2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ဦးနှောက်စွမ်းဆောင်ရည်မြင့်လာအောင် လေ့ကျင့်နိုင်သလား

အကယ်၍ သိပံ္ပပညာရှင်တွေဟာ လူတွေရဲ့ ကြွက်သားနဲ့ အကြောတွေရဲ့ လှုပ်ရှားမှုယန္တရားဖြစ်စဉ်ကို သိရှိတာရဲ့ ထက်ဝက်လောက် ပဲ ဦးနှောက်ရဲ့ သိရှိမှုယန္တရားဖြစ်စဉ်ကို သိရှိခဲ့ရင် လူ့ဦးနှောက်ကို ဘယ်လိုထက်မြက်သထက် ထက်မြက်လာအောင် လုပ်နိုင်မယ် ဆိုတဲ့နည်းလမ်းကို ဖော်ထုတ်နိုင်စရာရှိပါတယ်။ ဒါပေမယ့် ဦးနှောက်ရဲ့စွမ်းဆောင်ရည် မြှင့်တင်ဖို့ ထိရောက်တဲ့နည်းလမ်းတွေ ရှာဖွေတဲ့ သုတေသနလုပ်ငန်းတွေဟာ ရပ်တန့် မနေပါဘူး။ ဦးနှောက်ကိုလေ့လာတဲ့ သိပံ္ပပညာဟာ တဖြည်းဖြည်းချင်း အသိဥာဏ်ရဲ့ ယန္တရားဖြစ်စဉ်ကို ဖော်ထုတ်လာနေပါတယ်။ တက္ကဆက်ပြည်နယ်အနောက်မြောက်ပိုင်း ဆေးပညာဗဟိုဌာနမှ James Bibb  က ''ကျွန်တော်တို့ဟာ ဦးနှောက်ရဲ့ အသိဥာဏ်နဲ့ပတ်သက်တဲ့ ဖြစ်စဉ်ဆိုင်ရာတွေ့ရှိချက်အများအပြားကို စုဆောင်းရရှိထားပါတယ်'' လို့ ပြောပါတယ်။

    သူက အဆင့်မြင့် အသိဥာဏ်ဟာ မှတ်ဥာဏ်ဖြစ်ပေါ်မှုမှာ ဦးနှောက် အတွင်းနျူရွန်- Neuron  အသစ်တွေ ပိုပြီး အားကောင်း လာတာကြောင့် ဖြစ်ပေါ်လာတယ်လို့ ဆိုထားပါတယ်။ ကိုလံဘီယာတက္ကသိုလ်မှ ဦးနှောက်အာရုံကြောသိပံ္ပပညာရှင် Yaakov Stern က ''နျူရွန်တွေ ဖွံ့ဖြိုးအား ကောင်းလာအောင် BDNF-Brain Derived Neurotrophic Factor လို့ ခေါ်တဲ့ ဓာတ်ပေါင်းတွေ ပိုမိုထုတ်လုပ်ပြီး လှုံ့ဆော်ပေးတာကို တွေ့ရှိရတယ်''လို့ ညွှန်ပြခဲ့ပါတယ်။ ဒီလို နျူရွန်တွေ အားကောင်းစေခြင်းအား ဖြင့် စာပေ သင်ကြားကျက်မှတ်ရာမှာဖြစ်စေ၊ မှတ်ဥာဏ်ကောင်းဖို့ဖြစ်စေ၊ ဆင်ခြင်တုံတရားနဲ့ ဖန်တီးနိုင်တဲ့စွမ်းအား ထက်မြက်ဖို့ဖြစ်စေ၊ မြှင့် တင်ပေးနိုင်တယ်လို့သိရပါတယ်။ မျောက်တွေကို ဆုပေးဒဏ်ပေးစနစ်နဲ့ အကြိမ်ကြိမ်လေ့ကျင့် စမ်းသပ်ခဲ့ရာမှာ သက်ဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းရှိ နျူရွန်တွေ ကြီးထွားလာတာတွေ့ရပါတယ်။ လူတွေမှာလည်း မျက်မမြင်တွေ စာဖတ်နိုင်အောင် လက်နဲ့ အဖုပုံဖော်စာတွေကို အကြိမ်ကြိမ်စမ်းသပ်စေပြီး လေ့ကျင့်ရာမှာဖြစ်ဖြစ် ဦးနှောက်မှာရှိတဲ့ သက်ဆိုင်ရာနျူရွန်ဟာ ကြီးထွားလာပြီး အားကောင်းစေပါတယ်။
    ဦးနှောက်အာရုံကြောသိပံ္ပပညာ မှာ အကောင်းဆုံးတွေ့ရှိထားတဲ့ ဖြစ်စဉ်ကြီးကတော့ အသိÓဏ်ယန္တ ရားကို အသုံးပြုလေလေ၊ အသိဥာဏ် ပညာတွေပိုပြီး ရရှိလာလေလေပဲ ဖြစ် ပါတယ်။ ကျွမ်းကျင်တဲ့ပညာရပ် တစ်ခုကို အာရုံစိုက်ပြီး ထပ်မံလေ့ကျင့် ခဲ့ရင် အဲဒီ ပညာရပ်မှာ ပိုပြီးတိုးတက် လာစေနိုင်ပါတယ်။ ဥပမာ-လန်ဒန် မြို့က ကျွမ်းကျင်တဲ့အငှားယာဉ် မောင်းသူတစ်ဦးဟာ လန်ဒန်မှာရှိတဲ့ လမ်းပေါင်း ၂၅ဝဝဝ ခန့်ကို ဘယ်လောက်ပဲရှုပ်ထွေးနေပါစေ မှတ်မိသိရှိနိုင်ပါတယ်။ ဒါပေမယ့် သူ့ကားမှာ GPS စနစ်ကို တပ်ဆင် လိုက်ရင် ဦးနှောက်သုံးစရာမလိုတော့တဲ့အတွက် သူ့ရဲ့အဲဒီမှတ်ဥာဏ်တွေဟာပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါကြောင့် ဥပဒေသ တစ်ခုက ''ဦးနှောက်ထဲမှာ နျူရွန်တွေအမြဲတမ်း တောက်လောင်အောင် အလုပ်လုပ်နေရင် တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး အားကောင်းနေစေတယ်''လို့ ဆိုပါတယ်။
    ဦးနှောက်ရဲ့ အသိဥာဏ်စွမ်းရည် အားကောင်းအောင် လေ့ကျင့်ရာမှာ လည်း လေ့ကျင့်တဲ့လုပ်ငန်း သို့မ ဟုတ် အတတ်ပညာ ရပ်မှာသာ ကျွမ်းကျင်လေ့ရှိတတ်ပါတယ်။ ဥပမာ ပဟေဠိဖြေတဲ့အလုပ်ကို လေ့ကျင့်နေရင် အဲဒီအလုပ်မှာ ပိုပြီးကျွမ်းကျင် လာတတ် ပါတယ်။ ယေဘုယျအား ဖြင့် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေ ထက်မြက်အောင်လေ့ကျင့်ဖို့ကောင်းတဲ့နည်းလမ်း သုံးရပ်ရှိ ပါတယ်။
    ပထမနည်းက ကိုယ်ခန္ဓာတစ်ခု လုံး ကျန်းမာအောင်နေ့စဉ်မှန်မှန် လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်။ Illinois တက္ကသိုလ်မှာ ပါမောက္ခ- Art Kramer  က တစ်နေ့ကို ၄၅ မိနစ်နဲ့ တစ်ပတ်မှာ သုံးကြိမ်လမ်းလျှောက်ရင် မှတ်ဥာဏ်နဲ့ စီမံထိန်းချုပ်မှုစွမ်းရည်ကို ၂ဝ ရာခိုင်နှုန်းအထိကောင်းမွန်တိုးတက်စေနိုင်တယ်လို့ပြောပါတယ်။ သူရဲ့လေ့လာမှုကို ဦးနှောက်စွမ်းရည် နိမ့်ကျလာတဲ့ အသက် အရွယ်ကြီးရင့် တဲ့သူတွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ နေ့စဉ် ကျန်းမာရေးလေ့ကျင့်ခန်းတွေ လုပ်မှုက ဦးနှောက်ထဲမှာရှိတဲ့ အတွေ့ အကြုံနဲ့ ဥာဏ်ပညာသစ်တွေကို သိမ်း ဆည်းသိုလှောင်ထားတဲ့ ဦးနှောက် အစိတ်အပိုင်းဖြစ်တဲ့ ဟစ်ပိုကမ်းပတ် (စ်)- Hippocampus  မှာ နျူရွန် အသစ်တွေကို တိုးပွားစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နေ့စဉ်ကျန်း မာရေးလေ့ကျင့်မှုတွေက နျူရွန်တွေ ကို ဖွံ့ဖြိုးစေတဲ့ ဓာတ်မြေသြဇာလို့ ခေါ်တဲ့ BDNF ဓာတ်ပေါင်းတွေ ထုတ်လုပ်ဖို့ အားပေးပါတယ်။ ဒါ့ အပြင် ဦးနှောက်က ပေးပို့တဲ့ သတင်း အချက်အလက်တွေကို သယ်ဆောင် ပေးတဲ့ အာရုံကြောတွေ- Neuro Transmitters  ကိုလည်း အာကောင်း စေပါတယ်။ Art Kramer  ရဲ့ တွေ့ရှိ ချက်အရ အသက် ၇ဝ အရွယ်ရှိတဲ့ သက်ကြီးရွယ်အိုတစ်ယောက်ဟာ တစ်နှစ်လောက်နေ့စဉ် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းတွေကို မှန်မှန် လုပ်လာခဲ့ရင် အသက် ၃ဝ အရွယ်လူ ငယ် တစ်ယောက်လို မှတ်ဥာဏ်တွေ၊ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ၊ အခက်အခဲပြဿနာတွေကို ဆောင်ရွက်နိုင်စွမ်း ပိုရှိလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် သီးသန့်လုပ်ငန်းအတွက် လေ့ကျင့် တာထက် ယေဘုယျအကျိုးသက် ရောက်မှု ပိုရှိစေပါတယ်။
    ဒုတိယနည်းလမ်းကတော့ အာ ရုံစူးစိုက်ပြီး စိတ်ကိုတည်ငြိမ်ထက် မြက်အောင် လေ့ကျင့်ခြင်း Meditation ပဲ ဖြစ်ပါတယ်။ ဒီလိုအာရုံကို စူးစိုက်ပြီး စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ခြင်းအားဖြင့် အာရုံသိမှုတွေ ကို အားကောင်းလာစေနိုင်ပါတယ်။ Miami တက္ကသိုလ်မှ ဦးနှောက်အာရုံ ကြောသိပံ္ပပညာရှင် Amishi Jhaေ ဟာ စိတ်ကို အခြေခံတဲ့စိတ်ဓာတ် ကြံ့ခိုင်မှု သင်တန်းကိုပေး ခဲ့ပါတယ်။ အဲဒီသင် တန်းမှာ လူရဲ့ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေ တဲ့အာရုံတစ်ခုခုကို စူးစိုက်စေပြီး လေ့ ကျင့်ခိုင်းခဲ့ပါတယ်။ သူမက ''ဒီလို လေ့ကျင့်ပေးခြင်းအားဖြင့် ဦးနှောက်ရဲ့ဖွဲ့စည်းပုံနဲ့ အရည်အသွေးကို ပြောင်းလဲသွားစေနိုင်ပြီး ပိုမိုစွမ်းဆောင်ရည် ကောင်းမွန် လာစေနိုင်တယ်''လို့ ပြော ပါတယ်။
    တတိယနည်းလမ်းကတော့ တချိှု့ဗီဒီယိုဂိမ်းတွေဟာ လူရဲ့အိုမင်း လာတဲ့ဦးနှောက်ကို ယေဘုယျအား ဖြင့် ပြန်လည်နုပျို အားကောင်းလာစေ တယ်လို့ဆိုပါတယ်။ ကိုလံဘီယာ တက္ကသိုလ်မှ ဦးနှောက်အာရုံကြော သိပံ္ပပညာရှင် Yaakov Stern  ဟာ အသက်အရွယ်ကြီးရင့်တဲ့ သူတွေကို ရှုပ်ထွေးတဲ့ ကွန်ပျူတာဂိမ်းတစ်ခု ဖြစ်တဲ့ Space Fortress  ကို ကစား ခိုင်းပြီးလေ့ကျင့် ခဲ့ပါတယ်။ အဲဒီဂိမ်းမှာ ကစားသူတွေက တိုက်ချင်းပစ် ဒုန်းလက်နက်တွေကို ပစ်ချရပါတယ်။ ခံတပ်တွေကို ဖျက်ဆီးရင်း သူတို့ရဲ့ အာကာသယာဉ်ကိုလည်း ဒုန်းလက်နက်နဲ့ မိုင်းဗုံးတွေရဲ့ ရန်ကနေ ကာကွယ်ရပါတယ်။ ဂိမ်းကစား သူတွေဟာ ကွန်ပျူတာ ခလုတ် ကိုလည်းထိန်းရ၊ ကွန်ပျူတာ စကရင် ကိုလည်းဂရုတစိုက်ကြည့်ရှုရှာဖွေရ၊ မြန်မြန်လည်း ဆုံးဖြတ်ပြီးကစားကြရ ပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အို တွေရဲ့ မှတ်ဥာဏ်ကို ကောင်းမွန်လာ အောင် လေ့ကျင့်ပေးရာရောက်ပါ တယ်။ လျင်လျင်မြန်မြန် ဆုံးဖြတ်ပြီး ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်ဖြေရှင်း တတ်တဲ့အလေ့အကျင့်ကို ရရှိစေပါ တယ်။ Illinois တက္ကသိုလ်မှ ဦး နှောက်အာရုံကြော သိပံ္ပပညာရှင် Art Kramer ကလည်း အရည်အသွေး မြင့်မားတဲ့ ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Rise of Nations ဟာ သက်ကြီးရွယ် အိုတွေအတွက် စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု နဲ့ ဆင်ခြင်တုံတရားရှိမှုတွေ ပိုမို ကောင်းမွန်လာအောင် လေ့ကျင့်ပေးနိုင် တယ်လို့ ထောက်ပြ ထားပါတယ်။
    ဒီလို ဦးနှောက်ရဲ့စွမ်းဆောင်ရည် မြင့်မားလာအောင် လေ့ကျင့်ပေးတဲ့ ဝက်ဘ်ဆိုက်တွေ၊ စိတ်ကိုတည်ငြိမ် အောင် စူးစိုက်မှုတွေ၊ ဦးနှောက်နဲ့ ဆက်စပ်နေတဲ့ ကိုယ်ခန္ဓာ ကျန်းမာ ရေးလေ့ကျင်ခန်းတွေကြောင့် လူ့ဦး နှောက်တွေဟာ ဆေးဝါးမလိုဘဲ ပိုပြီး စမတ် ကျလာ၊ ပိုပြီးတီထွင်ကြံဆလာ၊ ပိုပြီးမှတ်ဥာဏ်တွေကောင်းလာနိုင် ကြောင်းပါခင်ဗျာ။

Ref: "Can You Build a Better Brain?" By Sharon Begley (Newsweek) Jan10 & 17, 2011

မောင်ပုဆိုးကြမ်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.