Friendster ဖန်တီးရှင် Jonathan Abrams
ဂျိုနသန်အေဘရမ်သည် စွန့်ဦး တီထွင်၊ ဆော့ဖ်ဝဲအင်ဂျင်နီယာလူငယ် တစ်ဦးဖြစ်သည်။ ယခင်က Sociali-zr,Inc., Friendster,Inc., Hotlinks တို့ကို တည်ထောင်အုပ်ချုပ်ခဲ့သူဖြစ်ပြီး လက်ရှိတွင် Founders Den အဖွဲ့၏ တွဲဖက်တည်ထောင် သူနှင့် Managing Partner ဖြစ်ပြီး Slide ဟူသည့် နိုက်ကလပ်တစ်ခုကိုလည်း ပူးတွဲပိုင်ဆိုင်ထားသည်။
Founders Den ကုမ္ပဏီသည် အိုင်တီနှင့်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ပြီး ဂျိုနသန်က ယင်းအဖွဲ့ကို ၂ဝ၁ဝ အောက်တိုဘာမှ စတင် တာ ဝန်ယူခဲ့ခြင်းဖြစ်သည်။ နောက်တစ်ဖန် ပူးတွဲတည်ထောင်ထားသော Slide Night Club သည် ဆန်ဖရန်စစ္စကို တွင်ရှိပြီး ၂ဝဝ၆ စက်တင်ဘာမှစတင် ဖွင့်လှစ်ခဲ့သော ကလပ်ဖြစ်သည်။
ယခင်တည်ထောင်ခဲ့သော Socializr,Inc. ကို ၂ဝဝ၅ စက်တင် ဘာမှ ၂ဝ၁ဝ နိုဝင်ဘာထိ ဃနဥ အဖြစ်လုပ်ကိုင်ခဲ့ပြီး တစ်ဦးတည်းကြိုး စားတည်ဆောက်ခဲ့သော Friendster ကို ၂ဝဝ၂ သြဂုတ်မှ ၂ဝဝ၅ ဇူလိုင်ထိ ဃနဥ အဖြစ် ၃ နှစ်ကြာ အုပ်ချုပ် လုပ်ကိုင်ခဲ့သည်။ HotLinks ကိုမူ ၁၉၉၈ ဒီဇင်ဘာမှ ၂ဝဝ၁ ဧပြီထိ ၂ နှစ်နှင့် ၅ လကြာ တည်ထောင်ခဲ့ သည်။
ဂျိုနသန်ကို အမေရိကမြောက် ပိုင်း အအေးပိုင်းဒေသတွင် ဖွားမြင်ခဲ့ ပြီး McMaster University မှ ကွန်ပျူ တာသိပ္ပံဘွဲ့ ရရှိခဲ့သည်။ အသက်မွေး ဝမ်းကျောင်းအလုပ်အကိုင်အဖြစ် Netscape, Nortel စသည့် ကုမ္ပဏီ များတွင် ဆော့ဖ်ဝဲအင်ဂျင်နီယာ အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။
လက်ရှိတွင် ဂျိုနသန်သည် အမေရိကန်အိုင်တီရပ်ဝန်းဖြစ်သော ဆီလီကွန်တောင်ကြား၏ Silicon Valley Association of Startup Entrepreneurs ဟူသည့်အသင်းတွင် အကြံပေးဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသည်။ Founder Institute ၏ထိပ်တန်း အဆင့် နည်းပြတစ်ဦးလည်းဖြစ်သည်။ အခြားအွန်လိုင်း Social Network များဖြစ်သော Venture Hacks နှင့် AngelList တို့တွင်လည်း ဝင်ရောက် ရင်းနှီးမြှုပ်နှံထားသူ စီးပွားရေးသမား တစ်ဦးလည်း ဖြစ်သည်။
ထို့ပြင် ဂျိုနသန်ကို ထိပ်တန်း တီဗီလိုင်းများတွင်လည်း စွန့်ဦးတီထွင် မှု၊ နည်းပညာ၊ ပူးပေါင်းရင်းနှီးမြှုပ် နှံခြင်းယှဉ်ပြိုင်ခြင်း နည်းဗျူဟာ၊ လူမှု ကွန်ရက်တည်ထောင်ခြင်း၊ အွန်လိုင်း လူ့အဖွဲ့အစည်းစသည့် အကြောင်း အရာတို့နှင့် ဆိုင်သော အစီအစဉ်များ စွာတို့တွင် စပီကာအဖြစ် ဝင်ရောက် ဆွေးနွေးပေးရသူတစ်ဦးအနေနှင့် လည်း ရံဖန်ရံခါ တွေ့မြင်နိုင်သေး သည်။
အဆိုပါ တီဗီအစီအစဉ်များ အပြင် တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများတွင် အတွေ့အကြုံများ ရှင်းလင်းမျှဝေပေးသည့် အစီအစဉ် များလည်း မကြာခဏပြုလုပ်ပေးရ လေ့ရှိသည်။
ယခင်က ဂျိုနသန်တည်ထောင်ခဲ့ သော Socializr.com သည် မိတ်ဆွေ သူငယ်ချင်းများအကြားတွင် ထူးခြား သည့်ဖြစ်ရပ်များနှင့် ပွဲလမ်းများ အကြောင်း သတင်းအချက်အလက် ဝေမျှသည့် အွန်လိုင်းဝန်ဆောင်မှု ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်။
Socializr အပြီး တည်ထောင်ခဲ့ သော Friendster မှာမူ ပေါ်ပြူလာ အွန်လိုင်းလူမှုကွန်ရက်များ၏ အဦး အစအဖြစ်လမ်းပြသည့် လူမှုကွန် ရက်ဘိုးအေဝက်ဘ်ဆိုက်ဖြစ် လာခဲ့ သည်။ Friendster ကို ၂ဝဝ၂ တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ ပေါ်တွင် ပထမဆုံးလူမှု ကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သည့် Friend-ster သည် အရှေ့တောင်အာရှနှင့် အာရှ တစ်ခွင်တွင် လူကြိုက်များမှုကိုအထူး ရရှိခဲ့သော ဝက်ဘ်ဆိုက်ဖြစ်သည်။ သို့ရာတွင် Friendster ကို လူမှုကွန်ရက်အမျိုးအစားအဖြစ်မှ ဖျက်သိမ်းလိုက်ပြီး ၂ဝ၁၁ ဇွန်မှစတင် ကာ အွန်လိုင်းဂိမ်း ဝက်ဘ်ဆိုက်တစ်ခု အသွင် ပြောင်းလဲခဲ့သည်။
ပြောင်းလဲခဲ့စဉ်က Friendster လူမှုကွန်ရက်ဝက်ဘ်ဆိုက်ကို အသုံး ပြုသူပေါင်း ၁၁၅ သန်းထိ ရောက်ရှိခဲ့ ပြီး ၉ဝ ရာခိုင်နှုန်းကျော်မှာ အာရှမှ ဖြစ်သည်။ ၂ဝဝ၈ ခုနှစ်တွင် Friendster သို့ဝင်ရောက်လည်ပတ်သူ ပေါင်းမှာ အခြားလူမှုကွန်ရက်ဝက်ဘ် ဆိုက်များသို့ ဝင်ရောက်သည့်ပမာဏ ထက် များစွာသာလွန်ခဲ့သည်။ စာရင်း ဇယားများအရ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ပါကစ္စ တန်၊ ယူအေအီး၊ ဆူဒန်၊ တောင်ကိုရီး ယား၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့မှ အများဆုံးဝင်ရောက် အသုံးပြုခဲ့သည်ဟု သိရသည်။ ဂိမ်းဝက်ဘ်ဆိုက်အသွင် ပြောင်းလဲခဲ့ပြီး ယနေ့တိုင် အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်တို့တွင် Friendster သည် ပေါ်ပြူလာဖြစ်ကာ လူကြိုက် များဆဲဖြစ်သည်။
Friendster ကို MySpace ၂ဝဝ၃ နှင့် Facebook ၂ဝဝ၄ တို့ ထက် ရှေးဦးစွာ ၂ဝဝ၂ တွင် တည် ထောင်ခဲ့ခြင်းဖြစ်သည်။ တည်ထောင်ခဲ့ သူမှာ အမေရိကန်ကွန်ပျူတာပရို ဂရမ်ပညာရှင် ဂျိုနသန်အေဘရမ် ဖြစ်သည်။ Friendster ဆိုသည့် အမည်မှာ Friend နှင့် Napster ကို ပူးတွဲမှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ Fri-endster ရုံးကို ကယ်လီဖိုးနီးယားရှိ မောင်တိန်ဗျူးတွင် ဖွင့်လှစ်ခဲ့ပြီး ဂျိုနသန်တစ်ဦးတည်းပိုင်ကုမ္ပဏီဖြစ် ခဲ့သည်။
riendster ကိုစတင်တည် ထောင်ပြီး လအနည်းငယ်အကြာတွင် ပင် အသုံးပြုသူပေါင်း သုံးသန်းကျော် သွားခဲ့သဖြင့် စံချိန်တင်နိုင်ခဲ့သော ပမာဏဖြစ်ခဲ့သည်။ ၂ဝဝ၃ အောက်တိုဘာတွင် Friendster ၏တန်ဖိုးသည် ၅၃ သန်းသို့ရောက်ရှိ သွားပြီး လူမှုကွန်ရက်ဝက်ဘ်ဆိုက် များတွင် ရှေ့ဆောင်လမ်းပြအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ယင်းနှစ်အတွင်း မှာပင် Google u Friendster ကို ဒေါ်လာသန်း ၃ဝ ဖြင့်ဝယ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ဂျိုနသန်က သီးသန့် လူမှုကွန်ရက်ဆိုက်တစ်ခု အဖြစ် ရပ်တည်ရန် ကိုသာ ရွေးချယ်ခဲ့ သည်။
Friendster သည် လူမှုကွန် ရက်ဝန်ဆောင်မှုတွင် ၂ဝဝ၄ ဧပြီထိ ထိပ်တန်း၌ရပ်တည်ခဲ့သည်။ ၂ဝဝ၄ ဧပြီတွင် MySpace အသုံးပြုသူဦးရေ ပေါင်းက Friendster အသုံးပြုသူဦး ရေထက် ကျော်လွန်သွားခြင်းဖြစ် သည်။
Friendster ကိုယှဉ်ပြိုင်မှုများ အနေဖြင့် Windows Live Spaces, Yahoo!360 နှင့် Facebook တို့ကဲ့သို့ သော ရှေ့ဆင့်နောက်ဆင့် အသီးသီး ပေါ်ပေါက်လာသည့် အခြားအွန်လိုင်း လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ ထွက် ပေါ်လာ ခဲ့သည်။
၂ဝဝ၈ ခုနှစ်တွင် Friendster တွင် စာရင်းသွင်းအသုံးပြုသူ Register ဦးရေ ၁၁၅ သန်းသို့ရောက် ရှိခဲ့ပြီး အများစုမှာ အာရှတိုက်မှပင် ဖြစ်သည်။ Alexa ကုမ္ပဏီ၏အဆို အရ Friendster သည် အမေရိက တွင် အသုံးပြုရန် အနည်းအကျဉ်း ကျပ်တည်းမှု Traffic ကြောင့် သုံးစွဲ သူလျော့နည်းလာခြင်းဖြစ်သည်ဟု သိရသည်။ ထိုအချိန်မှစကာ သုံးစွဲသူ ကြားတွင် ပိုမိုရေပန်း စားလာသော လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Facebook ကို တိုး၍အသုံးပြုလာ ကြသည်။
ဂျိုနသန်တည်ထောင်သော Friendster ကုမ္ပဏီ၏ တန်ဖိုးသည် ၂ဝဝ၉ ဒီဇင်ဘာ ၉ ရက်နေ့တွင် ၂၆.၄ ဘီလျံဒေါ်လာ သို့ ရောက်ရှိခဲ့ သည်ဟု အာရှမှအင်တာနက်ကုမ္ပဏီ ကြီးတစ်ခုဖြစ်သော MOL Global ၏သုတေသနအရ စာရင်းထွက်ပေါ် လာသည်။
၂ဝ၁၁ ဇွန်လတွင်မူ ကုမ္ပဏီကို လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုအဖြစ်မှ ရပ်စဲဖျက်သိမ်းလိုက်သည်။ အသုံးပြု သူများ တင်ထားသည့် ဓာတ်ပုံများ၊ အချက်အလက်များကို ရွှေ့ပြောင်းရန် သို့မဟုတ် ပြန်လည်သိမ်းဆည်းရန် ၂ဝ၁၁ ဇွန်လ ၂၇ ရက်နေ့ထိ သတ်မှတ်ပေးထားခဲ့သည်။ Friendster ဝက်ဘ်ဆိုက်ပုံစံအသစ်တွင် အသုံးပြုသူများအတွက် စိတ်လက်ရွှင် လန်း စေရန် ဖျော်ဖြေမှု ကိုသာ အသားပေး ထားကြောင်း ဖော်ပြထားသည်။ Friendster ဂိမ်းဝက်ဘ်ဆိုက် အသစ် တွင် အသုံးပြုသူ တစ်သန်းနီးပါးနှင့် Premium ဂိမ်းအမျိုးအစားပေါင်း ၄ဝ ကျော်ပါဝင်သည်။
Ref : www.friendster.com
ကလျာအိအိလွင်