2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၁၄ ကြိမ်မြောက် အင်္ဂလိပ်ဘာသာ သင်ကြားရေး နှီးနှောဖလှယ်ပွဲတွင် ဦးဆောင်ဆွေးနွေးမည့် မြန်မာနိုင်ငံသား အင်္ဂလိပ် ဘာသာ သင်ကြားရေး ပညာရှင်များအား ဖိတ်ခေါ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
Google အကြောင်း လူသိမများသေးသော အချက်(၁၀)ချက်

အမေရိကန်ပြည်ထောင်စု၊ စတန်းဖို့တက္ကသိုလ်မှ Ph.D ကျောင်း သားများဖြစ်သော လယ်ရီပေ့ခ်ျ (Larry Page) နှင့် ဆာဂျီဘရင်(Sergey Brin)တို့မှာ ယခုဆိုလျှင် ကမ္ဘာကျော် ဘီလျံနာများဖြစ်နေကြ ပြီဖြစ်သည်။ ယင်းတို့က Google ဆိုသော အင်တာနက်ကုမ္ပဏီကြီးကို ဘဝနှင့်လောင်းကြေးထပ်ကာ ဖန်တီး ခဲ့သူများဖြစ်ပြီး ယခုအခါ Google သည် အင်တာနက်အသုံးပြု သူများ၏ နေ့စဉ်အွန်လိုင်းဘဝအတွက် မရှိမဖြစ် အရာတစ်ခု ဖြစ်နေပြီဖြစ်သည်။
    သို့ရာတွင် Google နှင့် ပတ် သက်၍ အောက်ပါအချက် (၁ဝ)ချက်မှာ Google ကို နေ့စဉ်နှင့် အမျှ အသုံးပြုနေသူများအကြား လူသိ မများသေးသော အချက်များ ဖြစ် သည်။ ပေါ့ပေါ့ပါးပါးနှင့် စိတ်ဝင် စားဖွယ်ကောင်းသော အချက်များ လည်း ဖြစ်ကြသည်။
(၁) Google ၏ Doodle များ သို့မဟုတ် အမှတ်တရရုပ်ပုံများ။
    Doodles ဟုခေါ် သော Google ၏ပထမဆုံး နာမည်ကျော် အွန်လိုင်းစာမျက်နှာသည် ပွဲတော်၊ နေ့ထူးနေ့မြတ်၊ အမှတ် တရဖြစ်ရပ် စသည့် ဖြစ်စဉ်အမျိုးမျိုးပေါ် Google က ဒီဇိုင်းရေးဆွဲ၍ Google ပရိသတ် များအတွက် အမှတ်တရ တင်ပေး သော စာမျက်နှာ ဖြစ်သည်။
    အထက်ပါပုံမှာ ဂျပန်နိုင်ငံ အမျိုးသမီးများနေ့ အမှတ်တရ Google လိုဂိုဖြစ်သည်။
    ယင်းလိုဂိုများထဲမှ ပထမဆုံး လိုဂိုကို Google ဝန်ထမ်းများ Burning Man  ပွဲတော်သွားကာ ရုံးမလာသော စနေ၊ တနင်္ဂနွေ အား လပ်ရက် အမှတ်တရ ရေးဆွဲခဲ့ခြင်းဖြစ် သည်။ ဦးစွာရေးဆွဲသော လိုဂိုဒီဇိုင်းမှာ ယင်းလိုဂိုကို သုံးစွဲသူများက မြင်တွေ့ ရခြင်းအားဖြင့် ''ထိုနေ့သည် Google ရုံးသူရုံးသားများ၏ အား လပ်ရက်ဖြစ်ပါသည်၊ သို့ဖြစ်၍ ထိုနေ့တွင် သုံးစွဲသူများတွေ့ကြုံရ နိုင်သည့် နည်းပညာအခက်အခဲ များကို ရုံးသူရုံးသားများ မဖြေရှင်း ပေးနိုင်သေးပါ'' ဟူသော အဓိပ္ပာယ် ကို သိရှိနိုင်စေမည် ဖြစ်သည်။
(၂) Google ၏ အစပထမ Online Storage ပမာဏ။
    ဂူဂယ်က ပေးသော ဝန်ဆောင်မှု များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော အွန်လိုင်းတွင် ဒေတာသိမ်းဆည်း ထိန်းသိမ်းထားမှု ပမာဏနှင့် ပတ် သက်၍ ဆိုရလျှင် ထိုအချိန်က ဂူဂယ်၏  Online Storage  ပမာဏမှာ အလွန်သေးငယ်ပြီး Google ၏ ပထမဆုံး Storage ကို LEGO ဟု ခေါ်သည့် Receiver စက်ဖြင့် စတင်တည်ထောင်ခဲ့ရသည်။ အမြင့် ဆုံး ဒေတာသိုလှောင်နိုင်သော ပမာဏ မှာ 4GB သာ ရှိသေးသည်။  ယခုမူ 5 GB မှ စတင်၍ အခမဲ့အသုံး ပြုနိုင် မည်ဖြစ်ကာ စိတ်ကြိုက်ထပ်တိုး၍ လည်းအသုံးပြုနိုင် ဦးမည် ဖြစ်ပါသည်။
(၃) Google ၏ ပထမဆုံး အချစ်တော်ခွေး။
    Google ကုမ္ပဏီ၏ ပထမဆုံး အိမ်မွေးခွေးမှာ Yoshka ဟု ခေါ်သော Leoberger’s Breed မျိုးနွယ် ခွေးလေး ဖြစ်သည်။ ယင်းခွေးလေးကို ၁၉၉၉ ခုနှစ်တွင် စတင်မွေးခဲ့ခြင်းဖြစ် သည်။ ထို့ ကြောင့်ပင် Google သည် ခွေးများနှင့် ရင်းနှီးကျွမ်းဝင်သော ကုမ္ပဏီဖြစ်သည်၊ သို့သော် ကြောင် များနှင့်မူ ပြဿနာအနည်းငယ်ရှိ သည်ဟု အချို့က စနောက် ပြော
စမှတ်ပြုလာ ကြခြင်း ဖြစ်သည်။
(၄) Google Server  များ အကြောင်း
    Google ၏ Server များ အကြောင်းကို Google မိသားစု သည် အမြဲတမ်း လျှို့ဝှက်ထိန်းသိမ်းထား ခဲ့သည်။ ဒေတာစင်တာများ အ ကြောင်းနှင့် ဆာဗာများ အကြောင်း မှာ ယင်းတို့အတွက် အမြဲတမ်း လျှို့ဝှက်ချက်ကဲ့သို့ဖြစ်ခဲ့ သော်လည်း မကြာသေး မီကပင် Google ဝန်ထမ်း တစ်ဦးက ယင်းတို့ ကုမ္ပဏီတွင် ဆာဗာပေါင်း ၁ဝ သန်း ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
(၅) Google ကုမ္ပဏီ၏ စွမ်းအင် သုံးစွဲမှု။
    Google သည် ၁.၆ မီဂါဝပ် ရှိသော ဆိုလာပြားများကို Google-plex ဟုခေါ်သည့် ယင်း၏ ရုံးချုပ် ခေါင်မိုးများပေါ်တွင် တပ်ဆင် ထားသည်။ အဆိုပါ ဆိုလာပြားများ သည် နေ့စဉ်တစ်နာရီလျှင် ၄၄၇၅ ကီလိုဝပ် လည်ပတ်လျက်ရှိပြီး ယင်းပမာဏမှာ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ အိမ်ထောင်စုပေါင်း တစ်ထောင် လျှပ်စစ်သုံးစွဲသည့် ပမာဏနှင့် ညီမျှသည်ဟု ဆိုသည်။
(၆) Google ၏ပထမဆုံး Twitter Tweet.
    Google က Twitter တွင် ပထမဆုံးတင်သော မက်ဆေ့ခ်ျ (Tweet) မှာ“I’m 01100110 01100101 01100101 01101100 01101001 01101110 01100111 00100000 01101100 01110101 01100011 01101011 01111001 00001010"  ဖြစ်သည်။ အဓိပ္ပာယ်မှာ ငါကံကောင်းနေတယ် “I’m feeling lucky” ဟူ၍ဖြစ်သည်။ အဆိုပါ စကားလုံးများမှာ စက်ရုပ်များနှင့် စက် ပစ္စည်းများ မှတ်မိစေရန် တီထွင် ထားသော Binary Code  များဖြင့် ရေးသား ထားခြင်းဖြစ်ပြီး ယင်းစာ သား ''I'm feeling lucky'' ကို Google ၏လက်ရှိ Homepage စာ မျက်နှာတွင်လည်း တွေ့မြင်နိုင်ပါသည်။
(၇) Google ၏စကားလုံး အသစ်အဆန်းများ။
    Google သည် အင်္ဂလိပ် ဘာသာ စကားတွင် အသစ်အဆန်း စကားလုံးများဖြစ်သော Google, Googling, Doodle  စသည့် အသုံး အနှုန်းသစ်များကို ဖြစ်ပေါ်လာအောင် တီထွင်သုံးနှုန်းခဲ့ပြီး Google ကုမ္ပဏီ အတွင်း၌လည်း စကားလုံး အသုံး အနှုန်းဆန်းများကို သုံးတတ်ရာ Google ဝန်ထမ်းများကို Googler ဟု ခေါ်တွင်၍ ဝန်ထမ်းအသစ်များကို Noogler ဟု ခေါ်သည်ဟု ဆိုသည်။ အဆိုပါ Google ဝန်ထမ်းအသစ် (Noogler) များသည် အလုပ်စဆင်း သောနေ့တွင် ပြုံးနေသော အဝါရောင် ဘောလုံးတစ်လုံးနှင့် နာမည် ရင်ထိုး ပြားတစ်ခု ရရှိသည်ဟုလည်း သိရ သည်။
(၈) Google ဝန်ထမ်းများအတွက် ပထမဆုံးမုန့်။
    ၁၉၉၉ ခုနှစ်တွင် ဆွီဒင် ငါး Swedish Fish ဆိုသည့် သကြား လုံးတစ်မျိုးမှာ Google ကုမ္ပဏီ ဝန်ထမ်းများကို ကျွေးသော ပထမဆုံး အဆာပြေစားစရာမုန့် ဖြစ်လာသည်။ ကုမ္ပဏီက ယင်း၏ ဝန်ထမ်းများကို အချိုရည်နှင့် မုန့်များကျွေးကာ နွေရာ သီအတော အတွင်းတွင် နေ့လယ် စာမှန်သမျှကို အသားကင်ဖြင့် ပုံမှန် ကျွေးမွေးခဲ့သည်။
(၉) Google Logo  ဒီဇိုင်း။
    ယနေ့ အသုံးပြုသူများကြား တွင် မြင်တွေ့လိုက်သည်နှင့် ဂူဂယ်ကို မှတ်မိသိရှိစေသော နာမည်ကျော် Google Logo  ဒီဇိုင်းကို ၂ဝဝ၁ ခုနှစ်တိုင်အောင် အတိအကျ မဖန်တီး ရသေးဘဲ နောက်ပိုင်းတွင်မှ ရေးဆွဲခဲ့ ကာ Homepage ဘယ်ဘက်ခြမ်း တွင် တင်ပေးခဲ့ခြင်း ဖြစ်သည်။
(၁ဝ) Google ရုံးချုပ်မှ အံ့သြစရာ တစ်ခု။
    Google ကုမ္ပဏီရုံးချုပ် ဖြစ် သော Googleplex တွင် ထူးဆန်း အံ့သြဖွယ်ရာများ များစွာရှိသည့် အနက် တစ်ခုအပါအဝင်မှာ ရုံးချုပ် တွင် ဒိုင်နိုဆောသတ္တဝါ တစ်ကောင် ၏ အရိုးစုအစစ်တစ်ခုရှိနေသည့် အချက်ဖြစ်သည်။ အရိုးစုသည် ဒိုင်နိုဆောအရိုးစစ်စစ် ဖြစ်သည့်အပြင် အဆိုပါ အရိုးစုကို စတန် Stan ဟုလည်း ချစ်စနိုး အမည်ပေးထား သေးသည်။
    ယင်းတို့မှာ ယနေ့ အင်တာနက် အသုံးပြုများအတွက် မသုံးမဖြစ် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော www.google.com ကို ဖန်တီး လည် ပတ်နေသော Google ကုမ္ပဏီ၏ နောက်ကွယ်မှ လူသိမများသေးသော အချက်များ ဖြစ်သည်။
Ref: www.google.com

ကလျာအိအိလွင်
 
Untitled Document
Aung Aung said...
Thursday 6 September 2012, 10:28 am
Worth reading. I just shared it at http://www.shwehub.com/ so that more people will know. Thanks!
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.