ထိပ်ပြောင်မှုကိုအန်တုခြင်း
ခါင်းပေါ်က ဆံပင်တွေ ကျွတ်ပြီး ပြောင်လာရင် ကောင်းတဲ့ လက်္ခဏာတော့ မဟုတ်ဘူး။ ထိပ် ပြောင်ခြင်း- Bolding ဟာ အ သက် အရွယ် ကြီးရင့်လာမှုဖြစ်စဉ် ရဲ့ မြင်သာတဲ့ ခန်္ဓာကိုယ်အစိတ် အပိုင်းတစ်ခု ဖြစ်ပါတယ်။ တချို့ လူတွေအဖို့ နောက်ဆုံးခရီး (သေ ခြင်း) ရဲ့ အစလက္ခဏာ- The Beginning of the End ပဲ ဖြစ်နိုင် ပါတယ်။ အမေရိကန်နိုင်ငံတစ်နိုင် ငံတည်းမှာ ndrogenic Alopecia လို့ခေါ်တဲ့ ထိပ်ပြောင်တဲ့ ယောက်ျားပေါင်းဟာ ၃၃ သန်း လောက် ရှိတယ်လို့ သိရပါတယ်။ နှစ်စဉ် နှစ်တိုင်း ကမ်္ဘာပေါ် မှာရှိတဲ့ ထိပ်ပြောင်သူ ယောက်ျားနဲ့ မိန်းမ ပေါင်း သန်း ၈၀ ဟာ စားဆေး၊ လိမ်းဆေးနဲ့ ဆံပင်တုတွေအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ လောက် ၀ယ်ယူသုံးစွဲနေကြတယ် လို့ ဆိုပါတယ်။ ဒီလို ထိပ်ပြောင် တာကို ကာကွယ်ဖို့ ကြိုးစားနေကြ ပေမယ့် တကယ်တမ်း ထိရောက် တဲ့ ဆေးတော့ မယ်မယ်ရရ မပေါ် ပေါက်သေးပါဘူး။ အသင့်အတင့် ကောင်းတဲ့ဆေးတွေနဲ့ ကုထုံးတွေ ပဲ ပေါ်သေးပါတယ်။ ထိပ်ပြောင်တာ ဟာ ရောဂါတစ်ခုခုကြောင့် ဖြစ် ပေါ်လာတာ မဟုတ်လို့ တော်ပါ သေးတယ်။ တကယ်တော့ ထိပ် ပြောင်တာဟာ အသက်အရွယ် ကြီးရင့်လာမှုရဲ့ ရလဒ်တစ်ခုပါပဲ။
လူတွေရဲ့ ဦးခေါင်းခွံဟာ ဆံချည်မျှင်ပေါင်း တစ်သိန်းလောက် နဲ့ ဖုံးအုပ်ထားပါတယ်။ အဲဒီဆံပင် တွေဟာ အစဉ်သဖြင့် ကြီးထွားနေ လိုက်၊ တစ်ခါတစ်ရံ သေသွားလိုက် နဲ့ သံသရာလည်နေပါတယ်။ ပုံမှန် အားဖြင့် ဦးရေခွံမှာ တစ်နေ့ကို ဆံ ပင် ၁၀၀ လောက် အသစ်ပြန် ထွက်နေပါတယ်။ ဒါပေမယ့် လူမှာ ရှိတဲ့ လိင်နဲ့ဆိုင်တဲ့ ဟိုမုန်းတစ်မျိုး ဖြစ်တဲ့ Teststrone ကြောင့် ပုံမှန် ဆံပင်ပေါက်မှုနဲ့ သေမှုနှုန်းကို က မောက်ကမဖြစ်စေပြီး တစ်ခါတစ် ရံ အဲဒီနှုန်းကို လျင်မြန်စေပါတယ်။ Teststrone ဟိုမုန်းဟာ Dihydro-testosteron (DHT) အနေနဲ့ လူ့ ကိုယ်ခန္ဓာပေါ်မှာ အမွေးအမျှင် ပေါက်ရောက်မှုကို အထောက်အ ကူ ပြုပါတယ်။ ဒါပေမယ့် တချို့လူ တွေမှာ ပါရှိလာတဲ့ Gens တွေကြောင့် အဲဒီဟိုမုန်းတွေဟာ ဦးရေခွံက ဆံပင်တွေကို တဖြည်းဖြည်း ခြောက် ခန်း လာစေပြီး ထိပ်ပြောင် စေပါတယ်။
တချို့လူတွေက သူတို့ ရဲ့ ဦးရေခွံကို ခွဲစိတ်ပြီး ဆံပင်တွေ ပြောင်းရွှေ့စိုက်- Transplant ကြ ပါတယ်။ တချို့ကတော့ ဆံပင်တုတွေ Wigs and Toupees ကို တပ် ဆင်ကြပါတယ်။ လောလောဆယ် ဆံပင်ပေါက်ဆေးအနေနဲ့ အမေရိ ကန် အစား အစာနဲ့ ဆေးဝါးကြီး ကြပ်ရေးအဖွဲ့က သုံးစွဲခွင့်ပြုထား တဲ့ ဆေးနှစ်မျိုးပဲ ရှိပါတယ်။ အဲဒီ ဆေးတွေကတော့ Rgaine လို့ နာ မည်ပေး ထားတဲ့ Minoxidid လိမ်း ဆေးနဲ့ Propecia လို့ နာမည်ပေး ထားတဲ့ Fanasteride စားဆေး တွေပဲ ဖြစ်ပါတယ်။ သိသိသာသာ ထိရောက်မှုတော့ မရှိဘူး။ ဒါပေ မယ့် ဈေးတော့ သိပ်ကြီးပါတယ်။
Rogaine လိမ်းဆေး ရည်ကို ယောက်ျားရော မိန်းမပါ လိမ်းနိုင်ပါတယ်။ တစ်နှစ်စာဆိုရင် အမေရိကန်ဒေါ်လာ ၂၀၀ လောက် ကျပါတယ်။ အမှန်တော့ ဒီဆေး ဟာ ရှင်သန်နေတဲ့ ဆံပင်တွေအ တွက် ပိုပြီး အသုံးတည့်ပါတယ်။ မှန်မှန်လိမ်းပေးရင် ဆံပင်ရဲ့ ကြီး ထွားမှု ကြာရှည်အောင် ဆောင် ရွက်ပေးပါတယ်။ ထိပ်ပြောင်သူ တွေထက် ဆံပင်ကျွတ်သူတွေအ တွက် ပိုပြီး ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။
Propecia စားဆေးက တော့ ထိပ်ပြောင်တာကို ကာကွယ် နိုင်တဲ့ဆေးလို့ တချို့က ဆိုပါ တယ်။ အဲဒီစားဆေးကို အသုံးပြု သူ ၅၀% ကတော့ တိုးတက်မှုရှိ တယ်လို့ ပြောကြပါတယ်။ Propecia ကို ယောက်ျားတွေသာ အသုံးပြုခွင့်ပေးထားပြီး တစ်နှစ်စာ ဆိုရင် အမေရိကန်ဒေါ်လာ ၇၂၀ လောက် ကုန်ကျပါတယ်။ လုံးဝ ထိပ်ပြောင်နေသူတွေ သုံးရင်တော့ ဘာမျှ အကျိုးသက်ရောက်မှု မရှိ ဘူးလို့ သိရပါတယ်။ တချို့က တော့ အဲဒီစားဆေး၊ လိမ်းဆေး နှစ် မျိုးစလုံးကို အသုံးပြုတယ်လို့ သိရ ပါတယ်။ (ဒီဆေးတွေအကြောင်း အသေးစိတ်သိလိုရင် North Ame-rican Hair Research Society ရဲ့ ၀က်ဘ်ဆိုက်ဖြစ်တဲ့ Nahrs.org မှာ ကြည့်နိုင်ပါတယ်။)
ယခုအခါ ခွဲစိတ်ဆရာ ၀န်ကြီးတွေဟာ ဆံပင်ရှိတဲ့ နေရာ ကနေ ပြောင်တဲ့နေရာကို ခွဲစိတ်ပြီး ဆံပင်တွေ ရွှေ့ပြောင်းစိုက်ပေးနိုင် တယ်လို့ သိရပါတယ်။ ဥပမာ- ဦး ခေါင်းရဲ့ နောက်ပိုင်းမှာ ပေါက်နေ တဲ့ ဆံပင်တွေကို ပြောင်နေတဲ့ ထိပ် ပိုင်းကို ပြောင်းရွှေ့ စိုက်နိုင်ပါတယ်။ မေ့ဆေးပေးပြီး ခွဲစိတ်ရပါတယ်။ ကုန်ကျစရိတ်ကတော့ အမေရိကန် ဒေါ်လာ ၆၀၀၀ လောက် ရှိပါ တယ်။
အလွန်ထိပ်ပြောင်နေသူ တွေအဖို့တော့ ပြောင်းစိုက်ဖို့ ဆံ ပင်တွေ လုံလောက်နိုင်မှာ မဟုတ် ပါဘူး။ တချို့ဆေးပညာရှင်တွေက ပုံတူမျိုးပွားနည်း- Cloning နဲ့ ဆံ ပင်တွေ ပေါက်လာအောင် သုတေ သနပြုလျက် ရှိပါတယ်။ လာမယ့် နှစ် အနည်းငယ်အတွင်း ဆံပင် တွေကို ပုံတူမျိုးပွားနည်းနဲ့ ပေါက် အောင် ဆောင်ရွက်လာနိုင်ဖွယ်ရာ ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
ကိုလံဘီယာတက်္ကသိုလ် မှ မျိုးရိုးဗီဇပညာရှင်- Angela Christiano က “ယောက်ျားတွေမှာ ထိပ်ပြောင်ခြင်းဟာ ရှုပ်ထွေးတဲ့ မျိုးဗီဇ- Complex Trait ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ တစ် နေ့ကျရင် ဆရာဝန်တွေဟာ ဆံ ပင်တွေ ပျက်စီးအောင်လုပ်တဲ့ မျိုး ရိုးဗီဇ-Gene တွေကို ချုပ်ကိုင်လာ နိုင်စရာ ရှိတယ်လို့ ဆိုပါတယ်။ ဆံပင်တွေ ပျက်စီးအောင်လုပ်တဲ့ Gene ဟာ တစ်ခု ထက်မကရှိနေပါတယ်။ လောလောဆယ် မျိုးရိုးဗီဇပညာရှင်- Christiano က ထိပ် ပြောင်စေတဲ့ Gene သုံးမျိုးကို တွေ့ ရှိထားတယ် လို့ သိရပါတယ်။
အမေရိကန်နိုင်ငံတစ်နိုင် ငံတည်းမှာပဲ ခေါင်းပေါ်မှာ ပေါက် နေတဲ့ ဆံပင်နဲ့ တွဲချိတ်ပြီး အသုံး ပြုရတဲ့ ယာယီဆံပင်တုတွေကို အ သုံးပြုသူတွေဟာ တစ်နှစ်ကို အမေ ရိကန်ဒေါ်လာ သန်း ၆၀၀ လောက် အကုန်အကျခံပြီး သုံးစွဲနေကြတယ် လို့ သိရပါတယ်။ အဲဒီဆံပင်တု တွေကို ၃ ပတ်ကနေ ၆ ပတ်အ တွင်း မူလဆံပင်တွေ ရှည်လာရင် ပြန်ပြီးညှိပေးရတယ်လို့ဆိုပါတယ်။
ဆေးပညာအရ ထိပ် ပြောင်နေတာကို ကုသလို့ မရ သေးပါဘူး။ ထိပ်ပြောင်လို့ စိတ် ပျက်နေသူတစ်ဦးဟာ မိမိရုပ်ပုံကို မှန်ထဲကြည့်ပြီး ကမ္ဘာကျော်အမေရိကန် ဘတ်စကက်ဘောသမား- Michael Jordan တစ်ယောက် ထိပ်မပြောင်ဘဲ ဆံပင် အပြည့်နဲ့ဆို ရင် ယခုလို ကမ်္ဘာကျော်ချင်မှကျော် မယ်လို့ ဆင်ခြင်ပြီး စိတ်ဖြေသင့် ကြောင်းပါခင်ဗျား။
Ref : Nahrs.org.com.
မောင်ပုဆိုးကြမ်း