အနန္တစကြာဝဠာ
ယခုအခါ လူသားတွေ သိမြင် နေတဲ့ လက်ရှိစကြဝဠာကြီးဟာ တသီးတခြားဂုဏ်သတ္တိတွေရှိနေတယ် လို့ ယူဆမှုထက် မကြာမီနှစ် များ အတွင်း တွေ့ရှိလာခဲ့တဲ့ အထောက် အထားတွေအရ အဲဒီစကြဝဠာနဲ့ မတူ တဲ့ရုပ်ပစ္စည်းတွေနဲ့ တည်ဆောက်ထား ပြီး ခြားနား တဲ့စွမ်းအင်နဲ့ ထိန်းချုပ် ထားတဲ့ တခြားစကြဝဠာအများ အပြားလည်းရှိနိုင်တယ်လို့ ယူဆလာ ကြပါတယ်။ အနန္တစကြာဝဠာ Multiverse လို့ခေါ်တဲ့ အလွန်ကြီးကျယ်တဲ့ လောကဓာတ်ကြီး Vast Cosmos ရှိတယ်ဆိုတဲ့ အယူအဆ ကို ရူပဗေဒပညာရှင်တွေ အကြား လက်ခံတဲ့သူတွေရှိသလို၊ လက်မခံတဲ့ သူတွေလည်းရှိပြီး ဆယ်စုနှစ်များစွာ ကတည်းက ငြင်းခုံခဲ့ကြပါတယ်။ စကြဝဠာ အများအပြား ရှိနိုင်တယ်လို့ ယူဆသူတွေက တခြားစကြဝဠာတွေ ကို ရှာဖွေလေ့လာခြင်းအားဖြင့် အမှန်တရားကို ပိုမို နားလည်သဘောပေါက် လာစေနိုင်တယ်လို့ ယူဆကြပါတယ်။
၁၉၁၅ ခုနှစ်မှာ ရူပဗေဒပညာရှင် ကြီး အိန်စတိုင်းက နှိုင်းယှဉ်မှုသီအိုရီ Theory of Relativity ကို ဖော်ထုတ် လိုက်တဲ့အခါ ရူပဗေဒနည်းပညာအရ ဂြိုဟ်တွေရဲ့ လှုပ်ရှားမှုနှုန်းကနေ ကြယ်တွေရဲ့အလင်းရောင်ပြေးနှုန်းအထိ တွက်ချက်သိရှိလာနိုင်ခဲ့ပါတယ်။ အိန်စတိုင်းဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို သိရှိဖို့ ဆယ်နှစ်အချိန်ကြာ လေ့လာခဲ့ရတယ်လို့ သိရပါတယ်။ အိန်စတိုင်းကိုယ်တိုင် ဘုရားသခင် ဟာ ဒီကမ္ဘာဂြိုဟ်ကလွဲလို့ အခြား ဖန်တီးနိုင်စရာ အခွင့်အလမ်းမရှိတော့ ဘူးလားလို့ ကျွန်ုပ်အနေနဲ့ အမှန် တကယ် စိတ်ဝင်စားမိတယ်လို့ ပြော ကြားခဲ့ဖူးပါတယ်။ ဒါဟာ သူ့အနေနဲ့ လက်ရှိလူ့ကမ္ဘာပါဝင်နေတဲ့ စကြဝဠာမျိုးဟာ တစ်ခုတည်း ပဲဖြစ်ပေါ်နိုင် သလားလို့ မေးခွန်းထုတ်ခဲ့ခြင်းဖြစ်ပါ တယ်။ အိန်စတိုင်းရဲ့ နှိုင်းယှဉ်မှုသီအို ရီပေါ်ပေါက်ပြီး မကြာမီနှစ် အနည်းငယ် အတွင်း သင်္ချာပါရဂူတွေက အာကာသဟင်းလင်းပြင် Space ဟာ မိမိကိုယ်တိုင်က ကျယ်ပြန့်ကြီးထွား လာနေသလို ကြယ်မှိန်စု လို့ခေါ်တဲ့ နဂါးငွေတန်း Galaxy တစ်ခုစီကို တခြားနဂါးငွေ့တန်းတွေနဲ့ မထိခိုက် မိအောင် ဆွဲခေါ်ပြီး သွားနေတယ်လို့ တွေ့ ရှိလာပါတယ်။ အဲဒီတွေ့ရှိချက် ကို အလွန်နက်နဲတဲ့ အာကာသဟင်း လင်းပြင်ကို လေ့လာခဲ့တဲ့ အမေရိကန် နက္ခတ္တဗေဒ ပညာရှင်ကြီး Edwin Hubble က ၁၉၂၉ ခုနှစ်မှာ ဟုတ် မှန်ကြောင်းထောက်ခံအတည်ပြုပြော ကြားခဲ့ပါတယ်။ ဒါကြောင့် သိပံ္ပပညာရှင်တွေက အာကာသဟင်းလင်းပြင် က ကျယ်ပြန့်ကြီးထွားနေတယ်ဆိုရင် ယခင်နှစ်ပေါင်းများစွာက စကြဝဠာဟာ ယခုလို မကြီးမားဘဲသေးငယ်ခဲ့ ဖို့ရှိတယ်လို့ ယူဆလာကြပါတယ်။ လက်ရှိဂြိုဟ်တွေအားလုံး၊ ကြယ်အားလုံး၊ နဂါးငွေ့တန်းအားလုံးနဲ့ အာကာသဟင်းလင်းပြင်ကိုယ်တိုင်က အစက်အပြောက်ဘဝကနေ ကြီးထွား လာပြီး စကြဝဠာတစ်ခုအဖြစ် ပေါက်ဖွားလာတယ်လို့ ယူဆခဲ့ကြပါ တယ်။ အဲဒီအယူအဆကို ကြီးမားတဲ့ သံစုံဘင်တီးဝိုင်းကြီး သီအိုရီ- Big Bang Theory လို့ ခေါ်တွင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဘင်တီးဝိုင်းကို ဘယ်စွမ်းအင်က လှုပ်ရှားတီးခတ် အောင် လုပ်နေသလဲဆိုတဲ့ အဖြေကို မသိရဘဲ ရှိခဲ့ကြပါတယ်။
၁၉၈ဝ ပြည့်နှစ်ရောက်တော့ ရူပ ဗေဒပညာရှင် Alan Guth လော ကဓာတ်လောင်စာ စွမ်းအင် Cosmic Fuel ကို ထုတ်ဖော်တွေ့ရှိခဲ့ပါတယ်။ အာကာသဟင်းလင်းပြင်ထဲမှာ မသိ မြင်နိုင်တဲ့ စွမ်းအင်တစ်မျိုးရှိပြီး တွန်း လှန်ခုခံတတ်တဲ့ သတ္တိရှိတယ် လို့ ဆိုပါတယ်။ အဲဒီစွမ်းအင်ကို အမှောင် ထုထဲက စွမ်းအင်- Dark Energy လို့ခေါ်ပြီး နဂါးငွေ့တန်းတွေ တစ်ခုနဲ့ တစ်ခုကို တွန်းဖယ်ပေးတဲ့အပြင် အာကာသဟင်းလင်းပြင်ကို ကျယ် ပြန့်ကြီးထွားလာအောင် တွန်းအားပေး နေတယ်လို့ဆိုပါတယ်။ အဲဒီ Dark Energy ရဲ့ သိပ်သည်းဆ- Density ဟာ ဒသမ သုညအလုံး ၁၂၂ ပြီး နောက် ၁၃၈ ဖြစ်လို့ အလွန်နည်းလွန်း တယ်လို့ သိရပါတယ်။ ၁၉၉ဝ ပြည့် နှစ်လောက်မှာ အမေရိကန်အာကာသ သိပံ္ပဌာန- NASA ဟာ အာကာသမိုက် ခရိုလှိုင်းလေ့လာရေး ဂြိုဟ်တု- Cosmic Microwave Background Explorer Sate Uite ကို အာကာသတွင်း ပစ်လွှတ်ခဲ့ပြီး အဲဒီအပူလှိုင်းတွေရဲ့ အခြေအနေကို လေ့လာခဲ့ပါတယ်။ ဒီလေ့လာတွေ့ရှိမှုတွေအတွက် အဖွဲ့ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ John Mather နဲ့ George Smoot တို့ဟာ နိုဘယ်လ်ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
၁၆ဝဝ ပြည့်နှစ်တွေလောက် ကတည်းက နက္ခတ္တဗေဒပညာရှင် Johannes Kepler ဟာ နေနဲ့ကမ္ဘာ ဂြိုဟ်ရဲ့ အကွာအဝေးကို မိုင်ပေါင်း ၉၃ သန်းရှိတယ်လို့ ထုတ်ဖော်တင်ပြ ခဲ့ပါတယ်။ ဒါကြောင့် အဲဒီမိုင်အကွာ အဝေးထက်ပိုပြီးနီးလာရင် အလွန်ပူတဲ့ ဒဏ်ကြောင့်လူတွေ အသက်ရှင်ဖို့မဖြစ် နိုင်တာသိရှိလာရပါတယ်။ ဒါပေမယ့် Dark Energy ရဲ့ အစွမ်းကြောင့် လူ့ကမ္ဘာနဲ့ နေရဲ့ အကွာအဝေးဟာ အပြောင်းအလဲမရှိဘဲ အသက်ရှင်နေ ထိုင်လာနိုင်ခြင်းဖြစ်ပါတယ်။ သက်ရှိ လူသားတွေဟာ အလွန်သိပ်သည်းဆ နည်းတဲ့ အမှောင်ထုစွမ်းအင်တစ်စုံ တစ်ခုတည်ရှိနေတဲ့ စကြဝဠာတစ်ခု ထဲမှာလာပြီး အသက်ရှင်နေနိုင်ကြ တယ်ဆိုရင် တခြား စကြဝဠာတွေမှာ လည်း အဲဒီအမှောင်ထုထဲက စွမ်းအင် ပမာဏနဲ့ အသက်ရှင်သူတွေ ရှိနိုင် သလားဆိုတာ မေးခွန်းထုတ်စရာဖြစ် လာပါတယ်။
အာကာသဟင်းလင်းပြင်ကြီးကျယ်ပြန့်နေတယ်ဆိုတဲ့ သီအိုရီအရ တခြားစကြဝဠာတွေလည်း အများ အပြားရှိနိုင်တယ်လို့ ယူဆလာကြပါ တယ်။ အမှောင်ထုထဲက စွမ်းအင်ရဲ့ သတ္တိပေါ်မူတည်ပြီး များပြားလှတဲ့ ဂြိုဟ်တွေဟာ ကြယ်တွေကို အလွန် ဝေးကွာတဲ့နေရာက လှည့်ပတ်နေနိုင် ပါတယ်။ အဲဒီစွမ်းအင်ကြီးမားတဲ့ စကြဝဠာတွေမှာတော့ နဂါးငွေ့တန်း တွေ မဖြစ်ပေါ်နိုင်တဲ့အတွက် ကြယ် တွေ၊ ဂြိုဟ်တွေလည်း မရှိနိုင်ဘူးလို့ ယူဆကြပါတယ်။ လောလောဆယ် တခြားစကြဝဠာတွေကို မတွေ့ရှိသေး ပေမယ့် တွေ့ရှိလာရင် အမှောင်ထုထဲ က စွမ်းအင်ရဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်လာနိုင်စရာရှိပါတယ်။
သက်ရှိသတ္တဝါတွေ နေထိုင်နေ တဲ့ မျက်မှောက်စကြဝဠာနဲ့ တခြား အိမ်နီးချင်းစကြဝဠာတွေအကြား ထိတွေ့တိုက်ခိုက်လာ မိတဲ့ အခါ ဖြစ် ပေါ်လာနိုင်တဲ့ မက်ခရိုဝေ့လှိုင်းတွေ၊ ရောင်ခြည်တွေကို အလွန်ခေတ်မီ အားကောင်းတဲ့ အဝေးကြည့် မှန် ပြောင်းကြီးတွေ- Telescopes နဲ့ အာကာသထဲလွှတ်တင်ထားတဲ့ ဂြိုဟ် တုတွေရဲ့ အကူအညီနဲ့ တွေ့ရှိလေ့လာ ခွင့်ရရှိလာနိုင် ရင် တခြားစကြဝဠာ တွေရဲ့ အကြောင်းကိုပိုပြီး သိရှိလာနိုင် စရာ အကြောင်းရှိပါတယ်။
စကြဝဠာအများအပြားရှိတယ် ဆိုတဲ့ အယူအဆမှန်ကန်ကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ ဖော်ထုတ်ဖို့လိုနေ ပါသေး တယ်။ ဒါပေမယ့် အလွန်ကျယ်ဝန်းနက်နဲလှတဲ့ အာကာသဟင်းလင်းပြင်ကြီးအတွင်း မသိရှိသေးတဲ့အကြောင်းအရာတွေကို သုတေ သနပြုဖို့ ခရီးလမ်းကြောင်းကြီး မှာ နောက်တစ်ဆင့်တက်လာခြင်းပဲ ဖြစ်ပါတယ်။ တချို့သိပံ္ပပညာရှင်တွေ အတွက်တော့ အဲဒီလို စွန့်စားပြီး လေ့လာစူးစမ်းဖော်ထုတ်ရတာဟာ တန်တယ်၊ ဂုဏ်ယူစရာကောင်း တယ်လို့ ယူဆထားကြကြောင်းပါ ခင်ဗျား။
Ref : "The Mystery of teh Multiverse" (Newsweek).
မောင်ပုဆိုးကြမ်း