ့သူ များနှင့် ဥပဒေရေးရာ အရ အငြင်းအခုံ ကိစ္စများ ပေါ်ပေါက် ရင်ဆိုင်ခဲ့ရသည်။ ၂ဝ၁ဝ ခုနှစ်တွင် ဇက်ကာဘတ်သည် တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်သည့် Person of the Year  အဖြစ် ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ် ၁ဝဝ အနက်မှ ရွေးချယ်ခံခဲ့ရသည်။ ၂ဝ၁ဝ ခုနှစ် မှာပင် Facebook ဖန်တီးရှင် မာ့ခ်ဇက် ကာဘတ်၏ Facebook ကို စိတ်ကူးဖန်တီးခဲ့ပုံအကြောင်း ရိုက်ကူးတင်ပြထား သည့် The Social Network ဟူသည့် ရုပ်ရှင်ဇာတ်ကား ထွက်ရှိ လာခဲ့သည်။
    ဇက်ကာဘတ်ကို ၁၉၈၄ ခုနှစ်တွင် နယူးယောက်မြို့တော်၊ White Plains  အရပ်တွင် မွေးဖွားခဲ့ ပြီး မိဘများမှာ သွားဆရာဝန် အက် ဒဝက်ဇက်ကာဘတ်နှင့် စိတ်ပညာ ဆရာဝန် ကာရင်တို့ဖြစ်သည်။ မွေးချင်း မောင်နှမ ၃ ဦးရှိသော မာ့ခ်သည် ဘုရားမဲ့ ဝါဒီတစ်ဦးဖြစ်သည်။ ကောလိပ် ကျောင်းသားမဖြစ်မီကတည်းက မာ့ခ် သည် အင်္ဂလိပ်ဘာသာစကားအပြင် ပြင်သစ်၊ ဟီဘရူး၊ လက်တင်နှင့်ရှေးဂရိဘာသာစကားများကိုပါ ကျွမ်းကျင်တတ်မြောက်နေပြီဖြစ်သည်။ ဇက်ကာဘတ်သည် အလယ်တန်းကျောင်းသား ဘဝကပင် ကွန်ပျူတာ အသုံးပြုခြင်းနှင့် ဆော့ဖ်ဝဲရေးသားခြင်း များကို စတင်လုပ်ဆောင်ခဲ့သည်။ ဖခင်ဖြစ်သူက ၁၉၉ဝ ပြည့်နှစ် အချိန် များတွင် Atari နှင့် Basic Progra-mming  တို့ကို သားဖြစ်သူ မာ့ခ်အား သင်ကြားပေးခဲ့သည်။ နောက်ပိုင်းတွင် Software Developer  တစ်ဦးဖြစ် သော ဒေးဗစ်နယူးမန်းကို မာ့ခ်အား အနီးကပ်သင်ကြားပြသပေးရန် ဆရာ အဖြစ်ငှားရမ်းပေးခဲ့သည်။
    မာ့ခ်သည် ကွန်ပျူတာပရို ဂရမ်များနှင့် အလုပ်လုပ်ရခြင်းကို ပျော် ပိုက်ခဲ့ပြီး အထူးသဖြင့် ဆက်သွယ် ရေး Tools များနှင့် ဂိမ်းများဖန်တီး ရခြင်းကို အလွန်နှစ်သက်သူ ဖြစ် သည်။ သားဖြစ်သူ တီထွင်ထားသည့် ဆက်သွယ်ရေး ပရိုဂရမ်တစ်ခုကို ဖခင် က သွားဆေးကုခန်းကို အိမ်မှနေကာ အလုပ်လုပ်ကြည့်ခြင်းဖြင့် စမ်းသပ် အသုံးပြုခဲ့သည်။ ဇက်ကာဘတ်သည် ဇက်နက်-ZuckNet  ဟု အမည်ပေး ထားသော ဆော့ဖ်ဝဲပရိုဂရမ်တစ်ခုကို တည်ဆောက်ခဲ့သည်။ ဇက်နက်ဖြင့် အိမ်နှင့်သွားဆေးကုခန်းအကြားရှိ ကွန်ပျူတာအားလုံးသည် တစ်ခုနှင့် တစ်ခု အလိုအလျောက် ဆက်သွယ် လုပ်ကိုင်နိုင်မည် ဖြစ်သည်။ ယင်းပရို ဂရမ် သည် နောက်ပိုင်းတွင် ပေါ် ပေါက်လာသည့် မက်ဆေ့တိုပို့သည့် စနစ် တစ်ခုဖြစ်သော AOL ၏ အစပထမ ဖြစ်လာသည်။
    မာ့ခ်သည် ဂိမ်းများရေးဆွဲရ ခြင်းကိုလည်း ဝါသနာထုံခဲ့ပြီး အနု ပညာစိတ်ဝင်စားသော မိတ်ဆွေများနှင့် ရုပ်ပုံဆွဲခြင်း၊ ဂိမ်း တည်ဆောက်ခြင်း တို့ကို ပြုလုပ်ခဲ့သည်ဟုဆိုသည်။ ကွန် ပျူတာကို လွန်စွာစိတ်ပါဝင်စားခဲ့သော် လည်း မာ့ခ်သည် ကွန်ပျူတာ Geek သက်သက်တစ်ယောက်ကား မဟုတ် ခဲ့ဘဲ ကျောင်းတွင်းအားကစားပြိုင်ပွဲ များတွင် ပေါ်ပြူလာဖြစ်ခဲ့သူ၊ ဂန္ထဝင် ဂီတကို ဒီပလိုမာရခဲ့သူတစ်ဦးလည်း ဖြစ်သည်။ မာ့ခ်၏အရင်းနှီးဆုံး သူငယ် ချင်းတစ်ဦးဖြစ်သူ Napster ကုမ္ပဏီ ကို ပူးတွဲ တည်ထောင် ခဲ့သော ရှောင်ပါ့ ကား Sean Parker  က ဇက်ကာ ဘတ်သည် ဂရိသံစုံတီးဝိုင်းသီချင်း ကြီးများမှအစ သံစုံသီချင်းကြီး အား လုံးကို တီးမှုတ်တတ်သူဟုဆိုသည်။ ဇက်ကာဘတ်သည် အထက်တန်း ကျောင်းသားဘဝတွင် Intelligent Media Group အမည်ရကုမ္ပဏီတစ်ခု ၏အောက်၌ Synapse Media Player  ဟုခေါ်သော ဂီတတူရိယာ တစ်မျိုးကို တီထွင်ခဲ့သည်။ ယင်းတူရိ ယာသည် အသုံးပြုသူများ၏ နား ထောင်မှုအလေ့အထ သဘာဝများကို လေ့လာရန် ဖန်တီးထားသည့် အသိ Óဏ်တုကို အသုံးပြုသော တူရိယာ ဖြစ်သည်။ ယင်းတူရိယာကို မိုက်ခရို ဆော့ကုမ္ပဏီနှင့် AOL တို့က ဝယ်ယူ ပြီး မာ့ခ်ဇက်ကာဘတ်ကိုပါ ပညာရှင် အဖြစ်ခေါ်ယူရန် ကြိုးစားခဲ့ကြသော် လည်း မာ့ခ်ကမူ ၂ဝဝ၂ စက်တင်ဘာ တွင် ဟားဗတ်တက္ကသိုလ် တက် ရောက်ရန် ကိုသာ ရွေးချယ်ခဲ့သည်။
    ကိုယ်ရေးကိုယ်တာဘဝ အဖြစ် Facebook ပရိသတ် စိတ်ဝင် စားမှုရှိသော ကိစ္စတစ်ခုမှာ Face-book  ဖန်တီးရှင်လူငယ်၏ အချစ်ရေး ဖြစ်သည်။ မာ့ခ်သည် ကာလရှည်ကြာ လက်တွဲလာခဲ့သော ချစ်သူ ပရစ်စီလာ ချန်းနှင့် ၂ဝ၁၂ မေလ ၁၉ ရက်နေ့က လက်ထပ်လိုက်ပြီဖြစ်ပြီး သူမနှင့် ၂ဝဝ၃ ခုနှစ်ကပင် စတင်ချစ်လာခဲ့ ခြင်းဖြစ်သည်။ ချန်းသည် တရုတ်နွယ် ဖွားတစ်ဦးဖြစ်ပြီး ယင်းအတွက် ကြောင့်ပင် မာ့ခ်အနေဖြင့် တရုတ်မန် ဒရင်းဘာသာစကားကိုလည်း သင်ယူ ခဲ့ပြီး ၂ဝ၁ဝ ဒီဇင်ဘာတွင် တရုတ်နိုင် ငံသို့ နှစ်ဦးသား အလည်အပတ် သွားရောက်ခဲ့ကြသည်။
     ဇက်ကာဘတ်၏ Face-book  စာမျက်နှာတွင် ပုဂ္ဂလိကဆန် ဆန် စိတ်ဝင်စားမှု-Personal Interests အဖြစ် ''ပွင့်လင်းမြင် သာ ရေး၊ လူအများအတွက် ယင်းတို့ အတွက် အရေးပါသောကိစ္စရပ်များကို တစ်ဦးနှင့်တစ်ဦး မျှဝေခံစားနိုင်ရန် ကူညီရေး၊ အသစ်ဖန်တီးခြင်း၊ သတင်းအချက်အလက်စီးဆင်းရေး၊ အနုပညာ'' စသည်ဖြင့် ရေးသား ဖော်ပြထားသည်ကို တွေ့နိုင်ပါ သည်။
Ref : Zuckerberg’s Facebook Page “Looking for the Real Zuckerberg”,
The New York Times Wikipedia

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.