မျက်မှောက်သတင်းကမ္ဘာအတွက် မရှိမဖြစ် အွန်လိုင်းလူမှုကွန်ရက် Twitter
Twitter ဆိုသည်မှာ ယနေ့ခေတ် တွင် ရေပန်းအစားဆုံးဖြစ်နေသော အင်တာနက်လူမှုကွန်ရက်ဝက်ဘ်ဆိုက် များထဲမှ တစ်ခုဖြစ် သည်။ အသုံးပြုသူ များကို အင်တာနက်မှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မက် ဆေ့ခ်ျခေါ် သတင်း အချက်အလက် များပို့၊ ဓာတ်ပုံများဝေမျှ ပြသနိုင်ရန် လုပ်ဆောင်ပေးထားသော ဝက်ဘ် ဆိုက်တစ်ခုဖြစ်သည်။
Twitter ကို ၂ဝဝ၆ ခုနှစ် မတ်လ တွင် ဂျက်ဒေါ်ဆေ- Jack Dorsey က ဖန်တီးတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယင်းနှစ် ဇူလိုင်လတွင် စတင်ထုတ် လွှတ်နိုင်ခဲ့သည်။ စတင်ထုတ်လွှတ် ချင်းတွင်ပင် Twitter သည် ကမ္ဘာနှင့် အဝှမ်း အသုံးပြုမှုများကို တစ်ခဲနက် ရရှိခဲ့ရာ ၂ဝ၁၁ ခုနှစ်အရောက်တွင် ကမ္ဘာအနှံ့အသုံးပြုသူ သန်းနှစ်ရာထိ ရောက်ရှိခဲ့သည်။ ထိုသို့ အသုံးပြုသူ သန်းနှစ်ရာ တွင် Twitter ပေါင်း သန်းနှစ်ရာနှင့် တစ်ရက်လျှင် Twitter ရှာဖွေ ရေးအင်ဂျင်အသုံးပြုမှုပေါင်း ၁.၆ ဘီလျံကျော် ထိ ရောက် ရှိအောင်မြင်ခဲ့ သည်။
ထိုသို့သော ဝန်ဆောင်မှုများနှင့် အခြားပူးတွဲဝက်ဘ်ဆိုက်များကို လည် ပတ်ဆောင်ရွက်နေသော တွစ်တာကုမ္ပဏီ- Twitter Inc ကို အမေရိကန်ပြည် ထောင်စု၊ ကယ်လီဖိုးနီးယားပြည် နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် အခြေ စိုက်တည်ထောင်ထားသည်။ ရုံးခွဲများ ကို ဆန်အန်တိုနီယို၊ တက္ကဆပ်၊ ဘော်စတွန်၊ မန်ဆာချူးဆက်နှင့် နယူးယောက်မြို့တွင် ဖွင့်လှစ်ထား ရှိသည်။
လက်ရှိ ကမ္ဘာကြီးတွင် ဖြစ်ပျက် နေသော လတ်တလောဖြစ်ရပ်များ၊ နောက်ဆုံးရသတင်းများကို စက္ကန့် နှင့်အမျှ မျက်တောင် တစ်ခတ်အတွင်း မိမိရှေ့မှောက်အရောက် ရောက်လာသိရှိနိုင်ရန် သတင်းအသားပေး လူမှု ကွန်ရက်ဝက်ဘ်ဆိုက် တစ်ခုဖြစ် သော Twitter ကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု လူမှုကွန် ရက် လေ့လာသူပညာရှင်အများစုက ဆိုပါသည်။
အမှန်တကယ်လည်း လေ့လာ ချက်များအရ Information Networkု ဟု အမည်ခံယူထားသော Twitter သည် အသုံးပြုသူ တစ်ဦးနှင့်တစ်ဦးကို စက္ကန့်မလပ် ချိတ်ဆက်ပေးထား သော၊ နောက်ဆုံးရသတင်းအချက် အလက်များ ကို ဝေမျှသိရှိနိုင်သော၊ စိတ်ဝင်စားဖွယ် အကြောင်းအရာများ ကို မျှဝေခံစားနိုင်သော သတင်းကွန် ရက်တစ်ခုဖြစ်သည်။
Twitter ၏အသည်းနှလုံး (သို့မ ဟုတ်) Twitter ၏အဓိကအစိတ် အပိုင်းမှာ အသုံးပြုသူများတင်လိုက် သော Tweet ဟုခေါ် သည့် Post များဖြစ်သည်။ ငှက်ကလေးများ ကျီကျီကျာကျာအော်မြည်တေးဆိုကြခြင်းကို Tweet ဟုခေါ်ပြီး ယင်းသို့အော် မြည်တေးဆိုသည့်အသံကို Twitter ဟုခေါ်ခြင်းဖြစ်ပါသည်။ Twitter လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွင် အသုံး ပြုသူများ တစ်ဦးနှင့် တစ်ဦး ဝေမျှကြ သော Post များကို Tweet ဟုခေါ်ပြီး မိမိအကြိမ်မည်မျှ Post တင်လိုက် သည်ဆိုခြင်းကို 1 Tweet, 2 Tweets စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်ထား သည်။
အဆိုပါ Tweet တစ်ခုစီတွင် စာလုံးရေ ၁၄ဝ ထိ ရေးသားနိုင်မည် ဖြစ်ပါသည်။ စာလုံးရေ ၁၄ဝ ဆိုသည် မှာ အင်္ဂလိပ်စာလုံးဖြင့်ရေတွက်ခြင်း ဖြစ်သည်။ စာလုံးရေ ၁၄ဝ ရေတွက် ရာတွင် ယပင့်၊ ယရစ်၊ အသတ် စသည့် အက္ခရာ၊ ဗျည်းများကို စာလုံး တစ်လုံးစီအဖြစ်ရေတွက်သွားသော ကြောင့် မြန်မာစာလုံးများအနေဖြင့်မူ အနည်းအကျဉ်းသာ Tweet နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် အချို့ Twitter အသုံးပြုသူ မြန်မာများအတွက် အကန့်အသတ်တစ်ခု ဖြစ်နိုင်ခြေရှိနေ သည်။ သို့ရာတွင် လိုရင်းတိုရှင်း Tweet ပါက အဆင်ပြေနေကြသည် ကိုလည်း အသုံးပြုသူတော်တော်များ များ တွေ့မြင်နေကြပြီဖြစ်သည်။
စီးပွားရေးလုပ်ငန်းများ အတွက် လည်း Twitter က ပေးသော ဝန် ဆောင်မှုများက များစွာ အသုံးဝင်နေ သည်ဟုဆိုသည်။ စီးပွားရေးလုပ်ငန်းများက ယင်းတို့၏သတင်းအချက် အလက်များ၊ ကုန်ပစ္စည်းနှင့်ဝန်ဆောင် မှုကြော်ငြာများကို Twitter ကို အသုံး ပြုပြီး စားသုံးသူများထံ ဒေတာများ ကို အရောက်ပို့ဆောင်ပေးတတ်ကြ သည်။ Twitter မှတစ်ဆင့် လက်ရှိဈေးကွက် အကြောင်း၊ စားသုံးသူများ၏ တုံ့ပြန်မှုများအကြောင်းကို စုဆောင်း တတ်ကြသည်။ Customer များ၊ စပ်တူလုပ်ငန်းရှင်များ၊ အများ အပေါ် သြဇာညောင်းသူများနှင့် ဆက်သွယ်မှု များတည်ဆောက်တတ်ကြသည်။ Twitter 101 for Business ကဏ္ဍတွင် Twitter က စီးပွားရေးလုပ်ငန်းများ အတွက် ရည်ရွယ်ရာပရိသတ်ထံ အရောက်ပို့ပေးမည့် ဝန်ဆောင်မှုများ ကို ဖော်ပြပေးထားပါသည်။
Twitter သည် အမေရိကန်ပြည် ထောင်စုတွင် အခြေပြုတည်ထောင် ထားသော်လည်း ကမ္ဘာ့နိုင်ငံအားလုံး နီးပါးတွင် ကျယ် ကျယ်ပြန့်ပြန့်၊ ယုံယုံ ကြည်ကြည်နှင့် အစဉ်တစိုက်သုံးစွဲလာ သောအင်တာနက်လူမှုကွန်ရက် တစ်ခုဖြစ်နေသည်။ အင်္ဂလိပ် ၊ ပြင်သစ် ၊ ဂျာမန်၊ အီတလီ၊ ဂျပန်၊ စပိန် စသော ဘာသာစကားအမျိုးပေါင်း များစွာ ထည့်သွင်းပေးထား၍ သုံးစွဲ သူများအနေဖြင့် အဆင်ပြေစွာ သုံးစွဲ နိုင်ခြင်းဖြစ်သည်။
မိုဘိုင်းဖုန်းအသုံးပြုသူများ အတွက် Twitter က အခမဲ့ပေးထား သော Twitter Apps များကိုလည်း iPhone, iPad, Blackberry, Window7, Android ဖုန်းများအတွက် လွယ်လင့်တကူ ယူငင်သုံးစွဲနိုင်မည် ဖြစ်သည်။ မိုဘိုင်းဖုန်းများ အတွက် နောက်ဆုံးပေါ် Applications များကို ရယူနိုင်ရန်အတွက် m.twitter.comသို့ သွားရောက်ကြည့်ရှု ရယူနိုင်ပါ သည်။
Twitter အသုံးပြုခြင်းနှင့် လက်ရှိ ကမ္ဘာပေါ်တွင် အသုံးအများဆုံး လူမှု ကွန်ရက်ဖြစ်သော Facebook အသုံး ပြုခြင်းမည်သည်က ပိုကောင်းသနည်း ဆိုသည်ကိုမူ ပြောရခက်ပါသည်။ ကောင်းကွက်များရှိသလို ဟာကွက် များလည်း ညီတူညီမျှစီရှိနေ၍ ဖြစ် သည်။ အသုံးပြုသူများနှင့် သုတေ သနပညာရှင်များအဆိုအရ Twitter က စီးပွားရေးဈေးကွက်အတွက် မဟာဗျူဟာ စီမံချမှတ်ရန်နှင့် သတင်းစီးဆင်း မှုအတွက် ပိုမိုအသုံးဝင်ပြီး Face-book က ပုဂ္ဂလိကဆိုင်ရာအချက်အလက်များ ဝေ မျှခြင်းတွင် ပိုမိုကောင်း မွန်သည်ဟု ဆိုကြသည်။
PC World မဂ္ဂဇင်းဆောင်းပါး တစ်ခုတွင် ဆောင်းပါးရှင် ဘာဘရာဟာနန်ဒက် ရေးသားထားသည်ကို ဖော်ပြရလျှင် Twitter ကို အသုံးပြုခြင်းအားဖြင့် အချိန်ကုန်သက်သာစွာနဲ့ လူမှုကွန်ရက်ထဲမှာ သတင်းအချက်အလက်တွေကို ထိထိရောက်ရောက် ထိတွေ့ ရယူနိုင်မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စတွေမှာ ဝင်ငွေပြန်လည် ရရှိဖို့ သေချာသလောက်ရှိပါတယ်။ အပြန်အလှန် စကားပြော ဆို ဆွေးနွေးမှု တွေကို လျှင်လျှင်မြန်မြန် ထဲထဲဝင်ဝင် ပါဝင်ဖတ်ရှုနိုင်တယ်။ ဗဟုသုတရှာမှီး သူတွေနဲ့ မိမိကိုယ်ပိုင် စွမ်းရည်မြင့်မား လိုသူတွေ အများစုပါဝင်ပါတယ်။ ဘာမဟုတ်တဲ့ သတင်းအချက်အ လက်တွေနောက် လိုက်မိခြင်း ဆိုတဲ့ ထောင်ချောက်တွေ နည်းပါးအောင် ပြုလုပ်ပေးထားပါတယ်''ဟု ပါရှိ သည်။
သူမ၏ရေးသားချက်ကို Twitter အသုံးပြုသူအများစုကလည်း ထောက်ခံကြပြီး နေ့စဉ်အသုံးပြုသူများ ထံမှ ထွက်ပေါ်လာသော စစ်တမ်းများအရ Twitter ၏အားသာချက်နှင့် အားနည်းချက်များကို အောက်ပါအ တိုင်း မြင်တွေ့နိုင်မည် ဖြစ်ပါသည်။
Twitter ၏ အားသာချက်များ-
1) Twitter သည် အလျင်အမြန် ကြီး ထွားလာသော အစုငယ်တစ်ခုဖြစ် သည်။ ဈေးကွက်ကျွမ်းကျင်သူများစွာ Twitter ကို အသုံးပြုကြပါသည်။ Facebook နှင့် Twitter မတူသည်မှာ ယင်းအချက်ဖြစ်သည်။ Facebook တွင် Contents များ လှသောကြောင့် အသုံးပြုသူများအနေဖြင့် ရောက်တတ် ရာရာသတင်းအချက်အလက်များ နောက် လိုက်ပါမိသွားတတ်သည်။ အခမဲ့ အသုံးပြုခွင့်ပေးထားသော Applications များကလည်း များ လွန်းလှ၍ Privacy ကိုလည်း စိတ် မချရဖြစ်တတ်သည်ဟု အသုံးပြုသူ များက ပြောဆိုနေကြသည်။ Twitter url Apple Computer ငယ်လေးတစ်ခု ကဲ့သို့ပင်ဟု တင်စား၍ရနိုင်ပါသည်။ Facebook တွင်မူ အဆက်အသွယ် Connections အများအပြားတွေ့နိုင် ပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ အဆိုပါ လူမှုကွန်ရက် နှစ်ခုစလုံးတွင် သူ့ရည် ရွယ်ချက်နှင့်သူ ရှိကြသည်ဖြစ်ပါ သည်။
၂) ''ရိုးရှင်းမှုဟာ အကောင်းဆုံးပါ'' ဟု ဆိုကြသကဲ့သို့ပင် Twitter ၏ Interface (ခေါ်) စာမျက်နှာသည် ရိုးရှင်း၍ အသုံးပြုရ လွယ်ကူသည်။ အခြေခံအကျဆုံး Features များကိုသာ ထည့်သွင်းထားသဖြင့် အသုံးပြုရ အကောင်းဆုံးဖြစ်သည်။ မိမိ၏ စီးပွားရေး လုပ်ငန်းများ ကမ္ဘာတစ်လွှားတွင် ပျံ့နှံ့နာမည်ရလိုသူများအနေဖြင့်မူ အရိုးရှင်းဆုံးဖန်တီးပေးထားသော Twitter ကိုသာ အသုံးပြု ကြသည်ဟု သိရသည်။
၃) Twitter တွင် အများနှင့်မတူထူးခြားသော အသိုင်းအဝိုင်းလေးများကိုတွေ့နိုင်ပါသည်။ Facebook မှာ လည်း အသိုင်း အဝိုင်းလေးများ ရှိပါ သည်။ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ အားလုံးတွင်လည်း သူ့အသိုင်းအဝိုင်း လေးနှင့်သူ ရှိကြပါသည်။ Twitter တွင် ထူးခြားချက်ကတော့ Twitter အသိုင်းအဝိုင်းက ပိုပြီး Professional ဆန်ခြင်းဖြစ်သည်။ မိမိက လူမှန်ရွေးမိ ပြီ ဆိုရင်တော့ မိမိ တင်လိုက်သော မက်ဆေ့သည် ပျံ့နှံ့မှုနှုန်းမြန်ဆန်သွား မည်ဖြစ်ပါသည်။ မိတ်ဆွေ၏ Tweet ကို ပြန်လည် Retweet လုပ်ပေးခြင်း သည်လည်း မိတ်ဆွေချင်းရင်းနှီးမှု၊ ယုံကြည်မှုကို တိုးပွားစေပါသည်။ အဆိုပါရင်းနှီးမှု၊ ယုံကြည်မှုများနှင့် Community ဆိုသော အသိုင်းအဝိုင်း လေးများ တည်ဆောက်ကြသည်။ တစ်ဖန် ထိုအသိုင်းအဝိုင်းများက ကုမ္ပဏီများအတွက် ဝယ်ယူသူများ နှင့် ဝယ်ယူ သူများအတွက် အလုပ် အကိုင်များကို ပြန်လည်ဖန်တီးပေး ပြန်သည်။
Twitter ၏ အားနည်းချက်များ-
1) Twitter ၏ ဆိုဒ်က Facebook ထက် သေးငယ်သည်။ ထို့ကြောင့် အမှန်တကယ်နာမည်ကျော် Social Giant များနှင့် ဆုံဖြစ်သွားဖို့ ဆိုသည်မှာ အချိန်အနည်းငယ်ကြာသွားတတ် ပါသည်။ အသုံးပြုသူပေါင်း သန်းထောင်ချီဖြစ်သွားသည့် အခါတွင် လည်း ဆက်သွယ်မှုနှုန်းများက ကြာလာတတ်သေးသည်။
2) Twitterတွင် Tweet တစ်ခုကို စာ လုံးရေ ၁၄ဝ သာ တင်ရန် သတ်မှတ် ထားသဖြင့် မိမိတင်လိုသောမက်ဆေ့ ကို ပြန်လည် ချုံ့နေရခြင်းက တစ်ခါ တစ်ရံအဆင်မပြေမှုဖြစ်တတ်သည်။ မိမိက မက်ဆေ့အများကြီးပေးချင်ပြီ ဆိုလျှင်တော့ သီးခြားလင့်တစ်ခုနှင့် ချိတ်ဆက်ဖတ်ရှု၊ ကြည့်ရှုခိုင်းရပါ သည်။ မည်သို့ပင်ဖြစ်စေ ထိုသို့ ကန့်သတ်ထားတာသည့်ကြားမှ Twitter အသုံးပြုသူများသည် သတင်း များကို မရမက ချုံ့ကာ တင်လေ့ရှိ ကြပါသည်။
3) twitter သည် မကြာခဏကျတတ် သည်။ Twitter ၏စနစ်များက ယခု အချိန်ထိတိုင် ထိုအားနည်းချက်ကို မပြင် ဆင်နိုင်သေးပါ။ ထိုကဲ့သို့ ကျ သောအခါမျိုးတွင် tweet များ မတင် နိုင်သောကြောင့် ကျနေသောအချိန် တွင် ဈေးကွက်ဗျူဟာ ဆင်ခြင်းနှင့် သတင်းစီးဆင်းမှုတို့တွင် အရေးကြီး နေသော အချိန်နှင့် သွားရောက်တိုက် ဆိုင်နေလျှင်ဖြင့် အထိနာတတ်ပါ သည်။
မည်သို့ပင်ဖြစ်စေကာမူ Twitter သည်စီးပွားရေးသမားများအတွက် အားကိုးအားထားပြုဖွယ် Marketing Platform တစ်ခုဖြစ်နေဆဲဖြစ်သည်။ အဝန်းအဝိုင်းက သေးငယ်စေကာမူ ကျစ်ကျစ်လျစ်လျစ်ဖြစ်ကာ တစ်ဦးနှင့် တစ်ဦး ပိုမိုယုံကြည်နိုင်ပြီး မိမိရှဲလိုက် သော tweet များနှင့် Follower များ အတွက် ကောင်းမွန်သင့်တော်သော ရလဒ်များကို ပြန်လည်ရယူနိုင်ကြ သည်ဟု အသုံးပြုသူများက တစ်ညီ တစ်ညွတ် ဆိုနေကြပါသည်။
Twitter ကိုအသုံးပြုလိုပါက www.twitter.com တွင် ဝင်ရောက် ကြည့်ရှု၍ မိမိကိုယ်ပိုင်အကောင့် တစ်ခုကို အလွယ်တကူ ဖွင့်လှစ် အသုံးပြုနိုင်မည်ဖြစ်သည်။
Ref : www.twitter.com, www.facebook.com,
Wikipedia, Twitter
အသုံးပြုနည်း
ကလျာအိအိလွင်